နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က သူ၏အမေရိကန်ကြီးမြတ်စေရန် နိုင်ငံများကို အခွန်စည်းကြပ်လိုက်သည့်အကျိုးဆက်

ဧပြီလ (၄) ရက်။

ပြည်ပတွင် အလုပ်ရုံများတည်ဆောက်ပြီး လုပ်ခသက်သာစွာ မိမိတို့ကုမ္ပဏီ ထုတ်ကုန်များ ထုတ်လုပ်နေသော အမေရိကန်ကုမ္ပဏီများအတွက် သူတို့၏ ထုတ်ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံတွင်းသို့ တင်ပို့သောအခါ ပြည်ပနိုင်ငံထုတ်ကုန်များ ဖြစ်နေသဖြင့် ထရန့်၏ စည်းကြပ်ခွန်တိုးမြှင့်သည့်အမိန့်အရ အခွန်တိုးမှုကို ကာမိစေရန် ယခင်ဈေးထက် ပို၍ဈေးတင် ရောင်းချကြရတော့မည်ဖြစ်ပြီး ဝယ်လိုအားကျဆင်းနိုင်မှု အန္တရာယ်နှင့်ရင်ဆိုင်နေကြရသည့် အမေရိကန် ကုမ္ပဏီများကို အောက်တွင် ဖော်ပြလိုက်သည်။

Best Buy သည် သူထုတ်ကုန်၏ ၅၅% ကို တရုတ်ပြည်တွင် ထုတ်လုပ်သည်။

(Best Buy သည် ကမ္ဘာ့အကြီးဆုံး အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင် ဖြစ်သည်။)

Apple သည်သူ၏အိုင်ဖုံးအစိတ်အပိုင်းများကို အဓိကတပ်ဆင်မှုကို တရုတ်ပြည်တွင် ဆောင်ရွက်သည်။

Adidas ဖိနပ်ထုတ်လုပ်သည့် ကုမ္ပဏီသည် သူ့ဖိနပ်အများစုကို ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်သည်။

Nike ဖိနပ်ထုတ်လုပ်သည့်ကုမ္ပဏီသည် မနှစ်က သူ့ကုမ္ပဏီ၏ ဖိနပ်ထုတ်ကုန် တဝက်ခန့်ကို ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်သည်။

Way Fair ပရိဘောကကုမ္ပဏီသည် ထုတ်ကုန်များကို တရုတ်၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့တွင် ထုတ်လုပ်သည်။

Tonka Dump Truck ကုမ္ပဏီသည် ကလေးကစားစရာများ အရုပ်များကိုထုတ်လုပ်ပြီး ၉၉%ကို တရုတ်ပြည်တွင် ထုတ်လုပ်သည်။ အမေရိကန်ပြည်တွင်းတွင် ထိုကဲ့သို့ ပစ္စည်းထုတ်လုပ်နိုင်သည့် စက်ရုံမရှိဟု ပိုင်ရှင်ကဆိုသည်။

စီးပွားရေးသုံးသပ်သူများက ထရန့်၏ စည်းကြပ်အခွန်အသစ်ကြောင့် ကမ္ဘာစီးပွားရေး ကပ်ဆိုက်နိုင်သည်ဟု ဟောကိန်းထုတ်နေကြသည်။

ထိုစည်းကြပ်ခွန်အသစ်ကို ကြေညာပြီးနောက် စတော့ဈေးကွက်များချက်ချင်းကျဆင်းလာခဲ့သည်။

Dow Jones Industries 40,532.44 -4.01% ကျဆင်းခဲ့သည်။

S&P 500 5,391.00 -4.89% ကျဆင်းခဲ့သည်။

NASDAG Composite 16,535.65 -6.02% ကျဆင်းခဲ့သည်။

စုစုပေါင်း အစုရှယ်ယာဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံအရှုံးပေါ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက