နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

စီးပွားရေးကျဆင်းမှု စိုးရိမ်မှုများ ရှိနေစဥ် ရေရှည်တွင် အမေရိကန်ဟာ “အိုကေမှာပါ” ဟု ထရမ့်က ပြောဆိုလိုက်သည်

NBC သတင်း ၏ “Meet the Press” တွင် ထရမ့်က အမေရိကန်သည် “အကူးအပြောင်း ကာလ” ကဏ္ဍတွင် ရှိနေသော်လည်း ရေရှည်တွင် “အံ့ဖွယ်ကောင်းအောင် လုပ်ဆောင်မယ်” ဟု ပြောကြားခဲ့သည်။

NBC သတင်း

အမေရိကန်စီးပွားရေးသည် ရေတိုတွင် စီးပွားရေးကျဆင်းမှုကြုံတွေ့ရသော်လည်း ရေရှည်တွင် အရာအားလုံးအဆင်ပြေမည်ဟု သမ္မတ ဒေါ်နယ်ထရန့် က အလားအလာရှိသော စီးပွားရေးပြဿနာများနှင့်ပတ်သက်၍ စိုးရိမ်မှုများကို လျှော့ပေါ့ပေးခဲ့သည်။

“Meet the Press” ကြီးကြပ်သူ ခရစ်စတင် ဝဲလ်ကာ(Kristen Welker) က ရေတိုအတွင်း စီးပွားပျက်ကပ်ဖြစ်ရင် ရေရှည်မှာ အဆင်ပြေမှာလားလို့ သမ္မတကို နှစ်ကြိမ်မေးတော့ သမ္မတက “ကြည့်လိုက်ပါ၊ အားလုံးအဆင်ပြေပါတယ်။ ငါတို့က ဘယ်သူတွေလဲ? ငါပြောတယ်၊ ဒါက အကူးအပြောင်းကာလပဲ။ ငါထင်ပါတယ် – တိုးတက်ကောင်းမွန်လာမှာပါ။”

နောက်ဆက်တွဲအနေနဲ့ ဝဲလ်ကာက စီးပွားပျက်ကပ်နဲ့ ပတ်သက်ပြီး သူစိတ်မပူဘူးလားလို့ ထရန့် ကိုမေးခဲ့ပြီး သူက “စိတ်မပူဘူး” ဟု တုံ့ပြန်ခဲ့သည်။ ဖြစ်လာနိုင်သည်ဟု သူထင်သလားဟု မေးမြန်းရာ ထရန့် က “ဘာမဆို ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံး စီးပွားရေးကို ပိုင်ဆိုင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။”

ထရန့်၏ အကောက်ခွန် မူဝါဒပြောင်းလဲခြင်းကြောင့် နိုင်ငံသည် စီးပွားရေးကျဆင်းမှု ကြုံတွေ့ရနိုင်သည်ကို Wall Street မှ လေ့လာသုံးသပ်သူများ ပိုမိုစိုးရိမ်လာသည်နှင့်အမျှ ဤမှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ကောင်းပြီ၊ မင်းသိပါတယ်၊ တချို့ ‘Wall Street က လူတွေက ပြောတာတွေ ရှိခဲ့တယ်’ ကောင်းပြီ၊ မင်းကို ငါတစ်ခု ပြောပြမယ်။ Wall Street က တချို့လူတွေကလည်း ငါတို့သမိုင်းမှာ အကြီးကျယ်ဆုံး စီးပွားရေးကို ရတော့မယ်လို့ ပြောကြပြန်တယ်။ မင်းဘာလို့ သူတို့အကြောင်း မပြောတာလဲ။” ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago အပန်းဖြေစခန်းတွင် တွေ့ဆုံမေးမြန်းမှုအတွင်း ထရန့်က ပြောကြားခဲ့သည်။

“Wall Street မှာ ဒီဟာက ကြုံဖူးသမျှ အကြီးကျယ်ဆုံး လေတိုက်ခတ်မှုလို့ ပြောတဲ့သူတွေ အများကြီးရှိတယ်” ဟု သမ္မတက ထပ်လောင်း ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဌာနမှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည့် ကနဦးတိုင်းတာချက်များအရ၊ အမေရိကန် စီးပွားရေးသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ၀.၃% ကျဆင်းသွားပြီး အဓိကအားဖြင့် အခွန်အတုတ်များတိုးမြှင့်ရန် ထရန့်၏မျှော်မှန်းထားချက်ကြောင့် ပို့ကုန်ကျဆင်းသွားပြီး သွင်းကုန်များ တိုးလာခဲ့သည်။

