နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေရာများအပါအဝင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၃ ဦး သေဆုံးခဲ့

ဇန်န၀ါရီလ (၄) ရက်။

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းဒေသခံများအား ရွှေ့ပြောင်းရန် သတ်မှတ်ထားသော “လူသားချင်းစာနာထောက်ထားမှုနယ်မြေ” အပါအဝင် ဧရိယာအသီးသီးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများကို ဇန်နဝါရီလ ၂ ရက် နေ့က ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ခန်းယူနစ်တွင် နေထိုင်သူများအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ဧရိယာအဖြစ် သတ်မှတ်ထားသော “လူသားချင်းစာနာထောက်ထားမှုနယ်မြေ” ကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့ပြီး ဟားမတ်စ်အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုခဲ့သည်။

အသတ်ခံရသူသည် ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူများအား ကြမ်းတမ်းစွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည့် ဌာနအကြီးအကဲဖြစ်ကြောင်းနှင့် အရပ်သားအသေအပျောက် အရေအတွက်ကို လျှော့ချရန် စီမံချက်များ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အကြောင်းပြချက်ပေးခဲ့သည်။

သို့သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဧရိယာတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုတွင် ပါလက်စတိုင်းမိသားစု ၁၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောကြောင်း အယ်လ်ဂျာဇီရာ (Aljazeera) တွင် ဖော်ပြခဲ့သည်။

“မနက် ၂ နာရီ လောက်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြောင့် ကျွန်တော်တို့ နိုးလာခဲ့ပါတယ်” ဟု အယ်ဂိုလာမိသားစု၏ အိမ်နီးနားချင်းတစ်ဦးဖြစ်သူ အာမက်အာရန် (Ahmed Ayyan) က ပြောကြားပြီး အယ်ဂိုလာ၏အိမ်ထဲတွင် လူ ၁၄ ဦး သို့မဟုတ် ၁၅ ဦးခန့် တည်းခိုနေကြောင်း ပြောကြားခဲ့သည်။

“အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး အားလုံးက အရပ်သားတွေပါ။ အဲဒီမှာ ဒုံးကျည်တွေ ပစ်တာ ဒါမှမဟုတ် ခုခံနေတဲ့သူ မရှိဘူး။” ဟု အာမက်အာရန်က ဆက်ပြောသည်။

ခန်းယူနစ်တွင် ခရိုင်အစိုးရအဆောက်အအုံတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး NHK ဂါဇာကမ်းမြောင်ရုံးမှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွင် ဒဏ်ရာရသူများကို တယောက်ပြီး တယောက် ခေါ်ဆောင်လာခြင်းကို ပြသထားသည်။

ဂါဇာကမ်းမြှောင်ဒေသ အသီးသီးတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ဆက်လက် တိုးမြင့်နေဆဲ ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယင်းအခြေအနေများအောက်တွင် ဓားစာခံများ လွတ်မြောက်ရေးနှင့် အပစ်အခတ် ရပ်စဲရေးဆီသို့ အစ္စရေးနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရန် ဟားမတ်စ်အဖွဲ့သည် ကြားခံနိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံသို့ ဇန်နဝါရီလ ၁ ရက်နေ့တွင် သွားရောက်ခဲ့ကြောင်း အာရပ်မီဒီယာအချို့က ဖော်ပြခဲ့သည်။

သို့သော်လည်း ဓားစာခံများကို မည်ကဲ့သို့ လွှတ်ပေးသင့်သည်ဆိုသည်ကို နှစ်ဖက်စလုံး၏ သဘောထားကွဲလွဲမှုကြောင့် ညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြကြပြီး အပစ်အခတ်ရပ်စဲရေး အောင်မြင်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဟားမတ်စ်အဖွဲ့ဘက်က စစ်ပွဲလုံးဝရပ်တန့်ပေးရန်နှင့် အစ္စရေးစစ်တပ် ဂါဇာမှ ထွက်ခွာရန် တောင်းဆိုထားပြီး အစ္စရေးတို့ဘက်က စစ်ပွဲကို ယာယီဝရပ်တန့်ရန်သာဖြစ်ကြောင်းနှင့် ဂါဇာမှ ထွက်ခွာရန်လည်း မဖြစ်နိုင်ကြောင်း ပြောကြားထားသည့်အတွက် အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ခက်ခဲနေသည်ဟု သိရသည်။

ဂါဇာကျန်းမာရေး အာဏာပိုင်များ၏ပေါ်ပြချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့အထိ သေဆုံးသူ ဦးရေမှာ ၄၅,၅၈၁ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ဆက်လက် မြင့်တက်လျက် ရှိသည်။

ယင်းအခြေအနေများအောက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက “ဟားမတ်စ်တွေက ဓားစာခံတွေကို ချက်ချင်း လွှတ်မပေးဘူးဆိုရင် အရင်က မကြုံဖူးတဲ့ ထိုးနှက်ချက်တွေကို ခံရလိမ့်မယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြှောင်တွင် ဆောင်းရာသီတွင် အအေးလွန်ကဲမှုကြောင့် ရွက်ဖျင်တဲများတွင် နေထိုင်နေရသည့် ပါလက်စတိုင်း ကလေးငယ်တစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ရသည်။ ဆိုးရွားသော အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

သတင်းရင်းမြစ်။ NHK, Aljazeera, ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်တို့ ဗီဒီယိုကွန်ဖရင့်ပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 8 Views
ဇန်နဝါရီလ (၂၃) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအကြာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဗီဒီယိုကွန်ဖရင့်မှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်က
နိုင်ငံတကာသတင်း အမေရိကန်

အဖွင့်ဆုတောင်းပွဲအတွင်း ဆရာတော် မာရီယန် ဘတ်ဒီက လူတွေကို သနားကြင်နာဖို့ ထရန့်ကို တိုက်ရိုက်အသနားခံခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 7 Views
ဇန်နဝါရီလ (၂၃) ရက်။ ဘတ်ဒီသည် ဝါရှင်တန်အမျိုးသားဘုရားကျောင်းတော်ကြီး (Washington National Cathedral) တွင် “ အခုအခါ ကြောက်လန့်နေကြတဲ့
နိုင်ငံတကာသတင်း အာရှ

ဆန္ဒအလျောက် ပုလိပ်အဖြစ် တာဝန်ထမ်းဆောင်သူ အိန္ဒိယရဲက မုဒိမ်းကျင့်သတ်ဖြတ်မှု ကျူးလွန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 12 Views
ဇန်နဝါရီလ (၂၂) ရက်။ အသက် (၃၁) နှစ်အရွယ် အငယ်တန်းဆရာဝန်မလေးကို မုဒိမ်းကျင့်သတ်ဖြတ်မှုတွင် အိန္ဒိယရဲက ကျူးလွန်ခဲ့တဲ့အတွက် လူထုကို အမျက်ဒေါသထွက်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့က ဆေးရုံတစ်ရုံမှာ အငယ်တန်းဆရာဝန်မလေးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ရဲတစ်ဦးကို
နိုင်ငံတကာသတင်း အမေရိကန်

LGBTQ စုံတွဲများသည် ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် အလျင်အမြန် လက်ထပ်ကြ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 13 Views
ဇန်နဝါရီလ (၂၁) ရက်။ ၂၀၂၄ ရွေးကောက်ပွဲ၏ရလဒ်များသည် LGBTQ စုံတွဲအချို့ကို အထူးစိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့သည်။ မကြာသေးမီက ဗဟိုတရားရုံးချုပ်၏ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် တရားရုံးချုပ် တရားသူကြီးများ၏ ထင်မြင်ယူဆချက်များကြောင့် သမ္မတ ဒေါ်နယ်ထရန့် ၏ ပထမဆုံး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အမိန့်ဖြင့် ဇန်န၀ါရီလ ၆ ရက်နေ့ လွှတ်တော်အကြမ်းဖက်သိမ်းပိုက်မှုတွင် ပါဝင်သူနှစ်ဦးကို စတင်လွှတ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 9 Views
ဇန်နဝါရီလ ၂၁ ရက်။ သမ္မတထရန့်သည် ဝါရှင်တန်ဒီစီ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော ဇန်န၀ါရီလ ၆ ရက်နေ့တွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားများကို သူသမ္မတဖြစ်လာသည့် ပထမနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာထူးပြန်လည်စတင်သည့်နေ့ သန်းခေါင်ယံမတိုင်မီလေးတွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်တို့က အမျိုးသမီး ဓားစာခံ ၃ ဦး ပထမဆုံး ပြန်လွှတ်မည်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 17 Views
ဇန်နဝါရီလ (၁၉) ရက်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို သတ်မှတ်ထားချိန်ထက် ၃ နာရီနောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးမတိုင်မီအထိ အစ္စရေးတို့က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၉ ဦးသေဆုံးသွားခဲ့ကာ ၃၆
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အထူးသတင်း-အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး စတင်လိုက်ပြီ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 19 Views
ဇန်နဝါရီ (၁၉) ရက်။ ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ (မြန်မာစံတော်ချိန်စံတော်ချိန် ညနေ ၄ နာရီခွဲ) မှာ အစ္စရေး ဝန်ကြီးချုပ်ရုံးမှ ၁၉ ရက်နေ့မှာ ပြန်လွှတ်ပေးရန်
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ နှုတ်ဆက်မိန့်ခွန်း ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 26 Views
+++++++++++++++++++++++++++++ ကျွန်ုပ်ရဲ့ လေးစားအပ်သော အမေရိကန်များကို ဘဲဥပုံရုံးကနေကျွန်ုပ်ခင်ဗျားတို့ကို ဒီနေ့ည စကားပြောပါ့မယ်ဆိုတဲ့စကားနဲ့အစချီပြီး အမေရိကန်သမတကြီးဂျိုးဘိုင်ဒင်က အစပဏာမမှာ သူ့အနေနဲ့နောက်တက်လာမယ့်သမတထရန့်နဲ့ အခြေအတင် ဖြစ်ခဲ့မှုတွေ ရှိခဲ့လင့်ကစား အမေရိကန် ဒီမိုက‌ရေစီစနစ်ရဲ့ လေးစားထိုက်တဲ့အမူအကျင့်ကိုပြသတဲ့အနေနဲ့ သူဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်သွားခဲ့ပေမဲ့ သူ့အစိုးရက