နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ပူတင်က ထရမ့်ကို ချီးကျူးသော်လည်း ယူကရိန်းအား အမေရိကန်၏ အကွာအဝေးပစ် ဒုံးကျည်များ ထောက်ပံ့မှုက ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေမည်ဟု သတိပေး

CNN- အေပီ သတင်း – ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃ရက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းသို့ အကွာအဝေးပစ် ဒုံးကျည်များ ထောက်ပံ့ခြင်းသည် မော်စကိုနှင့် ဝါရှင်တန်ကြား ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်သော်လည်း ရုရှားစစ်တပ်က နှေးကွေးသော်လည်း တည်ငြိမ်စွာ ရှေ့တိုးနေသည့် စစ်မြေပြင်အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း အမေရိကန်ကို သတိပေးခဲ့သည်။

ရုရှား၏ ပင်လယ်နက်ကမ်းခြေ အပန်းဖြေစခန်းဖြစ်သော ဆိုချီ တွင် ပြုလုပ်သည့် နိုင်ငံတကာ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများ၏ ဖိုရမ်တစ်ခု၌ ပူတင်က ကိယက်ဗ်သို့ အမေရိကန်၏ တွမ်မဟော့ခ်(Tomahawk) ခရုစ်ဒုံးကျည်များ ပေးပို့လာနိုင်ချေသည် “ရုရှားနှင့် အမေရိကန်ကြား ဆက်ဆံရေး အပါအဝင် တင်းမာမှုများ မြင့်တက်လာမှု၏ အရည်အသွေးပိုင်းအရ အဆင့်သစ် တခုကို ဖြစ်စေမည်” ဟု ပြောကြားခဲ့သည်။

ရုရှားခေါင်းဆောင်က Tomahawk ဒုံးကျည်များကို ယူကရိန်းသို့ ထောက်ပံ့ပါက ရုရှားအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်သော်လည်း ရုရှား၏ လေကြောင်းကာကွယ်ရေးစနစ်များသည် ခြိမ်းခြောက်မှုအသစ်ကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မည်ဟု မှတ်ချက်ပြုခဲ့သည်။ ရုရှားစစ်တပ်သည် ယူကရိန်းကို ဆက်တိုက်တိုးတက်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အလေးပေးပြောကြားရင်း “ဒါဟာ စစ်မြေပြင်မှာ အင်အားချိန်ခွင်လျှာကို တော့ လုံးဝပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။

၃ နှစ်ခွဲကျော်ကြာ တိုက်ပွဲဝင်နေသော်လည်း အရွယ်အစားသေးငယ်သော အိမ်နီးချင်းကို မအောင်နိုင်သေးသည့်အတွက် ထရမ့်က ရုရှားကို “စက္ကူကျား” ဟု ပယ်ချခဲ့သည့်အပေါ် မေးမြန်းခဲ့ရာ ပူတင်က ရုရှားသည် ကိယက်ဗ်ကို ထောက်ခံနေသည့် နေတိုးမဟာမိတ်များ အားလုံးနှင့် ရင်ဆိုင်နေရသည်ဟု ပြန်လည်ပြောဆိုခဲ့သည်။

ကျွန်တော်တို့ဟာ နေတိုးအုပ်စုတစ်ခုလုံးနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ဆက်ပြီး လှုပ်ရှား နေတယ်၊ ရှေ့ဆက်တိုးနေတယ်၊ ယုံကြည်မှုရှိတယ်၊ ဒါတောင်မှ ကျွန်တော်တို့က စက္ကူကျား ဆိုရင် နေတိုးကိုယ်တိုင်က ဘာလဲ? စက္ကူကျားလား? ဒါဆိုလည်း ဒီစက္ကူကျားတွေနဲ့ဘဲ သွားပြီး ဆက်ဆံလိုက်ပါ ” ဟု ၎င်းက ပြောကြားခဲ့သည်။

ပူတင်၏ မှတ်ချက်များနှင့် ပတ်သက်၍ အိမ်ဖြူတော်က ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

ပူတင်က ထရမ့်နှင့် အလက်စကာ ထိပ်သီးအစည်းအဝေးကို ချီးကျူးခဲ့ပြီးတစ်ချိန်တည်း မှာပင် ယူကရိန်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းအားထုတ်မှုများအတွက် ထရန့်ကို ချီးကျူးခဲ့ပြီး ၎င်းတို့၏ ဩဂုတ်လ အလက်စကာ ထိပ်သီးအစည်းအဝေးကို အကျိုးဖြစ်ထွန်းသည်ဟု ဖော်ပြခဲ့သည်။

ယူကရိန်းအရေး အကျပ်အတည်းကို ဖြေရှင်းရန် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ ကြိုးစားခဲ့တာ ကောင်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ထရမ့်နှင့် စကားပြောရာတွင် “သက်တောင့်သက်သာရှိသည်” ဟု ခံစားရကြောင်း ထပ်လောင်းပြောခဲ့သည်။

ပူတင်က ၂၀၁၀ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် New START စာချုပ် သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးပြီးနောက် နောက်ထပ် တစ်နှစ် ထပ်မံ သက်တမ်း တိုးရန် အမေရိကန်သို့ ကမ်းလှမ်းထားမှုကိုလည်း အတည်ပြုပြောဆိုခဲ့သည်။ အဆိုပါ စာချုပ်သည် နိုင်ငံတစ်ခုစီတွင် တပ်ဖြန့်ချထားသည့် နျူကလီးယားထိပ်ဖူး ၁,၅၅၀ ထက်မပိုစေရန်နှင့် ဖြန့်ချထားသည့် ဒုံးကျည်နှင့် ဗုံးကြဲလေယာဉ် ၇၀၀ ထက်မပိုစေရန် ကန့်သတ်ထားသည်။

သူတို့ မလိုအပ်ဘူးဆိုရင် ကျွန်တော်တို့လည်း မလိုအပ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့ပြီး “ကျွန်တော်တို့ရဲ့ နျူကလီးယားကာကွယ်ရေးဒိုင်းကို ယုံကြည်မှုရှိပါတယ်” ဟုလည်း ထပ်လောင်းပြောခဲ့သည်။

ပင်လယ်ဓားပြမှု” ကို ပြင်းထန်စွာ တုံ့ပြန်မည်ဟု သတိပေးပြီး ဒရုန်း စွပ်စွဲချက်များကို လှောင်ပြောင်ခဲ့ခြင်း။

ပူတင်က ထရမ့်ကို ချီးကျူးပြီး ဖြစ်နိုင်ခြေရှိသော ဘုံအကျိုးစီးပွားများကို အလေးထားရန် ကြိုးစား နေချိန်တွင် ရုရှားသမ္မတက ကမ္ဘာလုံးဆိုင်ရာဈေးကွက်သို့ ရုရှားရေနံ သယ်ဆောင် သည့် သင်္ဘောများကို ဖမ်းဆီးရန် ကြိုးပမ်းခြင်းအတွက် အနောက်နိုင်ငံမှ ယူကရိန်း၏ မဟာမိတ်များကို ပြင်းထန်စွာ သတိပေးခဲ့သည်။ ၎င်းသည် ပင်လယ်ဓားပြမှုနှင့် ညီမျှပြီး ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကာ ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးကွက်ကို ပြင်းထန်စွာ မတည်ငြိမ်စေနိုင်သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

ပြင်သစ်၏ အတ္တလန္တိတ်ကမ်းရိုးတန်းအနီး ရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်း ခဲ့သည့်အပေါ် မေးမြန်းရာ၌ သမ္မတ အီမန်နျူရယ်လ် မက်ခရွန် (Emmanuel Macron) က အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားနေသည့် ရုရှားနှင့်ချိတ်ဆက် ထားသည့် သက်တမ်းရင့်ပြီး မည်သူကပိုင်ဆိုင်ကြောင်း မသေချာသော “အရိပ်သင်္ဘောအုပ်စု” (shadow fleet)အကြောင်းကို ပြောဆိုခဲ့သည်။ ပူတင်က ထိုအပြုအမူကို မက်ခရွန်၏ ၎င်း၏နိုင်ငံတွင်း ပြဿနာများမှ ပြည်သူများ၏ အာရုံကို လွှဲပြောင်းရန် ကြိုးပမ်းခြင်းအဖြစ် ရှုမြင်ခဲ့ပြီး ပြင်သစ်ခေါင်းဆောင်အား နပိုလီယန်နှင့် နှိုင်းယှဉ်၍ လှောင်ပြောင်ခဲ့သည်။

၎င်းသည် နိုင်ငံတကာ ရေကြောင်းဥပဒေကို ဆန့်ကျင်ပြီး စစ်ရေးပဋိပက္ခကို ဖြစ်ပေါ်စေနိုင်သဖြင့် ထိုသို့သော လုပ်ရပ်အတွက်အနောက်နိုင်ငံများအား ပြင်းထန်စွာ သတိပေးခဲ့သည်။ “ဒါဟာ ပင်လယ်ဓားပြမှုပဲ၊ ပင်လယ်ဓားပြတွေကို သင်တို့ ဘယ်လိုကိုင်တွယ်သလဲ? သူတို့ကို ဖျက်ဆီးပစ်ရမယ်” ဟု ၎င်းက ပြောခဲ့သည်။

ပူတင်က နေတိုး၏ “ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ရန်အတွက် တင်းမာမှုများ ကိုတမင်ဖန်တီးရန်” ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပုံဖော်ပြောကြားကာ ဒိန်းမတ်နိုင်ငံအပေါ် မကြာသေးမီက ဒရုန်းပျံသန်းမှုများတွင် ရုရှားပါဝင်နိုင်ချေရှိသည် ဟူသော အနောက်နိုင်ငံများ၏ စွပ်စွဲချက် များကို လှောင်ပြောင်ခဲ့သည်။

ပြီးခဲ့သည့်လက နေတိုးလေပိုင်နက်အတွင်း ကျူးကျော်မှုများသည် မကြုံစဖူး အတိုင်းအတာအထိ ရောက်ရှိခဲ့ခြင်းသည် ရုရှားကြောင့် ဟုပြစ်တင်ခဲ့ကြသည်။ များပြားသောရုရှားဒရုန်းအုပ်စုတစ်စုသည် ပိုလန်သို့ ပျံသန်းခဲ့ပြီး၊ အက်စ်တိုးနီးယားက ရုရှားတိုက်လေယာဉ်များသူတို့နိုင်ငံတွင်း ကျူးကျော်မှုနှင့် ပတ်သက်၍ တိုင်ကြားခဲ့ကာ ဒိန်းမတ်၊ ဂျာမနီနှင့် အခြားနိုင်ငံများတွင် အမည်မသိ ဒရုန်းများစွာကို တွေ့ရှိခဲ့ရသည်။ ဥရောပအရာရှိအချို့က ၎င်းကို မော်စကိုက နေတိုး၏ တုံ့ပြန်မှုကို စမ်းသပ်နေခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဥရောပ ကာကွယ်ရေးဝန်ကြီးများသည် ဥရောပလေပိုင်နက်ကို ချိုးဖောက်သည့် ဒရုန်းများကို ပိုမိုကောင်းမွန်စွာ ထောက်လှမ်းရန်၊ ခြေရာခံရန်နှင့် တားဆီးရန် ၎င်းတို့၏ နယ်နိမိတ်တစ်လျှောက်တွင် “ဒရုန်းတံတိုင်း” တစ်ခု ဖော်ဆောင်ရန် သဘောတူခဲ့ကြသည်။

ပူတင်က ရုရှား၏ နေတိုးမဟာမိတ်များအပေါ် ရန်လိုသော အစီအစဉ်များဟု ယူဆရသည့် အနောက်နိုင်ငံများ၏ စွပ်စွဲချက်များကို ပြည်တွင်းပြဿနာများမှ ပြည်သူလူထု၏ အာရုံကို လွှဲပြောင်းရန် ရည်ရွယ်သည့် “အဓိပ္ပာယ်မရှိသော အရာများ” ဟု ပယ်ချခဲ့သည်။

ကျွန်တော်တို့ဟာ ဥရောပရဲ့ စစ်အင်အား တိုးချဲ့မှုကို သေချာ ဂရုစိုက်ကြည့်ရှုနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ဒါတွေအားလုံး စကားလုံးသက်သက်လား ဒါမှမဟုတ် ကျွန်တော်တို့အတွက် တန်ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်ရမယ့်အချိန် ရောက်ပြီလား? ရုရှားရဲ့ တန်ပြန်ဆောင်ရွက်မှုတွေဟာ ကြာရှည်စွာ စောင့်ဆိုင်းနေရမှာ မဟုတ်ဘူးဆိုတာ ဘယ်သူမှ သံသယမရှိသင့်ပါဘူး။”

ချာလီ ကာ့ခ် လုပ်ကြံခံရမှုအပေါ် ပူတင်၏ တုံ့ပြန်မှု

ချာလီ ကာ့ခ် (Charlie Kirk) လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ပူတင်က ၎င်းသည် အမေရိကန်လူ့အဖွဲ့အစည်းရှိ “နက်ရှိုင်းသော ကွဲပြားမှု” ကို ထင်ဟပ်စေသည့် “ယုတ်မာသော ရာဇဝတ်မှု” တစ်ခုဟု ပြောဆိုခဲ့သည်။ ရုရှားနှင့် ဘုံတန်ဖိုးများဖြစ်သည့် ရှေးရိုးစွဲတန်ဖိုးများကို မြှင့်တင်ပေးခဲ့သည့်အတွက် အသတ်ခံရသည့် ကာ့ခ်အား သူရဲကောင်းအဖြစ် ချီးကျူးခဲ့သည်။

ပူတင်က ရုရှားစစ်တပ်တွင် ပါဝင်စစ်မှုထမ်းခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ယူကရိန်း၌ စစ်ပွဲအတွင်း ကျဆုံးခဲ့သော အမေရိကန်နှင့် CIA ဒုတိယအကြီးအကဲ၏ သားဖြစ်သူ မိုက်ကယ် ဂလော့စ် (Michael Gloss) ကိုလည်း ချီးကျူးခဲ့သည်။ ၎င်းက ဂလော့စ်အား ဆုတံဆိပ် ချီးမြှင့်ခဲ့ပြီး ထိုဆုတံဆိပ်ကို မော်စကိုသို့ လာရောက်ခဲ့သည့် ထရမ့်၏ ကိုယ်စားလှယ် စတိဗ် ဝစ်ခ်ကော့ဖ် (Steve Witkoff) ထံ ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ရုရှားခေါင်းဆောင်က ဂလော့စ်အား ကာ့ခ်နှင့် နှိုင်းယှဉ်ပြီး ၎င်းတို့သည် အလားတူ “ရိုးရာ” တန်ဖိုးများကို ထောက်ခံသူများဖြစ်သည်ဟု ပြောခဲ့သည်။ “သူက ရုရှားစစ်သားတစ်ယောက် အနေနဲ့ အဲဒီတန်ဖိုးတွေကို ကာကွယ်ရင်း သူ့အသက်ကို စွန့်လွှတ်ခဲ့သလို၊ ကာ့ခ်ကလည်း အမေရိကန်ပြည်ထောင်စုမှာ အဲဒီတန်ဖိုးတွေအတွက် တိုက်ပွဲဝင်ရင်း သူ့အသက်ကို စွန့်လွှတ်ခဲ့တာပဲ” ဟု ပူတင်က ပြောသည်။

ဂလော့စ်နှင့် ပတ်သက်၍ မေးခွန်းများအား တုံ့ပြန်ရာတွင် CIA က ၎င်း၏ ကြေညာချက်၌ အေဂျင်စီအနေဖြင့် “မိုက်ကယ်၏ ကွယ်လွန်ခြင်းကို ပုဂ္ဂလိက မိသားစုကိစ္စအဖြစ် ရှုမြင်ပြီး—၎င်းသည် အမျိုးသားလုံခြုံရေးကိစ္စ မဟုတ်ပါ” ဟု ပြောကြားခဲ့သည်။ “CIA မိသားစုတစ်ခုလုံးက သူတို့ရဲ့ ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်ရပါတယ်” ဟုလည်း ဆိုသည်။

လေးနာရီကြာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် အဆိုပါပွဲအတွင်း ဆိုဗီယက် KGB အရာရှိ ဟောင်းနှင့် ရုရှား၏ ထိပ်တန်း ပြည်တွင်းလုံခြုံရေးအေဂျင်စီ၏ အကြီးအကဲ ဟောင်းဖြစ်သူ ပူတင်သည် သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်နှင့် ၎င်း၏ အုပ်ချုပ်ရေးအရာရှိများနှင့် တွေ့ဆုံမှုအကြောင်း ပြောပြနေစဉ်တွင် မှားယွင်းစွာ မိမိကိုယ်ကို “CIA ဒါရိုက်တာ” အဖြစ် ရည်ညွှန်းပြောဆိုမိခဲ့သည်။

ပရိသတ်များ ရယ်မောကြရာတွင် ပူတင်က “အနာဂတ် ဒါရိုက်တာပေါ့” ဟု ရယ်စရာလုပ်ကာ ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက