နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

SCO အဖွဲ့ဝင်ဖြစ်လာအောင် ထောက်ခံပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

စက်တင်ဘာလ (၂)ရက်။

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ရဲ့ အဖွဲ့ဝင်ဖြစ်လာအောင် ထောက်ခံပေးဖို့ဆိုပြီး အစည်းအဝေးမှာ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

မြန်မာဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတခုဖြစ်ပြီး ပထဝီ-နိုင်ငံရေးအရ အချက်အခြာကျသလို စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နိုင်မယ့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းတွေ များစွာရှိတယ်လို့ ဆိုပါတယ်။

မြန်မာအနေနဲ့ သဘာဝအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်တာကြောင့် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုနဲ့ စွမ်းအင်ကဏ္ဍတို့မှာ SCO အဖွဲ့ဝင်နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားဖို့ မျှော်လင့်ထားတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

နောက်ပြီး ဆွေးနွေးပွဲမှာ တရုတ်သမ္မတက ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပမာဏ အဆိုပြုချက် (၅)ချက်ကို တင်သွင်းခဲ့ကာ လက်တွေ့ကျပြီး အောင်မြင်မယ်လို့ အပြည့်အဝယုံကြည်ကာ အဲ့ဒီအဆိုပြုချက်ကို ထောက်ခံတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် SCO ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ကြိုဆိုထောက်ခံပြီး SCO ရဲ့ မူဘောင်တွေထဲ ဘုံအကျိုးဖြစ်စေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

SCO ထိပ်သီးဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အင်အားကြီးနိုင်ငံအချို့က နိုင်ငံထဲ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဥပက္ခာပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ စစ်ရေး ဖိအားပေးမှုမျိုးစုံနဲ့ အနိုင်ကျင့်နေတယ်လို့လဲ ပြောဆိုခဲ့ပါသေးတယ်။

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ တရုတ်သမ္မတအပါအဝင် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီး ‌ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စကို ရှင်းလင်းပြောကြားခဲ့သလို ထောက်ခံအားပေးတယ်ဆိုပြီး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို