နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်-အမေရိကန် ပြဿနာကြား တရုတ်က ဂျပန်နိုင်ငံကို ချဉ်းကပ်လာ

ဇွန်လ (၂) ရက်။

မေလ ၃၁ ရက်နေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က စင်္ကာပူမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ထိပ်သီးအစည်းအဝေးမှာ တရုတ်က ထိုင်ဝမ်ကို လက်နက်နဲ့ အကြမ်းဖက် ပေါင်းစည်းရေးလုပ်မယ်ဆိုရင် “အကုန်ပျက်စီးသွားမယ့်ရလဒ် ရလာနိုင်တယ်” လို့ သတိပေးခဲ့ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ကြီးမားကျယ်ပြန့်တဲ့ ခြိမ်းခြောက်မှုဟာ နီးလာနေပြီလို့ ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က အလေးပေးပြောကြားပြီးနောက် အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အဲ့ဒီလို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာရှမဟာမိတ်တွေရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ကျိုးကြောင်း ဆီလျော်မှုမရှိဘူးလို့လည်း သူက စောဒကတက်ခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က “အာရှမှာ တရုတ်ဟာ စူပါပါဝါနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းနေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သူတို့ဟာ စစ်အင်အားသုံးဖို့ သေချာပေါက် ပြင်ဆင်နေပါတယ်။” လို့ ပြောခဲ့ပါတယ်။

အာရှနိုင်ငံတွေစုဝေးရာ လုံခြုံရေးညီလာခံမှာ တရုတ်နိုင်ငံကို အမေရိကန်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့တာပါ။ ထိုင်ဝမ်ကို ကျူးကျော်ဖို့ နီးကပ်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က သတိပေးခဲ့ပါတယ်။

ဟက်ဆက်က တရုတ်နိုင်ငံရဲ့အမည်ကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

ထိုင်ဝမ်ကို ကျူးကျော်ရန်စတော့မယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။

“(အမေရိကန်) တရုတ်ခြိမ်းခြောက်မှုသီအိုရီကို ချဲ့ကားပြောဆိုနေတဲ့ ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အမေရိကန်သာ အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အကြီးမားဆုံးအကြောင်းရင်း ဖြစ်ပါတယ်။” တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်က တရုတ်နိုင်ငံအပေါ် သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအချက်နဲ့ ဆက်နွယ်နေပြီး တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံအပေါ် ရေထွက်ကုန်များဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာတွေ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံကို ကွဲပြားခြားနားတဲ့ ချဉ်းကပ်မှုကို ပြသခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြားမှာ အခြား ပဋိပက္ခတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်နဲ့ တရုတ်တို့ဟာ အပြန်အလှန် စည်းကြပ်ခွန် ၁၁၅ ရာခိုင်နှုန်း လျှော့ချဖို့ သဘောတူညီခဲ့ကြပေမယ့် သမ္မတထရန့်က တရုတ်အပေါ် သူ့ရဲ့ဒေါသကို ထုတ်ဖော်ခဲ့ပါတယ်။

မေလ ၃၀ ရက်နေ့က “တရုတ်က အမေရိကန်နဲ့ သဘောတူညီချက်ကို လုံးလုံးလျားလျား ချိုးဖောက်ခဲ့တယ်” လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။

ဒေါသဖြစ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး တင်းမာနေဆဲဖြစ်ပါတယ်။

တရုတ်က ဂျပန်ကို ချဉ်းကပ်ပြီး အရင်ကန့်သတ်ထားတဲ့ ဂျပန်နိုင်ငံက ပင်လယ်စာ တင်ပို့မှု ပြန်စဖို့ ရှေ့တိုးလုပ်ဆောင်လာပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံက ဂျပန်နိုင်ငံအပေါ် သူ့ရဲ့ သဘောထား အပြောင်းအလဲကို ပြသနေပါတယ်။

ကက်ဘိနက်အတွင်းဝန်ချုပ် ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟာရာရှိ ယိုရှိမာဆာ (Yoshimasa Hayashi) က ပြီးခဲ့သောလ ၂၉ ရက်နေ့က “ကျွန်ုပ်တို့၏ သီးသန့်စီးပွားရေးဇုန်မှာ တရုတ်တွေ ချထားတဲ့နေရာသတ်မှတ်တဲ့ အစိတ်အပိုင်းတွေ မရှိတော့ကြောင်း အတည်ပြုခဲ့ပါတယ်။”

