နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အာရှ

CNN မှာ ဟယ်လင် ရီဂင် (Helen Regan) မှ လေ့လာသုံးသပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါး (ခေတ်မျက်လုံးမှ ဘာသာပြန်သည်)

၂၀၂၅ခုနှစ်၊ မေလ ၃ရက်။

မြန်​မာ့​ငလျင်​က စစ်​ဘေး​ဒဏ်​သင့်​တဲ့​နိုင်ငံ​ကို ပျက်စီး​စေခဲ့သည်။ သို့ရာတွင် ကဲ့ရဲ့ရှုံ့ချခံခဲ့ရသော စစ်ခေါင်းဆောင်များအတွက် အခွင့်အလမ်းများကို ယူဆောင်လာခဲ့သည်။


မြေငလျင်များသည် မိမိတို့ချစ်ခင်ရသူ၊ အိမ်ရာများနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသူများအတွက် ဆိုးရွားလွန်းလှသော်လည်း အာဏာကို ဆုပ်ကိုင်ထားသော စစ်အာဏာရှင်များအတွက် ထိုကဲ့သို့သော ဘေးအန္တရာယ်များသည် သူတို့အတွက် အခွင့်အလမ်းများကို ဆောင်ကြဉ်းလာနိုင်ပါသည်။

မြန်မာစစ်အာဏာရှင်များသည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း နိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို ဆင်နွှဲနေခဲ့ပြီး နိုင်ငံတဝှမ်းတွင် စစ်ကြောင်းများ စေလွှတ်ကာ သွေးထွက်သံယို သောင်းကျန်းမှုများ၊ ရွာများကို ဗုံးကြဲခြင်း၊ ဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အတိုက်အခံများကို ဖမ်းဆီး ထောင်ချခြင်းနှင့် လူငယ်များကို စစ်တပ်ထဲသို့ အတင်းအကြပ်ဝင် ခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အစိုးရသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီး သူ့ကိုယ်သူ ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံနေရသော တပ်မတော်အကြီးအကဲက ဦးဆောင်သည်။

သို့သော် အခြားသောဆန္ဒပြင်းပြသည့် အင်အားရှိသူများကဲ့သို့ပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အုပ်ချုပ်မှုသည် မရေရာလှပေ။ သူနှင့် သူ၏ခရိုနီများကို နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ ခံခဲ့ရပြီး စီးပွားရေးသည် များစွာယိုယွင်းဆုတ်ယုတ်သွားကာ သူ၏စစ်တပ်သည် ဆုံးဖြတ်ချက် ခိုင်မာသော ခုခံစစ်ကြောင့် ရှေ့တန်းနယ်မြေ အများအပြားကို စွန့်လွှတ်ပေးခဲ့ရပြီး သိသိသာသာ နယ်မြေများ ဆုံးရှုံးနေခဲ့ရသည်။

အချို့သော ဖော်ပြချက်များတွင် သူသည် နိုင်ငံ၏ ၃၀% ကိုသာ ထိန်းချုပ် နိုင်တော့သည်ဟု ဆိုသည်။ ထို့နောက် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး အပျက်အစီးများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသောအခါတွင် ဗိုလ်ချုပ်ကြီးသည် နိုင်ငံတကာမှ အကူအညီပေးကြရန် ရှားရှားပါးပါး အသနားခံတောင်းဆိုခဲ့ပြီး လျင်မြန်စွာ ၎င်း၏အနေအထားကို မြှင့်တင်ရန် ကြိုးစားခဲ့သည်။

“မင်းအောင်လှိုင်က ဒေသတွင်း ထိတွေ့ဆက်ဆံမှုနဲ့ ရွေးကောက်ပွဲတရားဝင်မှုအတွက် မြေငလျင်ကို အသုံးချနေပါတယ်” “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကျရောက်မှုက သူ့ကို ကာလအတန်ကြာ ပိတ်ထားတဲ့ လမ်းကြောင်းတွေကို ဖွင့်ပေးဖို့ အခွင့်အရေးတွေ ပေးခဲ့တယ်။” ဟု ကောလ်နယ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ PhD ကျောင်းသား ဦးကျော်ဆန်းလှိုင်က ပြောသည်။

အဆိုပါ လမ်းပွင့်သွားမှုတွင် ယခင်လက စစ်အစိုးရခေါင်းဆောင်နှင့် လက်ရှိ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့အကြား မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ခွင့်ကို ရရှိခဲ့သည်။ လက်ရှိ အာဏာသိမ်းပြီးကတည်းက မြန်မာနှင့် အဆင့်မြင့်ဆွေးနွေးပွဲများကို ဒေသတွင်းအစုအဖွဲ့မှ ရှောင်ရှားခဲ့ပြီး စစ်အစိုးရကို တရားဝင်မဖြစ်အောင် ရှောင်ရှားခဲ့ကြသည်။

ထိုင်းမြို့တော် ဘန်ကောက်တွင် တွေ့ဆုံခဲ့ပြီးနောက် အန်ဝါက ဗိုလ်ချုပ်ကြီးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပြီး “ငလျင်ဒဏ်သင့်ရပ်ရွာများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ထိုအကူအညီတွေကို ပေးပို့ရာမှာ လွယ်ကူချောမွေ့စေဖို့ စစ်တပ်က ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သက်တမ်းတိုးရေးအပေါ်မှာ အာရုံစိုက်ထားတယ်” ဟု ပြောခဲ့သည်။

“မင်းအောင်လှိုင်အတွက်ကတော့ အခုအချိန်အခါမှာ ဒေသဆိုင်ရာတရားဝင်မှုကိုတောင် အာမခံနိုင်တယ်ဆိုတဲ့ နိုင်ငံရေးအုတ်မြစ်ကို ချထားတယ်၊ “ကြည့်စမ်း၊ ဒီမိုကရေစီ ခေါင်းဆောင်များနဲ့ ပြည်ပရောက်အဖွဲ့များကို စားပွဲဝိုင်းမှ ဖယ်ထားပြီး အိမ်နီးချင်း နိုင်ငံတွေက ငါ့ကိုဆွေး‌နွေးနိုင်တဲ့ ယုံကြည်ချက်တွေရှိကြတယ်ဆိုတဲ့ အကြောင်းပြချက်ကို ရခဲ့တယ်” ဟု ဦးကျော်ဆန်းလှိုင်က ဆိုသည်။

ရွေးကောက်ပွဲ မြင်ကွင်း
ယခုအချိန်သည် မြန်မာစစ်အာဏာရှင်များနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် ငြိမ်းချမ်းရေးအတွက် တွန်းအားပေးရန် နိုင်ငံများအတွက် အချိန်တန်ပြီဟု အချို့က ဆိုကြသည်။

လေးနှစ်ကြာစစ်ပွဲသည် တိုင်းပြည်ကို ဖျက်ဆီးခဲ့သည်။ တိုက်ပွဲများကြောင့် လူ ၃ သန်း လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အကူအညီလိုနေသည့် ပြည်သူများအတွက် ငလျင်လှုပ်ခတ်မှုသည် အနည်းဆုံး လူသန်း ၂၀ ခန့်ကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေခဲ့ပါသည်။

“အဓိက စိုးရိမ်တာက လူသားချင်း စာနာထောက်ထားမှု အခြေအနေပါ။ တစ်ခါတလေမှာ ဒီလိုမျိုး အကျပ်အတည်းတွေ ကြုံလာတဲ့အခါ အင်အားစုအားလုံး စုပေါင်းပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကို တွေးဆဖို့ အခွင့်အရေးတစ်ခုအနေနဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဆိဟာဆက် ဖောင်ကက်ကော် (Sihasak Phuangketkeow) က ပြောကြားခဲ့ပါသည်။

မကြာသေးမီလများအတွင်း မင်းအောင်လှိုင်သည် ဆက်တိုက် နိုင်ငံတကာ သံတမန်ရေးရာ ဆက်ဆံမှုများအကြားတွင် ပျော်မွေ့ကျေနပ်နေခဲ့သည်။


