နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းနိုင်ငံကိုရောက်နေတဲ့ စစ်ခေါင်းဆောင် နီပေါနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံ

တွေ့ဆုံပွဲထဲ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာကို စစ်ခေါင်းဆောင် ထည့်သွင်းပြောဆိုခဲ့

ဧပြီလ (၄)ရက်။

မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နှစ်ဖက်တွေ့ဆုံပွဲထဲ နှစ်နိုင်ငံချစ်ကြည်ရေး မြှင့်တင်ဆောင်ရွက်ဖို့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လရီူသွားကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်တာ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ အခုနှစ်ကုန် ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်နေတဲ့ အခြေအနေနဲ့ နှစ်နိုင်ငံ နိုင်ငံတကာစာမျက်နှာမှာ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်တဲ့အခြေအနေတွေကို ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အပေါ် နီပေါနိုင်ငံက ကူညီပေးတာတွေနဲ့ ၂၀၁၅ခုနှစ်က နီပေါငလျင်ကို အချိန်နဲ့တပြေးညီ ကူညီပေးခဲ့သလို အခုအခါ နိုင်ငံထဲ ငလျင်ဒဏ်ကျရောက်ချိန် ကူညီတဲ့အပေါ် ကျေးဇူးတင်တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

၂၀၁၅ခုနှစ်ထဲ နီပေါမှာ ငလျင်လှုပ်ခတ်ချိန်က သေဆုံးသူ (၉၀၀၀)ကျော်ရှိပြီး ထိခိုက်သူ (၂၃၀၀၀)ကျော်ရှိခဲ့ကာ မြန်မာမှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့တာကြောင့် မြန်မာပြည်သူတွေနဲ့အတူ ထပ်တူဝမ်းနည်းတယ်လို့ နီပေါဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နီပေါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံဖြစ်ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို ဆက်လက်တိုးမြှင့်သွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးခံရသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 39 Views
မေလ (၁၇) ရက်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားဆဲ
မြန်မာသတင်း

မင်းပြားတိုက်ပွဲက ဖမ်းဆီးရမိတဲ့ စစ်သုံပန်း မိသားစုများကို AA ပြန်လွှတ်

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 9 Views
မေလ (၁၇) ရက်။ အာရက္ခတပ်တော် (AA) က တိုက်ပွဲအတွင်း မင်းပြားမြို့ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းမိသားစုဝင် ၂၂၅ ဦးကို
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 17 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၆)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ (၂)နှစ်ကျော်ကာလထဲ ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ် (၁၃)ခုမှာ
မြန်မာသတင်း

MNDAA ရဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်တာက အသက်ပေးခဲ့တဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ SAC-M ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
မေလ (၁၆)ရက်။ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်ဖို့ ‌ဆုံးဖြတ်ခဲ့တာဟာ အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ “ MNDAA က လားရှိုးမြို့ကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌မေလ (၁၄)ရက်နေ့က ကျောက်တော်မြို့ ရွာမရပ်ကွက်ကို
မြန်မာသတင်း

မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တဲ့ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
မေလ (၁၆)ရက်။ မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တာတွေ ကျူးလွန်တဲ့ (၁၇)ဦးပါ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ဂိုဏ်းအဖွဲ့မှာ အမျိုးသား (၁၅)ဦးနဲ့ အမျိုးသမီး (၂)ဦးတို့ဖြစ်ပြီး အမရပူရ၊
နိုင်ငံတကာသတင်း မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာခုံရုံးတွေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ ဆွေးနွေး

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၅)ရက်။ မနေ့က တောင်ကိုရီးယားနိုင်ငံမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ SAC-M အဖွဲ့ဝင် Professor Yanghee Lee တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