နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကြို့ပင်ကောက်မြို့မှာ စစ်မှုထမ်းကြေးကောက်တဲ့ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

မတ်လ (၃)ရက်။

ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေ (၄)နာရီအချိန်က ကြို့ပင်ကောက်မြို့ ရွှေပန်းတောကျေးရွာနေ ကျွန်းနက်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး သောင်းကြည်ကို ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်မှုထမ်းကြေးကောက်ဖို့ဆိုပြီး သူ့တပည့်နဲ့ ဆိုင်ကယ်စီးလာတဲ့အချိန် ကျွန်းနက်ကုန်းရွာထိပ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။ အသေပစ်ဖို့လုပ်ပေမယ့် မဘသဘုန်းကြီးတပါးက ပစ်မရအောင် ကာထားတာကြောင့် ပြင်းထန်ဒဏ်ရာပဲ ရသွားတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးမှူး သောင်းကြည်ဟာ စစ်မှုထမ်းကြေးကောက်ဖို့ တပည့်ဖြစ်သူနဲ့ ဆိုင်ကယ်စီးလာချိန် မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ရဲဘော်တွေက ကျွန်းနက်ကုန်းရွာထိပ်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်ခံရတာကြောင့် သောင်းကြည်ဟာ ရင်ဘတ် (၁)ချက်နဲ့ ဝမ်းဗိုက် (၁)ချက် ထိမှန်ခဲ့ကာ အဲ့ဒီအချိန် မဘသဘုန်းကြီးတပါးက ပစ်ခတ်လို့မရအောင် ကာထားတဲ့အတွက် အပြတ်မရှင်းနိုင်ခဲ့ဘဲ ပြင်းထန်ဒဏ်ရာသာ ရရှိသွားတယ်လို့ ပြောဆိုထားပါတယ်။

သူဟာ စစ်ကောင်စီရဲ့ အမာခံထောက်တိုင်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ သတင်းပို့တာနဲ့ လူငယ်တွေကို အတင်းအကြပ် ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာနဲ့ ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေသူလို့ ထုတ်ပြန်ထားပါတယ်။

အခုလို ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေကြတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အချိန်မရွေး နေရာမရွေး တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာ လုံးဝမလုပ်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးချက်တွေကို မလိုက်နာဘဲ ထိခိုက်တာ တစုံတရာဖြစ်ပွားပါက တာဝန်ယူ ဖြေရှင်းသွားမှာမဟုတ်ဘူးလို့လဲ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားအံမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 7 Views
မတ်လ (၁၆)ရက်။ မတ်လ (၁၁)ရက်နေ့က ဖားအံမြို့နယ်ထဲရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KNU ရဲ့
မြန်မာသတင်း

ရွှေစာရံဘုရားပွဲလာတဲ့ ကားတစ်စီး တိမ်းမှောက်ကာ (၆)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 4 Views
မတ်လ (၁၆)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကျောက်ဆည်-အုန်းချော ခရိုင်ချင်းဆက်လမ်းမကြီးပေါ်ရှိ ရွှေစာရံမြစ်ကူးတံတားအနီးမှာ ကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စီးပွားရေးပိတ်ဆို့တာတွေကြောင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 3 Views
မတ်လ (၁၆)ရက်။ အခုအခါ နိုင်ငံမှာ စီးပွားရေးအရ ပိတ်ဆို့တာတွေကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေကို တိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်ရှိ အေးရှာဝေါဆိပ်ကမ်းကို‌ ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အရင်က ဆိပ်ကမ်းဟာ
မြန်မာသတင်း

ကျွန်းစုမြို့မှာ စစ်ကောင်စီရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 21 Views
မတ်လ (၁၅)ရက်။ မတ်လ (၁၃)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ကျွန်းစုမြို့န်ူ ဝန်တောင်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေပါတဲ့ ရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကဖတပ်ဖွဲ့ဝင်တွေက ဝန်တောင်ဘက်ကို ခရီးထွက်လာတဲ့အချိန် မိုင်းတွေးရွာပျူစောထီးနဲ့
မြန်မာသတင်း

ရေးမြို့မှာ စစ်ကောင်စီတပ်ကြပ်ကြီးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ရေးဘီလူးထံ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 8 Views
မတ်လ (၁၅)ရက်။ မနေ့က ရေးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ကြက်ကြီးတစ်ဦးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြို့ စကခ(၁၉)တပ်မမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးနဲ့ တပ်သား (၅)ဦး
မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေနေရာကို ပြည်သူယောင်ဆောင်ပြီး လာစုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ခံရကာ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 21 Views
မတ်လ (၁၅)ရက်။ ဒီကနေ့ ကြို့ပင်ကောက်မြို့ရှိ ဥယျာဉ်ကြီးရွာအနီး တော်လှန်ရေးရဲဘော်တွေ ကင်းစောင့်နေတဲ့နေရာကို စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးက စုံစမ်းတာတွေပြုလုပ်ခဲ့တယ်လို့ Yoma GBK-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဥယျာဉ်ကြီးရွာအနီးမှာ ကာကွယ်ရေးအဖွဲ့တွေ လုံခြုံရေးယူပြီး ကင်းစောင့်နေတဲ့နေရာကို
မြန်မာသတင်း

တလတာထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 16 Views
မတ်လ (၁၅)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အမျိုးအစားတွေဟာ အခြားချိုးဖောက်မှုတွေအနေနဲ့ (၁၃၇)မှုနဲ့ အများဆုံးဖြစ်ပြီး ပစ္စည်းတွေဖျက်ဆီးခံရတာ (၁၃၀)မှု၊
မြန်မာသတင်း

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 16 Views
မတ်လ (၁၅)ရက်။ မနေ့က နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာ-ထိုင်း အမှတ်(၂)