ငလျင်၏ အပျက်အစီးများထဲမှ ရုပ်အလောင်းများကို ဆက်လက် ဆွဲထုတ်နေရဆဲ ဖြစ်သည့်အချိန်တွင် ဗိုလ်ချုပ်ကြီးသည် ဘန်ကောက်တွင် ကျင်းပသည့် ဒေသဆိုင်ရာ အစည်းအဝေး ပြင်ပတွင် အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများက BIMSTEC ထိပ်သီး အစည်းအဝေးတွင် သူရောက်ရှိနေခြင်းသည် စစ်ရာဇ၀တ်ကောင်အား တရားဝင်မှုကို ငှားရမ်းပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ကြသည်။

ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အထောက်အကူဖြစ်စေရန် တည်ထောင်ထားသည့် နှစ်နိုင်ငံတွေ့ဆုံမှုတွင် အိန္ဒိယက “အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု” ပြုလုပ်ရန် စစ်အစိုးရကို တွန်းအားပေးရန်နှင့် ပဋိပက္ခအတွက် စစ်ရေးအရ အဖြေရှာနိုင်မည် မဟုတ်ကြောင်း အလေးပေးထားကြောင်း ပြောကြားခဲ့သည်။

မင်းအောင်လှိုင်၏ ကာလကြာရှည် မဟာမိတ်လည်းဖြစ် အဓိကလက်နက်တင်သွင်းသူလည်းဖြစ်သူ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မင်းအောင်လှိုင်၏ ရုရှားနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အပြီး တစ်လအကြာတွင် အိန္ဒိယ၀န်ကြီးချုပ်နှင့်တွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်အစိုးရခေါင်းဆောင်အတွက် ထိုအရာအားလုံးထက်၊ ပြည်တွင်းတရားဝင်မှုသည် သူ့အစိုးရကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အဓိကသော့ချက်ဖြစ်သည်။ ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲအတွက် ဒေသဆိုင်ရာ ပံ့ပိုးကူညီမှုသည် ယင်းလုပ်ဆောင်မှုကို အာမခံရန် ပထမခြေလှမ်းဖြစ်သည်။

အာဏာသိမ်းပြီးကတည်းက မင်းအောင်လှိုင်က ရွေးကောက်ပွဲလုပ်ပေးမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ကတိပေးခဲ့သည်။

သို့သော် ပြည်ပရောက်နေသော သို့မဟုတ် အကျဉ်းကျနေသည့် ဒီမိုကရေစီ အင်အားစု အများစုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းခံ ထားရခြင်းနှင့် ပြည်သူများကို စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်မှုများကြောင့် ယခုကဲ့သို့ မဲပေးခြင်းသည် လွတ်လပ်၍ တရားမျှတမည် မဟုတ်ဟု အကဲခတ်များက ဆိုသည်။

မင်းအောင်လှိုင်၏ မတ်လတွင် ဥရောပ၏ နောက်ဆုံးအာဏာရှင်စနစ်ဖြစ်သည့် ဘီလာရုစ်နိုင်ငံကို ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအဖြစ် ဖိတ်ကြားချက်သည် ၎င်းတို့၏ သတိထားစရာအချက်အဖြစ် အထင်အရှားတွေ့ရသည်။
“ရွေးကောက်ပွဲကို ယုံကြည်လက်ခံနိုင်ဖို့ဆိုရင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ရမယ်” ​​ဟု ယခု အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သည့် စီဟာဆက် (Sihasak) က ပြောကြားခဲ့ပါသည်။

“ဒါဟာ သုံးချင်သလောက်သုံးဖို့ ချက်လက်မှတ်အလွတ်တခုကို ပေးလိုက်တာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ “ဒါဟာ ကျွန်တော်တို့က ထိတွေ့ဆက်ဆံဖို့ အခွင့်အလမ်း တစ်ခုပဲ၊ ဒါပေမယ့် ဒီလိုထိတွေ့ဆက်ဆံတာက တရားဝင်မှုကို အသိအမှတ်ပြုတယ်ဆိုတဲ့ နည်းလမ်းနဲ့ ထိတွေ့ဆက်ဆံခြင်းမျိုးမဟုတ်ဘဲ သူတို့က လိုက်လျော လက်ခံပေးတဲ့အတွက် သဘောကျလေးစားတယ်ဆိုတဲ့တုံ့ပြန်မှုပါပဲ ” ဟု ဆိုခဲ့သည်။

အကြမ်းဖက်မှု ရပ်တန့်ရေး
အကဲခတ်အချို့က စစ်တပ်၏သမိုင်းတွင် ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ထားသည့် လိမ်ညာထားသော ကတိကဝတ်များဖြင့် ပြည့်နှက်နေသည့်အတွက် စစ်အစိုးရအား လိုက်လျောပေးရန် မယုံကြည်နိုင်ဟု ဆိုကြသည်။

မလေးရှားနိုင်ငံမှ အန်ဝါသည် ငလျင်ဒဏ်သင့်ရပ်ရွာများကို ကူညီရန် စစ်တပ်အား အပစ်ရပ်စဲ‌ ရေး အတွက် ဆွယ်တရားဟောနေချိန်တွင်ပင် စစ်အစိုးရက ထောက်ပံ့ ကူညီမှုများကို ကန့်သတ်ထားပြီး အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည်ဟု သတင်းများထွက်ပေါ် ခဲ့သည့် အတိုက်အခံနယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှုများဖြင့် အသေအပျောက်များသည့် စစ်ဆင်ရေးများကို အရှိန်မြှင့်လျက်ရှိသည်။

သံတမန်ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန်နှင့် ၎င်း၏အာဏာရှင်အုပ်ချုပ်မှုကို ခိုင်ခံ့စေရန်အတွက် စစ်တပ်က ပိုမိုများပြားသည့် ထိတွေ့ဆက်ဆံမှုကို အသုံးပြုမည်ဟု လေ့လာသုံးသပ်သူများက သတိပေးထားသည်။

“အနီရောင်စည်းမျဥ်းလိုင်းတွေမပါဘဲ မကောင်းဆိုးဝါးနဲ့ စေ့စပ်ညှိနှိုင်းရင် အဲဒါက ရှုပ်ထွေးမှုပါပဲ” ဟု လွတ်လပ်သော လေ့လာသုံးသပ်သူနှင့် အရှေ့တောင်အာရှ အမျိုးသမီး ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးကွန်ရက် အဖွဲ့ဝင် အက်ဒလီနာ ကာမယ် (Adelina Kamal) က ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းများအတွက် ရွေးကောက်ပွဲများသည် “ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အဖြစ် ထင်ယောင်ထင်မှား ဖြစ်စေမည့်” စစ်တပ်၏စင်မြင့်ပေါ်မှ လှည့်ဖြားခံရမည့် အန္တရာယ်များ ရှိနေသည်ဟု ကာမယ်မှ သတိပေးပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အင်အားကြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် တိုင်းပြည်၏ နေရာအနှံ့အပြား ပျက်စီးသွားသောအခါ၊ ထိုအချိန်က စစ်အစိုးရသည် အရပ်သားတစ်ပိုင်း အစိုးရအတွက် လမ်းခင်းပေးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆန္ဒခံယူပွဲတစ်ရပ်ကို တွန်းအားပေးခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေးအပေါ် စစ်တပ်၏ သြဇာလွှမ်းမိုးမှုကို ခိုင်ခံ့စေခဲ့သည်။

စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟုခေါ်သည့် စစ်အစိုးရက ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခဲ့ကြပါသည်။

ယနေ့ စစ်အစိုးရသည် ၎င်း၏ နိုင်ငံရေး အခန်းကဏ္ဍကို အခိုင်အမာ ရပ်တည်ရန် နအဖ၏ ပြဇာတ်စာအုပ်မှ လုပ်ဆောင်ချက်များအတိုင်း ကူးယူနေကြောင်း ISEAS-Yusof Ishak အင်စတီကျူ့ မှ မြန်မာလေ့လာမှု အစီအစဉ် ညှိနှိုင်းရေးမှူး မိုးသူဇာက ပြောသည်။

“မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေကို မယုံကြည်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ်ကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ် လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲက အကြမ်းဖက်မှုတွေ ပိုဖြစ်စေနိုင်တယ်လို့ ရှုမြင်ပါတယ်။
အကြမ်းဖက်မှုကို ကိုယ်တွေ့ ကြုံဖူးသူတွေကတော့ “လုပ်ရပ်တွေဟာ စကားလုံးထက် ပိုကျယ်လောင်တယ်” ဟု ဆိုကြပါသည်။

“မင်းအောင်လှိုင်နဲ့ ဆွေးနွေးတာက နိုင်ငံရေးအရ ပြေလည်မှုရလာမှာ မဟုတ်ဘူး” ဟု နိုင်ငံအရှေ့တောင်ပိုင်းရှိ တပ်မတော်ကို တိုက်ခိုက်နေသည့် ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောသည်။

လွန်ခဲ့သည့် နှစ် ၇၀ ကျော်က ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးကတည်းက တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့သည့် ကရင်အမျိုးသားအစည်းအရုံးက ပထမဆုံး အပစ်အခတ် ရပ်စဲပြီးနောက် နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း မရှိဘဲ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုဆိုတာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

“ပြည်သူအားလုံး အတူတူထိုင်ပြီး ပြဿနာမဖြေရှင်းခင်မှာ မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ အားလုံးကို ရပ်တန့်ဖို့ လိုပါတယ်။ ဒါတွေ မပါဝင်ဘဲ တွေ့ဆုံဆွေးနွေးမှုကို ကျနော်တို့ လက်မခံနိုင်ဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီက CNN သို့ ပြောသည်။

သို့သော်လည်း ယခုနှစ်အတွင်း တိုးတက်မှုရှိလာနိုင်သည်ဟု အချို့သော ရပ်ကွက်များမှ မျှော်လင့်ချက်ရှိသည်။

စစ်အစိုးရခေါင်းဆောင်နှင့် ဆွေးနွေးပြီးနောက် မလေးရှားနိုင်ငံမှ အန်ဝါသည် အမျိုးသား စည်းလုံးညီညွတ်ရေးအစိုးရ၏ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်လည်း အွန်လိုင်းတွင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြသည် အာဆီယံအနေနှင့် ပထမဆုံး အာဏာသိမ်းမှုမှ ဖယ်ရှားခံခဲ့ရသော မြန်မာနိုင်ငံမှ လွှတ်တော်အမတ်များနှင့် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏တရားဝင်အစိုးရဟု မိမိကိုယ်ကို ခံယူထားသော NUG သည် အကျပ်အတည်းကို ဖြေရှင်းရန် သက်ဆိုင်သူအားလုံးကို ပေါင်းစည်းရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။

“၂၀၂၅ ခုနှစ်ဟာ ရွေးကောက်ပွဲ ရောက်ရှိလာပြီး ဒီအကျပ်အတည်းနဲ့ အတူ ငြိမ်းချမ်းရေး ရနိုင်သလို ငြိမ်းချမ်းရေးရနိုင်မှုကို ဆုံးရှုံးနိုင်တဲ့နှစ်လဲ ဖြစ်နိုင်တယ်လို့ ကျနော် မြင်ပါတယ်” ဟု ထိုင်းဝန်ကြီးဟောင်း စီဟာဆက် (Sihasak) က ပြောသည်။
အဲဒီကိုရောက်ဖို့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ “စစ်မှန်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံလမ်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေအတွက် အာမခံချက်တွေနဲ့ စည်းနှောင်ထားတဲ့ စေ့စပ်ဆွေးနွေးမှု မှန်သမျှကို အတည်ပြုနိုင်တဲ့ ခြေလှမ်းတွေနဲ့ ချိတ်ဆက်သင့်တယ်” ဟု ကော်နဲယ် (Cornell) တက္ကသိုလ်မှ ဦးကျော်ဆန်းလှိုင်က ပြောသည်။


“အဲဒီလိုမဟုတ်ရင် ထိတွေ့ဆက်ဆံမှုဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားချက်တွေကို အသုံးချပြီး စစ်အစိုးရရဲ့ အသက်ရှည်စိုးမိုးရေးကို တိုးပေးလိုက်တာပါပဲ” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို