နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ဖြေလျော့မယ့် အစီအစဉ်ကို အိမ်ဖြူတော်က ရှာဖွေနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်လ (၄) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်စကိုနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန်နှင့် ယူကရိန်းစစ်ပွဲရပ်တန့်ရန် ကြိုးပမ်းနေချိန်မှာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျော့ပေးမယ့် အစီအစဉ်တစ်ရပ်ကို အမေရိကန်အစိုးရက ရေးဆွဲနေတယ်လို့ တာဝန်ရှိသူနဲ့ နီးစပ်သူတစ်ဦးက ပြောတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

သံတမန်ရေးနဲ့ စီးပွားရေး ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လာမယ့်ရက်တွေအတွင်း ရုရှားကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ ရုရှားအပေါ် ဖြေလျှော့ပေးနိုင်မယ့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းကို ပြုစုဖို့ ဘဏ္ဍာရေးဌာနကို အိမ်ဖြူတော်က တောင်းဆိုတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုရုံးတွေက အခုအခါ ရုရှားက အကြီးအကဲ အချို့အပါအဝင် လူပုဂ္ဂိုလ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းဖို့ အဆိုပြုချက်တစ်ရပ်ကို ရေးဆွဲနေပြီ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ရွေးချယ်ခွင့်စာရွက်တွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နေတဲ့ အရာရှိတွေက ရေးဆွဲလေ့ရှိပေမဲ့ မကြာသေးမီရက်တွေအတွင်း အိမ်ဖြူတော်ရဲ့ သီးခြားတောင်းဆိုချက်တစ်ခုက မော်စကိုနဲ့ အလားအလာရှိတဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ဖို့ ထရမ့်နဲ့ သူ့ရဲ့အကြံပေးတွေရဲ့ဆန္ဒကို အလေးပေးပြီး ဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။

ပိတ်ဆို့အရေးယူမှု ဖြေလျော့ဖို့အတွက် ဝါရှင်တန်က ဘာကို အထူးတလည် ရှာဖွေနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရုရှားဟာ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူဖြစ်ပြီး သူ့ရဲ့စွမ်းအင်စနစ်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးမယ်ဆိုရင် OPEC အဖွဲ့ဝင် အီရန်က ရေနံတင်ပို့မှုကို ထရမ့်က နှိမ်နင်းပါက လောင်စာဆီဈေးနှုန်းတွေ မြင့်တက်ခြင်းကနေ ကာကွယ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်၊ နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာနနဲ့ ဝါရှင်တန်ရှိ ရုရှားသံရုံးတို့က မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိဘူးလို့ သိရပါတယ်။

ယူကရိန်းကို အကူအညီနဲ့ လက်နက်တွေ ပံ့ပိုးပေးတဲ့ ဒီမိုကရက်တစ် ဂျိုးဘိုင်ဒင်အစိုးရအောက်မှာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ သုညအောက်မှာ ရှိတယ်လို့ လွန်ခဲ့တဲ့နှစ်က ကရင်မလင်နန်းတော်က ဖော်ပြခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားကို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ပွဲကို အမြန်အဆုံးသတ်မယ်လို့ ကတိပြုထားတဲ့ ထရမ့်က မော်စကိုနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို လျင်မြန်စွာ ပြောင်းလဲခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်ဆီကို ဖုန်းခေါ်ဆိုမှုနဲ့ စတင်ခဲ့ပြီး ဆော်ဒီအာရေဗျနဲ့ တူရကီမှာ အမေရိကန်နဲ့ ရုရှားအရာရှိတွေ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက