နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ပြင်သစ် ဓာတ်ပုံသတင်းထောက် ယူကရိန်းတွင် ဒရုန်းဖြင့် သေဆုံးခဲ့ကြောင်း ဓာတ်ပုံအေဂျင်စီ ပြော

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၄ရက်

ပြင်သစ်ဓာတ်ပုံသတင်းထောက် အန်တိုနီ လယ်လီကန် (Antoni Lallican) သည် သောကြာနေ့က ယူကရိန်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သည်ဟု ၎င်း၏ အလုပ်ရှင်နှင့် ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် တို့က ပြောကြားခဲ့သည်။

ဟန့်စ် လူးကပ်စ် (Hans Lucas) ဓာတ်ပုံအေဂျင်စီ၏ အဆိုအရ အသက် ၃၈ နှစ်အရွယ်ရှိ လယ်လီကန်သည် သောကြာနေ့မနက်ပိုင်းက ၎င်းတို့အတွက် တာဝန်ထမ်းဆောင်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ယူကရိန်းသတင်းထောက် ဟီယိုဂီ အီဗန်ချန်ကို (Heorgiy Ivanchenko) လည်း ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာနှင့် ဥရောပ သတင်းထောက်များ အဖွဲ့ချုပ် (IFJ-EFJ) က ပြောကြားခဲ့သည်။ ထို့အပြင် သတင်းထောက်နှစ်ဦးစလုံးသည် “ Press” ဟု စာတမ်းထိုးထားသော သံချပ်ကာအင်္ကျီများ ဝတ်ဆင်ထားကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

CNN သို့ ပေးပို့သော ထုတ်ပြန်ချက်တွင် ဟန့်စ် လူးကပ်စ် အေဂျင်စီက လယ်လီကန်သည် ၂၀၁၈ ခုနှစ်မှစ၍ ကုမ္ပဏီအတွက် အလုပ်လုပ်ခဲ့သော ဆုရ ဓာတ်ပုံပညာရှင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သူ၏ လက်ရာများသည် လူမှုရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များကို အာရုံစိုက် ထားပြီး၊ ပဋိပက္ခဇုန်များနှင့် လူ့အခွင့်အရေးကို အထူးအလေးထားပါသည်” ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ “ယူကရိန်းပဋိပက္ခအပေါ် အထူးစိတ်အား ထက်သန် သူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားကျူးကျော်စတင်ချိန်မှစ၍ ထိုနေရာသို့ ပုံမှန်ခရီးသွားခဲ့သည်” ဟုလည်း ဆိုသည်။

သမ္မတ မက်ခရွန်နှင့် ယူကရိန်း၏ တုံ့ပြန်မှု

သမ္မတ မက်ခရွန် က ဆိုရှယ်မီဒီယာတွင် လယ်လီကန်သည် “ခုခံမှု ရှေ့တန်းတွင် ယူကရိန်းစစ်တပ်နှင့်အတူ လိုက်ပါသွားခဲ့သည်” ဖြစ်ပြီး ရုရှားဒရုန်းတိုက်ခိုက်မှု၏ သားကောင်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရုရှားဒရုန်းတိုက်ခိုက်မှုရဲ့ သားကောင်အဖြစ် သူ့ရဲ့ သေဆုံးမှုကို နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းခြင်းနဲ့အတူ သိရှိခဲ့ရပါတယ်” ဟု မက်ခရွန်က ရေးသားခဲ့ပြီး လယ်လီကန်၏ မိသားစုအား စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း” ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆစ်ဘီဟာ (Andrii Sybiha) ကလည်း ပို့စ်တစ်ခုတွင် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

လယ်လီကန်သည် ရုရှား၏ ပထမဆုံးလူမြင်ကွင်း (FPV) ဒရုန်းဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ယူကရိန်းသတင်းစာဆရာများအမျိုးသားသမဂ္ဂ (NUJU) ဥက္ကဋ္ဌ ဆာဂေ တိုမီလန်ကို (Sergiy Tomilenko) ၏ ဆိုရှယ်မီဒီယာပို့စ်အရ သိရသည်။

“လက်ရှိမှာ သတင်းထောက်တွေအတွက်ရော၊ အရပ်သားအားလုံးအတွက်ပါ အဓိကခြိမ်းခြောက်မှုကတော့ လူတွေကို လိုက်လံရှာဖွေနေတဲ့ ရုရှားဒရုန်းတွေပါပဲ” ဟု တိုမီလန်ကိုက ရေးသားခဲ့သည်။

CNN မှ မှတ်ချက်ပေးရန်အတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ထားသည်။

ရှေ့တန်းအနီးရှိ ယူကရိန်းမြို့များမှ အရပ်သားများသည် ရုရှား၏ FPV ဒရုန်းများက စဉ်ဆက်မပြတ် ခြိမ်းခြောက်မှုဖြစ်နေကြောင်း CNN သို့ ယခင်က ပြောကြားခဲ့ဖူးပြီး၊ လမ်းလျှောက်သူများ၊ ကားများ၊ ဘတ်စ်ကားများနှင့် လူနာတင်ယာဉ်များပင်လျှင် ပစ်မှတ်မလွတ်ဘဲ တိုက်ခိုက်ခံနေရသည်။

ရုရှားက အရပ်သားများကို ပစ်မှတ်မထားကြောင်း အကြိမ်ကြိမ် အခိုင်အမာ ပြောကြားထားသည်။

သတင်းထောက်များကို ကာကွယ်ရန် ကော်မတီ (Committee to Protect Journalists) ၏ အဆိုအရ လယ်လီကန်ကို မရေတွက်သေးလျှင် ရုရှားကျူးကျော်စတင်ချိန်မှစ၍ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး သတင်းယူရင်း သတင်းထောက် အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့သည်။ အများစုမှာ စစ်ပွဲ၏ ပထမနှစ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ပြင်သစ်ဓာတ်ပုံသတင်းထောက် အန်တိုနီ လယ်လီကန် (Antoni Lallican)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 11 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny)
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 33 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင် သိချင်မှ သိပါလိမ့်မည်။ သို့သော် သင့်အိမ်ထဲတွင် ယင်းသတ္တု အမြောက် အမြား ရှိနေပါသည်။
နိုင်ငံတကာသတင်း အီရန်

အီရန်အာဏာပိုင်များသည် နိုဘယ်လ်ဆုရှင် နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) အပေါ် ‘အသက်အန္တရာယ်စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ’ ပြုလုပ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီ ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟာမ္မဒီသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အီရန်အာဏာပိုင်များ၏ ရိုက်နှက်ခြင်းနှင့် “အသက်အန္တရာယ် စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ” ကို ခံခဲ့ရကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

တဲလ်အဗစ်၊ အစ္စရေး — အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ယခုသီတင်းပတ် ဝါရှင်တန်ဒီစီ ခရီးစဉ်မတိုင်မီ၊ အစ္စရေးသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) ဒေသအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ရန် ကျယ်ပြန့်သော ခြေလှမ်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက် တနင်္ဂနွေနေ့တွင် အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် နိုင်ငံ၏ ဥပဒေစိုးမိုးရေးအာဏာကို တိုးချဲ့မည့်အပြင် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် နိုင်ငံတော်မှ မြေယာဝယ်ယူခွင့် ပြုမည့် အစီအမံများကို အတည်ပြုခဲ့သည်။ ယင်းလုပ်ရပ်မှာ အနောက်ဖက်ကမ်း ရှိ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 27 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မဲပြန်လည်ရေတွက်ရန် တောင်းဆိုဆန္ဒပြသူများအပေါ် အင်အားသုံးဖြေရှင်းခြင်းမျိုး မပြုလုပ်ရန် တာဝန်ရှိသူများကို တိုက်တွန်းလိုက်သည်။
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ်

Gen Z က တော်လှန်ရေးတွင် အောင်ပွဲခံခဲ့သော်လည်း ရွေးကောက်ပွဲကိုမူ မျိုးဆက်ဟောင်း များကသာ လွှမ်းမိုးထားဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက် သက်ကြီးဝါကြီး အာဏာရှင်ကို ဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ၏ တော်လှန်ရေးအပြီး၊ နိုင်ငံ၏လမ်းကြောင်းသစ်ကို ပုံဖော်နိုင်မည်ဟု သန်းနှင့်ချီသော လူငယ်များ မျှော်လင့်နေကြသည့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့၌