နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်းနဲ့သွားဖမ်းပေမယ့် သမ္မတလုံခြုံရေးအဖွဲ့ရဲ့ ဟန့်တားမှုကြောင့် ဆိုင်းငံ့လိုက်ရ

ဇန်နဝါရီလ (၃) ရက်။

ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကို သူနေထိုင်ရာ နေအိမ်ခြံဝင်းအတွင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် သမ္မတလုံခြုံရေးတပ်ဖွဲ့ရဲ့ ဟန့်တားမှုကြောင့် ဖမ်းဆီးဖို့ အစီအစဉ်ကို ဆိုင်းငံ့လိုက်ရကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

သမ္မတလုံခြုံရေးတပ်ဖွဲ့နဲ့ စစ်တပ်ဖွဲ့ဝင် ၂၀၀ က စုဝေးကာ လက်ချင်းချိတ်ပြီး “တံတိုင်း” ပြုလုပ်ပြီး ဟန့်တားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဝရမ်းကို ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည့် “ အဆင့်မြင့်အရာရှိ မှုခင်းစုံစမ်းစစ်ဆေးရေးအေဂျင်စီ” မှ တာဝန်ရှိသူတွေက ဒီနေ့ မွန်းလွဲ ၃ နာရီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပထမဦးစွာ နိုင်ငံတော်သမ္မတအိမ်တော် ခြံဝင်းအတွင်း အခြေအနေနှင့်ပတ်သက်ပြီး စုံစမ်းရေးအရာရှိတွေက အိမ်ကနေ မီတာ ၂၀၀ အထိ ချဉ်းကပ်ခဲ့ပေမယ့် သမ္မတလုံခြုံရေးတပ်ဖွဲ့က ဘတ်စ်ကား၊ ကား ၁၀ စီးကျော်နဲ့ လမ်းကို ပိတ်ဆို့ခဲ့ပြီး သမ္မတလုံခြုံရေးတပ်ဖွဲ့နဲ့ စစ်တပ်ဖွဲ့ဝင် ၂၀၀ က စုဝေးပြီး လက်ချင်းချိတ်ပြီး တံတိုင်းကာခဲ့တဲ့အတွက် ဘယ်လိုမှ ဝင်လို့မရဘူးလို့ ဆိုပါတယ်။

အချို့နေရာတွေမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် လူအများအပြားစုဝေးနေတဲ့အတွက် လုံခြုံရေးအရ စိုးရိမ်မှုများ မြင့်မားလာခြင်းကြောင့် ဝရမ်းကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းကို ထပ်ပြီး အကောင်အထည်ဖော်မလားလို့ မေးတဲ့အခါမှာတော့ “ ဒီအဆင့်မှာ ပြောဖို့ခက်တယ်” လို့ ဖြေဆိုခဲ့ပါတယ်။

ယွန်းဟာ ဒီဇင်ဘာ ၃ ရက်နေ့က အောင်မြင်ခြင်းမရှိတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီးနောက် စွပ်စွဲပြစ်တင်ခံခဲ့ရကာ သမ္မတတာဝန်မှ ဆိုင်းငံ့ခံထားရပါတယ်။

သတင်းရင်းမြစ်။ NHK

Police and anti-corruption investigators arrive at the residence of South Korea’s impeached President Yoon Suk Yeol in Seoul on January 3, 2025. – South Korean investigators arrived outside the presidential residence early Friday seeking to arrest Yoon Suk Yeol, with the impeached leader’s die-hard supporters massing outside to protect him, AFP reporters saw. Cars carrying investigators probing Yoon’s short-lived declaration of martial law drove up to his residence in central Seoul, which was surrounded by
Anti-corruption investigators leave the residence of South Korea’s impeached President Yoon Suk Yeol in Seoul on January 3, 2025 after calling off their attempt to arrest Yoon. – South Korean investigators called off their attempt to arrest impeached President Yoon Suk Yeol at his residence Friday over a failed martial law bid, citing safety concerns after a standoff with his security team. (Photo by JUNG Yeon-je / AFP)
Police stand guard at the residence of South Korea’s impeached President Yoon Suk Yeol in Seoul on January 3, 2025. – South Korean investigators arrived outside the presidential residence early Friday seeking to arrest Yoon Suk Yeol, with the impeached leader’s die-hard supporters massing outside to protect him, AFP reporters saw. Cars carrying investigators probing Yoon’s short-lived declaration of martial law drove up to his residence in central Seoul, which was surrounded by a heavy police presence, AFP
Police and anti-corruption investigators arrive at the residence of South Korea’s impeached President Yoon Suk Yeol in Seoul on January 3, 2025. – South Korean investigators entered the residence of impeached President Yoon and began executing a warrant for his arrest on January 3 over his failed martial law bid, the first time the country has ever sought to arrest a sitting leader. (Photo by JUNG Yeon-je / AFP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်တို့ ဗီဒီယိုကွန်ဖရင့်ပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 8 Views
ဇန်နဝါရီလ (၂၃) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအကြာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဗီဒီယိုကွန်ဖရင့်မှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်က
နိုင်ငံတကာသတင်း အမေရိကန်

အဖွင့်ဆုတောင်းပွဲအတွင်း ဆရာတော် မာရီယန် ဘတ်ဒီက လူတွေကို သနားကြင်နာဖို့ ထရန့်ကို တိုက်ရိုက်အသနားခံခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 7 Views
ဇန်နဝါရီလ (၂၃) ရက်။ ဘတ်ဒီသည် ဝါရှင်တန်အမျိုးသားဘုရားကျောင်းတော်ကြီး (Washington National Cathedral) တွင် “ အခုအခါ ကြောက်လန့်နေကြတဲ့
နိုင်ငံတကာသတင်း အာရှ

ဆန္ဒအလျောက် ပုလိပ်အဖြစ် တာဝန်ထမ်းဆောင်သူ အိန္ဒိယရဲက မုဒိမ်းကျင့်သတ်ဖြတ်မှု ကျူးလွန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 12 Views
ဇန်နဝါရီလ (၂၂) ရက်။ အသက် (၃၁) နှစ်အရွယ် အငယ်တန်းဆရာဝန်မလေးကို မုဒိမ်းကျင့်သတ်ဖြတ်မှုတွင် အိန္ဒိယရဲက ကျူးလွန်ခဲ့တဲ့အတွက် လူထုကို အမျက်ဒေါသထွက်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့က ဆေးရုံတစ်ရုံမှာ အငယ်တန်းဆရာဝန်မလေးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ရဲတစ်ဦးကို
နိုင်ငံတကာသတင်း အမေရိကန်

LGBTQ စုံတွဲများသည် ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် အလျင်အမြန် လက်ထပ်ကြ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 13 Views
ဇန်နဝါရီလ (၂၁) ရက်။ ၂၀၂၄ ရွေးကောက်ပွဲ၏ရလဒ်များသည် LGBTQ စုံတွဲအချို့ကို အထူးစိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့သည်။ မကြာသေးမီက ဗဟိုတရားရုံးချုပ်၏ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် တရားရုံးချုပ် တရားသူကြီးများ၏ ထင်မြင်ယူဆချက်များကြောင့် သမ္မတ ဒေါ်နယ်ထရန့် ၏ ပထမဆုံး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အမိန့်ဖြင့် ဇန်န၀ါရီလ ၆ ရက်နေ့ လွှတ်တော်အကြမ်းဖက်သိမ်းပိုက်မှုတွင် ပါဝင်သူနှစ်ဦးကို စတင်လွှတ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 9 Views
ဇန်နဝါရီလ ၂၁ ရက်။ သမ္မတထရန့်သည် ဝါရှင်တန်ဒီစီ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော ဇန်န၀ါရီလ ၆ ရက်နေ့တွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားများကို သူသမ္မတဖြစ်လာသည့် ပထမနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာထူးပြန်လည်စတင်သည့်နေ့ သန်းခေါင်ယံမတိုင်မီလေးတွင်
1027 Operations မြန်မာသတင်း အာရှ

စစ်ကောင်စီနဲ့ MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 26 Views
ဇန်နဝါရီလ (၂၀) ရက်။ မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့သည် စနေနေ့က စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး နှစ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်တန့်သွားတော့မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်တို့က အမျိုးသမီး ဓားစာခံ ၃ ဦး ပထမဆုံး ပြန်လွှတ်မည်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 17 Views
ဇန်နဝါရီလ (၁၉) ရက်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို သတ်မှတ်ထားချိန်ထက် ၃ နာရီနောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးမတိုင်မီအထိ အစ္စရေးတို့က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၉ ဦးသေဆုံးသွားခဲ့ကာ ၃၆
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အထူးသတင်း-အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး စတင်လိုက်ပြီ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 19 Views
ဇန်နဝါရီ (၁၉) ရက်။ ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ (မြန်မာစံတော်ချိန်စံတော်ချိန် ညနေ ၄ နာရီခွဲ) မှာ အစ္စရေး ဝန်ကြီးချုပ်ရုံးမှ ၁၉ ရက်နေ့မှာ ပြန်လွှတ်ပေးရန်