ဗုဒ္ဓဟူးနေ့က ၎င်း၏ ဝန်ကြီးအဖွဲ့အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ထရန့် သည် ပထမသုံးလပတ် ပြည်တွင်း အသားတင်ထုတ်ကုန် အရေအတွက်အတွက် အပြစ်တင်ခဲ့ပြီး ၎င်းတို့သည် သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ ကျန်ရစ်ခဲ့သော စီးပွားရေးရလဒ်ကြောင့်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ထရန့်က “ဒီနေ့ ဂဏန်းတချို့ကို မင်းမြင်နိုင်တယ်၊ အဲဒါက ဘိုင်ဒင်ရဲ့အကျိုးဆက်လို့ ငါက ပြောမှာ။”

“ဒါက ထရမ့်လုပ်တာ မဟုတ်ပါဘူး” ဟုသူကဗုဒ္ဓဟူးနေ့တွင်ထပ်ပြောသည်။ “ဘာလို့လဲဆိုတော့ ငါတို့က ဇန်န၀ါရီလမှာ စဝင်လာတယ်၊ အဲဒါတွေက သုံးလတစ်ကြိမ် ကိန်းဂဏန်းတွေပဲ၊ ငါတို့ဝင်လာပြီး နောက် စီးပွားရေးနဲ့ပတ်သက်ရင် ဘိုင်ဒင်ဟာ ငါတို့နိုင်ငံကို ပုံစံအမျိုးမျိုးနဲ့ ဖျက်စီးနေတာ ဒါကို ငါက အရမ်းဆန့်ကျင်တယ်။”

ဇန်နဝါရီလတွင် ၎င်း၏အုပ်ချုပ်ရေးစတင်ချိန်မှစ၍ ထရန့် သည် ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်အပါအဝင် အမေရိကန်၏ အကြီးဆုံးကုန်သွယ်ဖက်များအပေါ် အခွန်စည်းကြပ်ရန် ကြိုးပမ်းခဲ့သည်။

ပြီးခဲ့သည့်လအစောပိုင်းတွင် သမ္မတသည် နိုင်ငံအများစုအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုကို ရက်ပိုင်းအကြာတွင် ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားခဲ့ပြီး ၎င်း၏တစ်စိတ်တစ်ပိုင်း ပြန်လည် ဖြေလျော့မှုသည်ဈေးကွက်ကို နှိုးဆွခဲ့ပြီးနောက် ဧပြီလ ၂ ရက်နေ့တွင် သူ၏ကနဦး အကောက်ခွန်ကြေညာပြီးနောက် သောကြာနေ့ အထိ ဆုံးရှုံးမှုများကို ပြန်လည်ရရှိစေသည့်စျေးကွက်ကို တွန်းအားပြန်ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ထရမ့်က တရုတ်အပေါ် အခွန်စည်းကြပ်မှု ထပ်မံပြုလုပ်ခဲ့ပြီး အာရှနိုင်ငံအပေါ် အခွန်နှုန်းထားကို ၁၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။

သို့သော်လည်း တရုတ်အပေါ် အခွန်စည်းကြပ်မှုသည် အမေရိကန်တွင် စျေးနှုန်းများ သို့မဟုတ် လူသုံးကုန်ပစ္စည်းများ ရရှိနိုင်မှုအပေါ် ကြီးမားသော သက်ရောက်မှုရှိမည်ကို သမ္မတက အကြိမ်ကြိမ် ငြင်းဆိုထားခဲ့သည်။

ဝန်ကြီးအဖွဲ့အစည်းအဝေးအတွင်း သူက သတင်းထောက်တွေကို “လူတစ်ယောက်က‌ ပြောတယ် စင်တွေပေါ်မှာ ဟာလာဟင်းလင်းတွေ ဖြစ်တော့မယ်လို့။’ ဟုတ်တယ်၊ ကလေးတွေမှာ အရုပ် ၃၀ အစား အရုပ်နှစ်ရုပ်ပဲ ရှိကောင်း ရှိလိမ့်မယ်၊ မင်းသိလား၊ ပြီးတော့ အရုပ်နှစ်ရုပ်က ပုံမှန်ထက် စျေးနည်းနည်းပိုပေးရမယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 44 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက