နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘန်ကောက်ရောက်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ထိုင်းတက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦး တစ်ကိုတော် ဆန္ဒထုတ်ဖော်

ဘန်ကောက်ရောက်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ထိုင်းတက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦး တစ်ကိုတော် ဆန္ဒထုတ်ဖော်

ဧပြီလ (၄) ရက်။

ဒီနေ့ ဧပြီ ၄ ရက် ထိုင်းစံတော်ချိန် ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ BIMSTEC အစည်းအဝေးကျင်းပရာ ဘန်ကောက်မြို့ ရှိ ရှန်ဂရီလာဟိုတယ်မှာ ထိုင်းနိုင်ငံသား တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦး တစ်ကိုယ်တော် ရောက်ဆန္ဒပြခဲ့ပါတယ်။

သူက ဟိုတယ်အတွင်း ဝင်ရောက်ခဲ့ပြီး “ အာဏာရှင် လူသတ်သမား မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံက မကြိုဆိုဘူး။ အပြစ်မဲ့ပြည်သူ ၆၀၀၀ ကျော်ရဲ့ သွေးတွေစွန်းနေတဲ့ မင်းအောင်လှိုင်ရဲ့လက်ကို လက်ဆွဲနှုတ်ဆက်ရတာ ဝန်ကြီးချုပ် ပေထုံတန်အနေနဲ့ ဘယ်လိုခံစားရသလဲ။

ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်ထားပေမဲ့ အပြစ်မဲ့ပြည် သူတွေကို သတ်တဲ့ စစ်အာဏာရှင်နဲ့ ဆွေးနွေးပွဲ လုပ်ရတာ မရှက်ကြဘူး လား။ ထိုင်းနိုင်ငံက မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်တယ်။ ထိုင်းပြည်သူတွေက လူသတ်အာဏာရှင်တွေကို လက်မခံဘူး “ လို့ မြန်မာလိုအဓိပ္ပါယ်ရတဲ့ ထိုင်းဘာသာ စကားနဲ့ ဆန္ဒပြတဲ့ တက္ကသိုလ်ကျောင်းသားက ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အဲ့ဒီတက္ကသိုလ်ကျောင်းသားကို လုံခြုံရေးတွေက ဟိုတယ်အပြင်ကို ခေါ်ထုတ်သွားခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

နောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားကို ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဧပြီ ၃ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေတဲ့ ရှန်ဂရီလာဟိုတယ်မှာ မြန်မာနိုင်ငံသား ကိုဖြိုးပိုင်လည်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ရာ ထိုင်းရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည်
မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 28 Views
ဇန်နဝါရီလ (၂၆)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ
မြန်မာသတင်း

မြိုင်မြို့တိုက်ပွဲထဲ ရဲဘော် (၃)ဦးကျဆုံးပြီး (၁)ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 35 Views
ဇန်နဝါရီလ (၂၆)ရက်။ မြိုင်မြို့နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၅)ရက်နေ့က ပျုစောထီးတွေနဲ့ စခတွေ ထန်းအူတွေပေါက်ပြီး ရိက္ခာရှာ‌နေတာကို ကင်းထောက်ဒရုန်းကနေ တွေ့ခဲ့တာ။ (၂၂)ရက်နေ့မှာ
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံး (၄၀)မမနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 32 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က ရန်ကုန် လှိုင်သာယာမြို့(အနောက်ပိုင်း)ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံးကို (၄၀)မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီရွေးကောက်ပွဲကော်မရှင်ရုံးက ပြည်သူတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ ရှိနေတာနဲ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

စစ်ပွဲကာလအတွင်း အမေရိကန်၊ ယူကရိန်းနှင့် ရုရှားတို့ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် ဆွေးနွေးမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ယူကရိန်း၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ ညှိနှိုင်းရေးမှူးများသည် သောကြာနေ့က အာရပ် စော်ဘွားများပြည်ထောင်စု (UAE) တွင် ဆွေးနွေးမှုများ စတင်ခဲ့ကြသည်။ ယင်းသည် ၂၀၂၂
ကမ္ဘောဒီးယား တောင်ကိုရီးယား နိုင်ငံတကာသတင်း

နောင်တရနေသော ဆိုင်ဘာလိမ်လည်သူတစ်ဦး ကမ္ဘောဒီးယားအကျဉ်းစခန်းမှ မည်သို့လွတ်မြောက်ခဲ့သလဲ – သူကိုယ်တိုင် လိမ်လည်ခံခဲ့ရသူများနှင့် ပူးပေါင်းခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက် ဆိုးလ်မြို့ –ဒက်စ် (Dex) သည် မိမိကိုယ်ကိုယ် လိမ်လည်သူတစ်ဦးအဖြစ် မရှုမြင်ခဲ့ပေ။ ကမ္ဘောဒီးယားရှိ သူ၏ အလုပ်သစ်တွင် ပထမနှစ်လအတွင်း သူသည် အမိန့်များကိုသာ နာခံ ခဲ့သည်။ နေ့စဉ်နေ့တိုင်း
နိုင်ငံတကာသတင်း ရုရှား

ရုရှားသည် ပြည်ပရောက် ဝေဖန်ရေးသမားများကို ပစ်မှတ်ထားရန် အင်တာပိုလ်(Interpol) ၏ အလိုရှိသူစာရင်းကို အသုံးချနေကြောင်း ပေါက်ကြားလာသည့် အချက်အလက်များက ဖော်ပြခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 17 Views
BBC – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) မှ သတင်းပေးသူတစ်ဦးက ထုတ်ဖော်လိုက်သည့် ဖိုင်ပေါင်းထောင်ချီတွင် ရုရှားနိုင်ငံသည် ပြည်ပရောက် ၎င်း၏ ဝေဖန်ရေးသမားများကို ပစ်မှတ်ထားရန်အတွက် နိုင်ငံတကာရဲတပ်ဖွဲ့၏
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမင်နီအာ့ပလစ် (Minneapolis) မြို့တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဘွယ် ပစ်သတ်ခံရသည့်သူနာပြု အဲလက်စ် ပရက်တီအကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက် မင်နီယာပိုလစ် (Minneapolis) မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အရာရှိ များက ဝိုင်းပစ်ခတ်သည့်အတွက် သေဆုံးခဲ့ရသော အဲလက်စ် ပရက်တီ(Alex Pretti) နှင့် ပတ်သက်သည့်ကြေကွဲဘွယ် အကြောင်းအရာများကို အောက်တွင် ဖော်ပြပေးလိုက်သည်။ဖြစ်စဉ်အကျဉ်းအသက်