နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်လူမျိုး သောင်းနဲ့ချီဝင်လာတဲ့ ဘုရားသုံးဆူမြို ရွှေကုက္ကိုလ်လိုမျိုး ဖြစ်လာနိုင်တယ်လို့ဆို

ဖေဖော်ဝါရီလ (၃)ရက်။

စည်ကားလာတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်ရှိ ဘုရားသုံးဆူမြိုဟာ ကျားဖြန့်အပါအဝင် ဒုစရိုက်လုပ်ငန်းမျိုးစုံနဲ့ နာမည်ကြီးနေတဲ့ ရွှေကုက္ကိုလ်လိုမျိုး ဖြစ်လာနိုင်တယ်လို သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။ “အခု ဘုရားသုံးဆူမှာ တရုတ်တွေ ဝင်လာတာရှိတယ်။ သူတိုတွေက လိုင်စင်မဲ့ကားကောင်းကောင်းတွေကို ထိုင်းဘက်ကနေသွင်းပြီး သူတိုပိုင်ရာဆိုင်ရာ ပေးကမ်းထားတဲ့ အဖွဲအစည်းတွေရဲ့ တံဆိပ်တွေကို နံပါတ်ပြားမှာကပ်ပြီး စီးနေကြတာ။ ပြီးရင်သူတိုက အိမ်ကောင်းကောင်းမှာနေတယ်။ ဗမာအိမ်ဖော်တွေနဲ့နေတယ်။ နောက်ပိုင်း မကြာခင်ပေါ့ ရွှေကုက္ကိုလ်လိုမျိုး ကြီးထွားလာနိုင်တယ်”လို မြိုခံတစ်ဦးက ဆိုပါတယ်။ ဘုရားသုံးဆူမြိုမှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်တာတွေ ရှိလာသလို ထိုင်းနိုင်ငံဘက်ကနေ လိုင်စင်မဲ့ကားတွေ တင်သွင်းပြီး BGF၊ DKBA နဲ့ KNU စတဲ့ အဖွဲအစည်းတွေရဲ့ တံဆိပ်တွေနဲ့ စီးနင်းသွားလာနေကြတာလို သိရပါတယ်။ အခုအခါ မြဝတီမြို ရွှေကုက္ကိုလ်မှာ ကျားဖြန့်တွေကို တိုက်ဖျက်နှိမ်နင်းတာတွေကြောင့် အဲ့ဒီဘက်က တရားမဝင်လုပ်ငန်းတွေဟာ ဘုရားသုံးဆူဘက်ကို ရောက်ရှိလာသလို ရာဘာခြံတွေမှာ လူဦးရေ ရာဂဏန်းအထိ နေထိုင်နိုင်တဲ့ အဆောက်အဦးတွေ ဆောက်လုပ်တာတွေ ရှိနေပါတယ်။ “သူတို(တရုတ်)တွေက ငွေရင်းငွေနှီးရှိတော့ ဘုရားသုံးဆူမြိုပြင်က ရာဘာတောတွေမှာ လုံးချင်းတိုက်အကြီးကြီးတွေဆောက်ပြီး လူ(၅၀၀) (၁၀၀၀)လောက် နေနိုင်အောင် ရွှေကုက္ကိုလ်လိုမျိုး KK Park လို လုပ်ချင်နေကြတဲ့ပုံစံမှာ ရှိနေတယ်လို သိရတယ်။ အဲ့သတင်းကတော့ တကယ်အတိအကျပဲ၊ ဒီဘက်က မြေကပေါတော့ သူတိုဝယ်မယ်၊ ပြီးရင် ခြံခတ်မယ်။ လုံခြုံရေးငှားမယ်ပေါ့။ အဖွဲတွေကို ပေးထားကမ်းထားတာဆိုတော့ သူတို လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ပုံစံမျိုး”လို သူက ဆက်ပြောပါတယ်။ ဘုရားသုံးဆူမြိုဟာ လျှပ်စစ်မီးကို ထိုင်းနိုင်ငံကနေ ရရှိနေသလို ကျားဖြန့်တွေ ဝင်လာပါက အင်တာနက်လိုင်းကို ထိုင်းဘက်ကနေသာ ရယူနိုင်တာဖြစ်တဲ့အတွက် မကြာခင် ဘုရားသုံးဆူမြိုကို လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်လာနိုင်တယ်လို သိရပါတယ်။ အခုအခါ ဘုရားသုံးဆူမြိုအနီးတဝိုက်ကို တရုတ်နိုင်ငံသား စုစုပေါင်း သောင်းနဲ့ချီပြီး ဝင်ရောက်လာခဲ့ကာ ကာစီနိုလုပ်ငန်းတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေကြပြီလိုလဲ ဆိုပါတယ်။ ဘုရားသုံးဆူမြိုဟာ တရုတ်နိုင်ငံသားတွေနဲ့ စည်ကားလာသလို စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် ထွက်ပြေးလာကြတဲ့ လူငယ်တွေလဲ အများအပြားရှိနေပြီး ကောင်းတဲ့ဘက်က စည်ကားလာတာမျိုး မဟုတ်ဘူးလို သိရပါတယ်။ အခုလို ဘုရားသုံးဆူမြိုဟာ ဒုစရိုက်မြိုတော်ဖြစ်လာတဲ့အပေါ် စိတ်မကောင်းဖြစ်ရကာ စစ်ကောင်စီအနေနဲ့ အာဏာတည်မြဲရေးသာ လုပ်ဆောင်နေတာကြောင့် ဒုစရိုက်လုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှာမဟုတ်ဘူးလို ပြောဆိုထားချက်တွေအရ သိရပါတယ်။ ဓာတ်ပုံ။ DKBA နံပါတ်တပ်ထားသည့်ကားတစ်စီးကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 136 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို