နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ တလထဲ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရတဲ့လူငယ် (၄၀၀)နီးပါးရှိခဲ့

ဇန်နဝါရီလ (၃)ရက်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ မန္တလေးတိုင်းရှိ မြို့နယ် (၇)ခုမှာ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့လူငယ် (၃၉၁)ဦးရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အောင်မြေသာဇံမြို့မှာ (၆၄)ဦး၊ ချမ်းအေးသာဇံမြို့မှာ (၂၅)ဦး၊ မဟာအောင်မြေမြို့မှာ (၃၈)ဦး၊ ချမ်းမြသာစည်မြို့မှာ (၅၂)ဦး၊ ပြည်ကြီးတံခွန်မြို့မှာ (၈၂)ဦး၊ ပုသိမ်ကြီးမြို့မှာ (၇၇)ဦးနဲ့ အမရပူရမြို့မှာ (၅၃)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ စစ်မျက်နှာဖွင့်ထားရပြီး အရှုံးတွေနဲ့သာ ရင်ဆိုင်နေရတာကြောင့် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို စစ်ပွဲထဲ မတရားဆွဲသွင်းတာက လူသားအရင်းအမြစ်တွေဆုံးရှုံးပြီး လူ့အခွင့်အရေးချိုးဖောက်တာလို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုနဲ့ လက်ဝေခံတွေဟာ လူငယ်တွေကို မတရားဖမ်းဆီးရာမှာ နေ့ညမရွေး ဧည့်စာရင်းအကြောင်းပြတာနဲ့ လမ်းတွေမှာ တွေ့ရာလူငယ်တွေကို မတရားဖမ်းဆီးနေကာ စစ်မှုထမ်းဥပဒေပါ အချက်တွေကို ဂရုမစိုက်တော့ဘဲ ဗြောင်ကျစွာ လူ့အခွင့်အရေးချိုးဖောက်နေတာလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် လူငယ်တွေအနေနဲ့ အချိန်မတော် နေအိမ်ပြင်ပသွားတာ၊ မလိုအပ်ပဲ ခရီးသွားတာနဲ့ ပျော်ပွဲရွှင်ပွဲသွားတာတွေကို ရှောင်ကြဖို့နဲ့ မတရားဖမ်းဆီးခံရရင် တော်လှန်ရေးအင်အားစုတွေကို သတင်းပို့ဖို့ အသိပေးထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်တပ်ဟာ အလုပ်ပြန်ချိန်နောက်ကျတဲ့ အခြေခံလူတန်းစား လူငယ်အလုပ်သမားတွေကို ပစ်မှတ်ထားဖမ်းဆီးနေကာ အလုပ်ရှင်တွေအနေနဲ့ အလုပ်ချိန်တွေကို ညှိနှိုင်းတိုင်ပင်ကာ အနည်းငယ်လျော့ချပေးဖို့ ‌တောင်းဆိုထားပါတယ်။

အခုလိုတောင်းဆိုချက်ကို မလုပ်ဆောင်ပါက အလုပ်ရှင်တွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လူသားအရင်းအမြစ် ဆုံးရှုံးစေဖို့ လူ့အခွင့်အရေးချိုးဖောက်တာတွေမှာ သွယ်ဝိုက်တဲ့နည်းနဲ့ အားပေးကူညီနေတာလို့ မှတ်ယူမယ်ဆိုတာကိုလဲ သပိတ်အင်အားစုက သတိပေးထားပါတယ်။

ဒါ့အပြင် NUG နဲ့ NUCC တို့အနေနဲ့လဲ မတရားဖမ်းဆီးခံနေရတာတွေကို အရေးကြီးတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်အနေနဲ့ သတ်မှတ်ပြီး ဖြေရှင်းဖို့နဲ့ ကုလအပါအဝင် နိုင်ငံတကာအနေနဲ့ မျက်ကွယ်မပြုဘဲ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့