မနှစ်က ဒီဇင်ဘာလက ယိုနာဂူနိ (Yonaguni) ကျွန်းအနီးမှာ တရုတ်နိုင်ငံက သီးသန့်စီးပွားရေးဇုန်မှာ လာချထားတဲ့ ကမ်းလွန်ရေကြောင်းအစိတ်အပိုင်းကို ပြီးခဲ့တဲ့လကုန်မှာ ရုတ်တရက် ဖယ်ရှားခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးမှာ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။

မေလ ၃၀ ရက်နေ့က “(တရုတ်နိုင်ငံကို) ပင်လယ်စာ တင်ပို့မှု ပြန်လည်စတင်ဖို့ လိုအပ်တဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ တရုတ်နှစ်နိုင်ငံစလုံး သဘောတူညီမှု ရရှိခဲ့ပါတယ်” လို့ ကက်ဘိနက်အတွင်းဝန်ချုပ် ဟာရာရှိက ကြေညာခဲ့ပါတယ်။

ဖူကူးရှီမာ ဓာတ်ပေါင်းဖိုက သန့်စင်ထားတဲ့ ရေတွေကို ပင်လယ်ထဲကို လွှတ်ခြင်းကြောင့် တရုတ်နိုင်ငံကို ပင်လယ်စာ တင်ပို့မှု ရပ်တန့်သွားခဲ့တာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။ မကြာမီ ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အများဆုံးတင်ပို့တဲ့ ပင်လယ်စာထွက်ကုန်က ဂုံးကောင်တွေက ဖြစ်ပါတယ်။ အဲ့ဒီအနက် ထက်ဝက်ကျော်ကို တရုတ်နိုင်ငံကို တင်ပို့လျက်ရှိပါတယ်။

ဟိုကိုင်းဒိုးရှိ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ မျှော်လင့်ချက်တွေ မြင့်တက်လာပါတယ်။

“တစ်ချိန်က ပိတ်ထားတဲ့ အရောင်းလိုင်းက ပြန်ဝင်လာရင်၊ အဲဒါက ကျွန်တော်တို့အတွက် အရောင်းလမ်းကြောင်းတွေ ပိုများလာမယ်။ တရုတ်ကို တင်ပို့မှုတွေ ပြန်စနိုင်မယ်လို့ တရုတ်ကုမ္ပဏီတွေကို ကျွန်တော်တို့က ပြောတော့ သူတို့က စောင့်နေမယ်လို့ ပြန်ပြောခဲ့ပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်နဲ့ တရုတ်ကြား ပဋိပက္ခ ဖြေလျှော့ရေး သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။ တရုတ်က အမေရိကန်နဲ့ ပဋိပက္ခ ရှည်လျားမယ်လို့ မျှော်လင့်ထားပုံရပြီး ဂျပန်နဲ့ ပိုမိုနီးကပ်လာစေဖို့ မျှော်လင့်နေပုံရပါတယ်။

ဂျပန်ဝန်ကြီးချုပ်အီရှီဘာရဲ့ လက်ထောက်က “ပိုဆိုးလာတဲ့ တရုတ်စီးပွားရေးက အဓိက အကြောင်းရင်းတစ်ခုပါ။ သူတို့က ဂျပန်ဆီက ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ချင်နေတာ ဖြစ်နိုင်တယ်။” လို့ ပြောပါတယ်။

တရုတ်နိုင်ငံက အခုလအတွင်း ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ဂျပန်နိုင်ငံကို တောင်းဆိုထားပါတယ်။ တရုတ်နိုင်ငံရဲ့ အချက်ပြမှုကို ဂျပန်ဝန်ကြီးချုပ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဂျပန်အာဏာရညွန့်ပေါင်းအစိုးရထဲမှာ တရုတ်နဲ့နီးစပ်သူတွေ အလွန်များတဲ့အတွက် အတိုက်အခံတွေဘက်ကတော့ သတိပြုစောင့်ကြည့်နေမှာ သေချာပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက