နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

မတ်လ (၄) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အနောက်နိုင်ငံတွေကနေ ပိတ်ဆို့အရေးယူမှုများ ရင်ဆိုင်နေရပြီး အထီးကျန်ဆန်နေချိန်မှာ မော်စကိုနဲ့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲစေဖို့ ကြိုးပမ်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံကို စစ်ခေါင်းဆောင်ရဲ့ စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပြီး ဒီတချိန်ပဲ ပူတင်က လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက မြန်မာ့စစ်တပ်ကို ပိတ်ဆို့အရေးယူသားပြီး အာဏာသိမ်းမှုနဲ့ အတိုက်အခံတွေကို ပြင်းထန်တဲ့ ဖိနှိပ်မှုတွေကြောင့် အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

ကရင်မလင် ဆွေးနွေးပွဲ အစတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့ပြီး ပူတင်က နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ နိုင်ငံတကာ နယ်ပယ်မှာ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးလာနေမှုကို သတိပြုမိပြီး မော်စကိုကို ဆင်ခြောက်ကောင် ပို့ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့အတူ မြန်မာနိုင်ငံအတွက် အဓိကထောက်ခံအားပေးသူဖြစ်ပြီး ရုရှားလုပ် တိုက်လေယာဉ်တွေကို ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်ဖြစ်တဲ့ တိုင်းရင်းသားလူနည်းစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို တိုက်ခိုက်ရာမှာ အသုံးပြုလျက်ရှိပါတယ်။

ရုရှားနိုင်ငံဟာ နိုင်ငံတကာဖိုရမ်တွေမှာ မြန်မာစစ်အစိုးရကို ခုခံကာကွယ်နေပြီး လက်ရှိအာဏာရဗိုလ်ချုပ်ကြီးတွေဟာ မော်စကိုရဲ့ နိုင်ငံခြားရေးမူဝါဒအစီအစဉ်ကို ယေဘုယျအားဖြင့် ထောက်ခံကြပြီး နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွေကိုလည်း ပြုလုပ်နေကြပါတယ်။

နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်ကိုလည်း ရုရှား-မြန်မာအကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စစ်ခေါင်းဆောင်က ရုရှားရဲ့ ထောက်ပံ့ကူညီမှုအတွက် ပူတင်ကို ကျေးဇူးတင်ကြောင်းနှင့် ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးဆောင်ရွက်မှုအတွက် မြန်မာစစ်တပ်ရဲ့ ပံ့ပိုးကူညီမှုကိုလည်း အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ရုရှားဟာ မြန်မာစစ်တပ်ရဲ့ အဓိကကျောထောက်နောက်ခံဖြစ်တယ်” လို့ စင်ကာပူအခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျုမှ လေ့လာသုံးသပ်သူ Morgan Michaels က ပြောဆိုခဲ့ပြီး “သံတမန်ရေးရာနဲ့ သင်္ကေတဆိုင်ရာ ပံ့ပိုးကူညီမှုအပြင်၊ စစ်အစိုးရရဲ့ စစ်တိုက်စွမ်းရည်ကို မြှင့်တင်ဖို့နဲ့ ရေရှည်တည်တံ့ဖို့ အရေးကြီးသောအခန်းကဏ္ဍက ပါဝင်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

NUG အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တပ်မတော် ခေါင်းဆောင်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု လိုအပ်နေပြီး နိုင်ငံရဲ့ သယံဇာတတွေကို အပြန်အလှန် ဖလှယ်ဖို့ ဆန္ဒရှိနေတယ်လို့ ပြောပါတယ်။

“ဒါကြောင့် သူ့အာဏာကို ထိန်းထားနိုင်ရင် သူ့ကို အသိအမှတ်ပြုမယ့် နိုင်ငံတွေကို သွားပြီး အကူအညီ တစ်မျိုးမျိုး ပေးပြီးတော့ တိုင်းပြည်နဲ့ လိုချင်တာကို ဖလှယ်မယ်” လို့ နေဘုန်းလတ်က တနင်္လာနေ့မှာ အေပီကို မက်ဆေ့ချ်နဲ့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်။ အေပီ

Russian President Vladimir Putin meets with Myanmar’s military chief Min Aung Hlaing at the Grand Kremlin Palace in Moscow on March 4, 2025. (Photo by Pavel Bednyakov / POOL / AFP)
Russian President Vladimir Putin shakes hands with Myanmar’s military chief Min Aung Hlaing during their meeting at the Grand Kremlin Palace in Moscow on March 4, 2025. (Photo by Pavel Bednyakov /

POOL / AFP)
Myanmar’s military chief Min Aung Hlaing presents a book to Russian President Vladimir Putin during their meeting at the Grand Kremlin Palace in Moscow on March 4, 2025. (Photo by Pavel Bednyakov / POOL / AFP)
Russian President Vladimir Putin meets with Myanmar’s military chief Min Aung Hlaing at the Grand Kremlin Palace in Moscow on March 4, 2025. (Photo by Pavel Bednyakov / POOL / AFP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 119 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို