နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြည်သူ (၂)ဦးကို သတ်ဖြတ်ပြီး ကလေးငယ်တွေအပါအဝင် (၁၆)ဦးကို ဖမ်းဆီးခဲ့

‌ဇွန်လ (၃)ရက်။

မေလ (၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က ကန့်ဘလူမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ခန့်က ကံကြီးရွာရှိ ပြည်သူ (၂)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“စစ်ကောင်စီနဲ့ ပျူစောထီး အင်အား (၁၀၀)လောက်က ချပ်သင်းအထိုင်စခန်းကနေ ထွက်လာပြီး ကံကြီးရွာအနောက်ကုန်းက အသက် (၄၀)အရွယ် ကိုသန်းထွန်းနဲ့ (၂၀)အရွယ် မောင်ဇေယျာထွန်းတို့ကို အကြမ်းဖက်သတ်ဖြတ်သွားတာ၊ နောက်ပြီး (၇)နှစ်၊ (၈)နှစ်နဲ့ (၁၂)နှစ်အရွယ် မိန်းကလေး (၃)ဦးအပါအဝင် ပြည်သူ (၁၆)ဦးကိုလဲ ဖမ်းဆီးသွားတယ်”လို့ ဆိုပါတယ်။

အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ချပ်သင်းအထိုင်စခန်းကနေ ထွက်လာပြီး ကံကြီးရွာအနောက်ကုန်းကို ဝင်ရောက်ကာ ပြည်သူ (၂)ဦးကို ပစ်သတ်ခဲ့ပြီး မိန်းကလေးငယ် (၃)ဦးအပါအဝင် ပြည်သူ (၁၆)ဦးကို ဖမ်းဆီးသွားကာ အခုအချိန်အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

နောက်ပြီး မနေ့က နေ့လယ် (၃)နာရီအချိန်ကလဲ ကိုးတောင်ဘို့အထိုင်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မိဿလင်ကုန်းရွာနဲ့ နှောကုန်းရွာဘက်ကို ဝင်ရောက်ခဲ့သလို ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးတာအပြင် နှောကုန်းရွာ၊ ဇီးကုန်းရွာနဲ့ ပေါက်တောရွာတို့ကို ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့ပါသေးတယ်။

ကျေးရွာတွေကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့ဖြစ်စဉ်ထဲ ပြည်သူထိခိုက်တဲ့ အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကန့်ဘလူနယ်ထဲ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေတပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေရှိသေပြီး စစ်ကောင်စီဘက်က အထိနာနေကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကလဲ ရက်ပေါင်း(၂၀)နီးပါး ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတို့ရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကံကြီး၊ ဦးကင်းကြည်၊ ပေါက်ဆိန်ကုန်း၊ သင်တော၊အလယ်ခုံ၊ လွင်ကြီး၊ ဇော်ချောင်း၊ အောက်တဲ၊ ဝက်သဲအင်း၊ တင်မော်၊ ညိုပင်ရှို၊ နှောကုန်း၊ ပေါက်ကုန်းနဲ့ ဇီးကုန်းရွာတို့က ပြည်သူအမြောက်အများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အခုအခါ မိုးတွင်းကာလဖြစ်တဲ့အပြင် မြွေဆိုးအန္တရာယ်စိုးရိမ်ရတဲ့ အရပ်ဒေသဖြစ်ကာ ပြည်သူတွေဟာ နှစ်ထပ်ကွမ်း ဒုက္ခကြုံနေကြရသလို တစ်လနီးပါး မိုးဆက်တိုက်ရွာတာကြောင့် စစ်ဘေးရှောင်တွေဟာ နှာစေးချောင်းဆိုးနဲ့ ရာသီတုပ်ကွေးတွေ အဖြစ်များပြီး အခြေခံဆေးဝါး၊ အမိုးအကာနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို