နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဆီးနိတ်အထက်လွှတ်တော်မှ ထရန့်၏  ကြီးမားသောဥပဒေကြမ်း (megabill) ကိုအတည်ပြု လိုက်သည်

၂၀၂၅ခုနှစ်၊ ဇူလိုင်လ၂ရက်

ရီပတ်ပလီကင်ပါတီ GOP အထက်လွှတ်တော်အမတ် ရန်းပေါလ်(Rand Paul)၊ သွမ် တီးလ်လစ် (Thom Tillis) နှင့် ဆူဆန် ကောလင်းစ် (Susan Collins) တို့သည် ဒီမိုကရက် အားလုံးနှင့်အတူ “နိုး” ဟုကန့်ကွက် မဲပေးခဲ့ကြပြီး အထက်လွှတ်တော် အမတ်များ သည် မဲ ၅၀-၅၀ ဖြင့် တိုက်နေကြသော်လည်း ဒုသမတ ဂျေဒီဗန့်စ်( J.D Vance) သည် သရေကျနေမှုကို ချိုးဖျက်ပြီး သူ့မဲတမဲဖြင့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။

ထိုအထက်လွှတ်တော်အတည်ပြုချက်ကို မဲထပ်ပေးရန်အတွက် အောက်လွှတ်တော်ကို ပြန်ပို့ပေးလိုက်ပြီးဖြစ်သည်။ ဥပဒေကြမ်းသည် ၂၀၁၇ ခုနှစ်က အခွန်ဖြတ်တောက်မှုများကို သက်တမ်းတိုးပြီး Medicaid အရည်အချင်းပြည့်မီမှုကို ပြန်လည်ပြင်ဆင် ထားခဲ့သည်။ CBO သည် အဆိုပါဥပဒေကြမ်းသည် နိုင်ငံတော်ကြွေးမြီကို $၃.၃ထရီလီယံအထိ ထပ်တိုးလာ မည်ဟု ယခင်က ခန့်မှန်းခဲ့သည်။

• သမ္မတ၏ စားပွဲခုံသို့ မရောက်မီ ဥပဒေကြမ်းကို အောက်လွှတ်တော်တွင် အတည်ပြုရမည် ဖြစ်သောကြောင့် နောက်ထပ် လောင်းကြေးမြင့်မားသည့် တိုက်ပွဲတစ်ခု ပေါ်ပေါက်လာသည်။ GOP ခေါင်းဆောင်များသည် ဥပဒေကြမ်းကို ဇူလိုင် ၄ ရက် နောက်ဆုံးထား၍ အိမ်ဖြူတော် သို့ ပို့ပေးအတည်ပြုနိုင်ရန် ကြိုးပမ်းနေကြသည်။

• Trump ၏တုံ့ပြန်မှု- ဖလော်ရီဒါရှိ မိကျောင်းဝန်းရံထားသည့်အကျဥ်းထောင် “ Alligator Alcatraz” ဟုအမည်ပေးထားသည့် ယာယီထိန်းသိမ်းရေးစခန်းသို့ သွားရောက်လည်ပတ် ကြည့်ရှုစဉ်၊ သမ္မတသည် အိမ်တွင်းရှိ ၎င်း၏ megabill အတည်ပြုချက်ကိုရရှိရန် လွယ်ကူစွာ ကျော်ဖြတ် နိုင်ခဲ့ ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကျုံးဝင်မှုကို ဆုံးရှုံးနိုင်သည့် အမေရိကန် နိုင်ငံသားများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို လျှော့ချခဲ့သည်။

• ဥပဒေကြမ်းထဲတွင်ပါရှိသည့်အချက်- အကြမ်းဖျင်းအားဖြင့် ဒေါ်လာထရီလီယံပေါင်း များစွာ တန်သော ဥပဒေကြမ်းသည် အခွန်ဖြတ်တောက်မှုများကို လုပ်ဆောင်ခွင့် ပေးမည် ဖြစ်ကာ နိုင်ငံတော် လုံခြုံရေး အတွက် ရန်ပုံငွေ များကို မြှင့်တင်ပေးမည်ဖြစ်ပြီး ဆယ်စုနှစ် များစွာအတွင်း ဖက်ဒရယ် လုံခြုံရေး ကွန်ရက်ကို အကြီးမားဆုံးဖြတ်တောက်မှု ပြုပြီး ထိုတစ်စိတ်တစ်ပိုင်း မှရရှိသောငွေများဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson သည် US Capitol ရှိ ၎င်း၏ရုံးခန်းသို့ ပြန်လည်ရောက်ရှိပြီးနောက်သတင်းထောက်များနှင့် ဆွေးနွေးနေစဉ် (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 39 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 40 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