နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က ဝေါ့ဇ် (Waltz) ကို ကုလသမဂ္ဂ သံတမန်အဖြစ် ခန့်အပ်ပြီး ရူဘီရိုကို ယာယီ အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် ကြေညာ

မေလ (၂) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မိုက်ခ်ဝေါ့ဇ်ကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရာထူးမှ ရွှေ့ဆိုင်းလိုက်ကြောင်း ယနေ့ မေလ (၂) ရက်နေ့တွင် ကြေညာခဲ့ပြီး သူ့အား ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်သည်။

မာကိုရူဘီယိုသည် ယခုအခါ နိုင်ငံခြားရေးဝန်ကြီးနှင့် ယာယီ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တာဝန်နှစ်ခုကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

“မိုက်ခ်ဝေါ့ဇ်က ကျွန်တော်တို့ရဲ့အမျိုးသားအကျိုးစီးပွားကို ဦးစားပေးပြီး ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပါတယ်။ သူရဲ့ အခန်းကဏ္ဍအသစ်မှာလည်း အလားတူ လုပ်ဆောင်နိုင်မယ် ဆိုတာကို ကျွန်တော် သိပါတယ်” ” နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သူ့ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို ဆက်လက်လုပ်ဆောင်နေစဉ် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ယာယီတာဝန်ထမ်းဆောင်မှာ ဖြစ်တယ်” ဟု ထရန့်က Truth Social တွင် ရေးသားခဲ့သည်။

ဝေ့ါဇ်သည် လာမည့်ရက်များအတွင်း အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရာထူးမှ နုတ်ထွက်ဖွယ်ရှိကြောင်း CNN သတင်းဌာနက ယနေ့အစောပိုင်းတွင် သတင်းရင်းမြစ်များ အရသိခဲ့ရပြီး၊ ဇန်နဝါရီတွင် သမ္မတ တာဝန်ယူပြီးနောက် ပထမဆုံးသော အဓိကဝန်ထမ်းများအကြား ပြောင်းလဲလှုပ်ခတ်မှုဖြစ်လာခဲ့သည်။

NSC ကို ဦးဆောင်သည့်အချိန် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ယခုသီတင်းပတ်အစောပိုင်းက သူ့ကို ရှင်းလင်းပြောကြားပြီးနောက် ဝေ့ါဇ်၏အလုပ်မှာ လစ်လပ်သွားခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဝေ့ါဇ် သည် အလွန်အကဲဆတ်သော စစ်ရေးတိုက်ခိုက်မှုများအကြောင်း သတင်းပို့သည့် Signal အက်ပ်အဖွဲ့ချတ်တွင် သတင်းထောက်တစ်ဦးကို အမှတ်မထင် ထည့်သွင်းပြီးနောက် အနောက်ဖက်ဆောင်တွင် သူ၏သြဇာလွှမ်းမိုးမှုအများစုကို ဆုံးရှုံးခဲ့ရပြီးနောက် သူ့အခြေအနေသည် မသေမချာ ဖြစ်နေခဲ့ရသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး အဲလက်စ်ဝေါင်းနှင့် အခြားအမျိုးသား လုံခြုံရေးအကြံပေးများသည်လည်း အချိန်အတိအကျမသိရသေးသော်လည်း ပြောဆိုမှုများနှင့် ရင်းနှီးသော သတင်းရင်းမြစ်များစွာများအရအလုပ်မှ ထုတ်ခံရမည်ဟု မျှော်လင့်ရသည်။

ထရမ့်၏အုပ်ချုပ်ရေးတွင် လစ်လပ်နေရာတစ်ခုတွင် ရူဘီယိုအား ရုတ်တရက် ဝင်ရောက် လုပ်ကိုင်စေခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ဖေဖော်ဝါရီလတွင် ထရန့်သည် အမျိုးသားမော်ကွန်းတိုက်မှူး ကောလင်း ရှိုဂင် (National Archivist Colleen Shogan) ကို ရာထူးမှဖယ်ရှားခဲ့ပြီးနောက်ပိုင်း ရူဘီယိုကို ခေါ်ယူ၍ ကိုင်တွယ်စေခဲ့သည်။

ထိုလတွင်ပင် ထရန့်သည် ရူဘီယိုကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) အတွက် ခေတ္တစီမံခန့်ခွဲသူအဖြစ် ခန့်ထားခဲ့သည်။ ရူဘီယိုသည် အစိုးရ၏ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အသုံးစရိတ် လျှော့ချရန်နှင့် ပိတ်သိမ်းရန် ဆောင်ရွက်ရသည်။

ဟင်နရီကစ်ဆင်းဂျားသည် ယခင်သမ္မတ ရစ်ချက်နစ်ဆင် လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တာဝန်နှစ်ခုကိုပူးတွဲ ထမ်းဆောင်ခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက