နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း

ဂျပန်အာဏာရပါတီ ခေါင်းဆောင်အသစ်ရွေးချယ်၊ နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၄ရက်

ဂျပန်နိုင်ငံ၏ အာဏာရပါတီသည် စနေနေ့တွင် စီးပွားရေးလုံခြုံရေးဝန်ကြီးဟောင်း ဆနဲ တာကာအိချိ (Sanae Takaichi) ကို ၎င်း၏ခေါင်းဆောင်အသစ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပြီး၊ ၎င်းအား နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာမည့် အလားအလာရှိသည်။

ကျား၊မ တန်းတူညီမျှမှုအတွက် နိုင်ငံတကာအဆင့်သတ်မှတ်ချက်တွင် အဆင့်နိမ့်ကျနေသော နိုင်ငံတစ်နိုင်ငံတွင် တာကာအိချိသည် ဂျပန်၏ ကာလကြာရှည် အုပ်ချုပ်ခဲ့သော လက်ယာစွန်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)ပထမဆုံး အမျိုးသမီးခေါင်းဆောင်အဖြစ် သမိုင်း မှတ်တမ်းတင်မည်ဖြစ်သည်။ ၎င်းသည် အမျိုးသားများ လွှမ်းမိုးထားသည့် ပါတီအတွင်းမှ အစဉ်အလာအကျဆုံး အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

တာကာအိချိသည် စနေနေ့က LDP ၏ ပါတီတွင်းမဲပေးမှုတွင် စိုက်ပျိုးရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိ (Shinjiro Koizumi) ကို အနိုင်ရရှိခဲ့သည်။ ကိုအိဇုမိသည် လူကြိုက်များခဲ့သော ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအိဇုမိ (Junichiro Koizumi) ၏သားဖြစ်သည်။

အဓိကရွေးကောက်ပွဲ ရှုံးနိမ့်မှုများအပြီးတွင် ပါတီက ပြည်သူ့ထောက်ခံမှုကို ပြန်လည်ရယူပြီး အာဏာဆက်လက်တည်မြဲရန် မျှော်လင့်နေချိန်တွင် တာကာအိချိသည် ဝန်ကြီးချုပ် ရှိဂီရု အိရှိဘ (Shigeru Ishiba) ၏ နေရာကို ဆက်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါပါတီသည် နိုင်ငံ၏ခေါင်းဆောင်ကို ဆုံးဖြတ်သည့် အောက်လွှတ်တော်တွင် ယနေ့အထိ အကြီးဆုံးပါတီအဖြစ် ဆက်လက်တည်ရှိနေခြင်းနှင့် အတိုက်အခံအဖွဲ့များ အစိတ်စိတ် အမြွှာမြွှာ ကွဲပြားနေခြင်းတို့ကြောင့် တာကာအိချိသည် ဂျပန်၏ နောက်လာမည့် ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသည်။

လွန်ခဲ့သောတစ်နှစ်အတွင်း ပါလီမန်ရွေးကောက်ပွဲများတွင် အဆက်မပြတ်ရှုံးနိမ့်ခဲ့ခြင်းကြောင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုလုံးတွင် အနည်းစုဖြစ်ခဲ့ရသော LDP သည် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများကို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ၎င်း၏ မူဝါဒများကို အကောင်အထည်ဖော်ရန်အတွက် အဓိက အတိုက်အခံအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေနိုင်မည့် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်လိုသည်။

ပါတီတွင်း ရွေးကောက်ပွဲနှင့် မဲပေးမှု

LDP ၏ ဥက္ကဋ္ဌနေရာအတွက် လက်ရှိဝန်ကြီးနှစ်ဦးနှင့် ဝန်ကြီးဟောင်းသုံးဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။

စနေနေ့က မဲပေးမှုတွင် LDP ပါလီမန်အမတ် ၂၉၅ ဦးနှင့် အသင်းဝင်ကြေး ပေးဆောင်ထားသူ ၁ သန်းခန့်သာ ပါဝင်ခဲ့သည်။ ၎င်းသည် ဂျပန်ပြည်သူလူထု၏ ၁ ရာခိုင်နှုန်းကိုသာ ထင်ဟပ်စေသည်။

ပါလီမန်မဲပေးမှုကို အောက်တိုဘာလလယ်တွင် ပြုလုပ်ရန် မျှော်လင့်ရသည်။ နိုင်ငံရေး လစ်ဟာမှု ရှည်ကြာစေသည်ဟု အတိုက်အခံခေါင်းဆောင်များ၏ ဝေဖန်ခြင်းခံနေရသော LDP သည် အလျင်စလိုလုပ်ဆောင်ရန် လိုအပ်သည်၊ အဘယ်ကြောင့်ဆိုသော် အနိုင်ရသူသည် မကြာမီတွင် သံတမန်ရေးရာ စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းမှာ ဂျပန်နိုင်ငံအား ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် တောင်းဆိုနိုင်သည့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်ပ်နှင့် ဖြစ်နိုင်ဖွယ်ရှိသော ထိပ်သီးအစည်းအဝေး ဖြစ်သည်။

အဆိုပါ အစည်းအဝေးကို အောက်တိုဘာလနှောင်းပိုင်းတွင် စီစဉ်ထားကြောင်း သတင်း ရရှိသည်။ ထရန့်ပ်သည် အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်မည့် တောင်ကိုရီးယားရှိ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးသို့ သွားရောက်မည်ဖြစ်သည်။

အတိုက်အခံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် မူဝါဒများ

LDP သည် ၎င်းက လျစ်လျူရှုထားခဲ့သည်မှာ ကြာပြီဖြစ်သော အတိုက်အခံများထံမှ အကူအညီလိုအပ်နေသည်။ ပါတီသည် လက်ရှိ ပျော့ပြောင်း၍ အလယ်အလတ် လမ်းစဥ်ရှိသော ကိုမီတို  (Komeito) ပါတီနှင့် ဖွဲ့ထားသော မဟာမိတ်အဖွဲ့ကို အဓိက အတိုက်အခံပါတီများထဲမှ အနည်းဆုံး တစ်ခုနှင့် တိုးချဲ့ရန် စီစဉ်ဖွယ်ရှိသည်။

ကိုယ်စားလှယ်လောင်း ၅ ဦးစလုံးသည် အတိုက်အခံနှင့် လက်တွဲလုပ်ဆောင်လိုကြောင်း ပြသရန် မိမိကိုယ်ကို အလယ်အလတ် ရှေးရိုးသမား ကွန်ဆာဗေးတစ်များ” အဖြစ် ဖော်ပြခဲ့ကြသည်။

၎င်းတို့အားလုံးသည် ဈေးနှုန်းတက်ခြင်းကို တိုက်ဖျက်ရန်နှင့် လစာတိုးမြှင့်ခြင်းကာကွယ်ရေးနှင့် စီးပွားရေးကို အားကောင်းစေရန်နှင့် နိုင်ငံခြားသားလုပ်သားများအပေါ် ပိုမိုတင်းကျပ်သော အစီအမံများအတွက် မဲဆွယ်စည်းရုံးခဲ့ကြသည်။ ၎င်းတို့သည် ကျား၊မ တန်းတူညီမျှရေးနှင့် လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုကဲ့သို့သော သဘောထားကွဲလွဲစေသည့် လစ်ဘရယ် လူမှုရေးပြဿနာများကို ရှောင်ရှားခဲ့ကြသည်။

ကျွမ်းကျင်သူများက ၎င်းတို့သည် သမိုင်းဆိုင်ရာကိစ္စရပ်များ၊ လိင်တူချင်းလက်ထပ်ခြင်းနှင့် အခြားအငြင်းပွားဖွယ်ရာ အကြောင်းအရာများအပြင် ရွေးကောက်ပွဲရှုံးနိမ့်မှုများ၏ အဓိကအကြောင်းရင်း ဖြစ်ခဲ့သော ပါတီ၏ နိုင်ငံရေးရန်ပုံငွေ အရှုပ်တော်ပုံနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအမံများ အကြောင်းကိုပင် ဆွေးနွေးခြင်းမှ ရှောင်ရှားခဲ့သည်ဟု ဆိုသည်။

၎င်းတို့၏ ထိုကဲ့သို့ ရှောင်ရှားမှုများသည် ပါတီ၏ ပြည်သူ့ယုံကြည်မှုကို ပြန်လည်ရယူနိုင်မည့် စွမ်းရည်အပေါ် သံသယများ ဖြစ်ပေါ်စေသည်ဟု သုံးသပ်သူများက ပြောကြားခဲ့သည်။

ယခင်စစ်တမ်းများအရ ကိုအိဇုမိ၊ တာကာအိချိနှင့် အလယ်အလတ်ဝါဒီ ဝါရင့်နိုင်ငံရေး သမားဖြစ်သူ အစိုးရအဖွဲ့ အကြီးအကဲ အတွင်းဝန် ယိုရှီမာဆာ ဟာယာရှီ (Yoshimasa Hayashi) တို့သည် ရှေ့တန်းမှ ပြေးနေသူများဖြစ်သည်။

ကုန်သွယ်ရေးဝန်ကြီး တိုရှီမီဆု မိုတဲဂိ (Toshimitsu Motegi) နှင့် စီးပွားရေးဝန်ကြီး တာကာယူကိ ကိုဘာယာရှီ (Takayuki Kobayashi) တို့ နှစ်ဦးကိုမူ ဖြစ်နိုင်ခြေနည်းသော ပြိုင်ဘက်များအဖြစ် ရှုမြင်ခဲ့ကြသည်။

အကယ်၍ကိုအိဇုမိသာ အနိုင်ရခဲ့ပါက ရာစုနှစ်တစ်ခုကျော်အတွင်း အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။

ဆနဲ တာကာအိချိ (Sanae Takaichi)

အလယ်ဗဟိုတွင်ရပ်နေသော Sanae Takaichi သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ကျိုဒိုသတင်း/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မှ စီအက်တဲလ်နှင့် ဒီစီအထိ ဒီမိုကရက်တစ် ဆိုရှယ်လစ် ခေါင်းဆောင်များကို မြို့ကြီးများက ပိုမိုရွေးချယ်လာကြ

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 63 Views
CNN – ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ရက် အမေရိကန်ပြည်ထောင်စု၏ အဓိက မြို့ကြီးများတွင် အိမ်ရာနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ကုန်ကျစရိတ်များကို
နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 21 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ရန် ကိဗ် (ယူကရိန်းအစိုးရ) ၏ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိကြောင်း အမေရိကန်ပြောကြား၊ လက်ဘနွန်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားကြောင်း သတင်းရရှိ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် အစ္စရေး၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တောင်ပိုင်းတွင် လူ ၄၇ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့ကြကြောင်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို