နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရုရှားရောက်နေတဲ့ စစ်ခေါင်းဆောင် ဘီလာရုစ်နိုင်ငံကို ဆက်သွားဖို့ရှိနေ

မတ်လ (၅)ရက်။

ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘီလာရုစ်နိုင်ငံကို ဆက်သွားဖို့ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘီလာရုစ်သမ္မတ မစ္စတာ လူကာရှန်းကော့ရဲ့ ဖိတ်ကြားချက်အရဆိုပြီး ရုရှားခရီးစဉ်ကနေ ဘီလာရုစ်နိုင်ငံကို ဆက်သွားမှာလို့ ဆိုပါတယ်။

အဲ့ဒီခရီးစဉ်ထဲ စစ်ခေါင်းဆောင်က ဘီလာရုစ်သမ္မတအပါအဝင် ဘီလာရုစ်ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံသွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေအပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘီလာရုစ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ စစ်ကောင်စီအဖွဲ့ဝင်တွေ လိုက်ပါသွားမှာဖြစ်တယ်လို့လဲ ပြောဆိုထားကာ သွားရောက်မယ့် ရက်အတိအကျကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မတ်လ (၃)ရက်နေ့မှာ ရုရှားနိုင်ငံကို ရောက်ရှိခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့ကာ ရုရှားနိုင်ငံရဲ့ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်နေတာတွေကို ထောက်ခံခဲ့ပါတယ်။

ဒါ့အပြင် ရုရှားသမ္မတနဲ့ တွေ့ဆုံချိန် စစ်ခေါင်းဆောင်က ဦးအောင်ဇေယျ အတ္ထုပတ္တိစာအုပ်ကို ပေးခဲ့ပြီး ဗျာဒိတ်တော်လာ ကြွက်မင်းနဲ့ ပူတင်ကို ခိုင်းနှိုင်းပြောဆိုခဲ့သေးတယ်လို့လဲ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး
မြန်မာသတင်း

PDF တည်ထောင်တဲ့ (၅)နှစ်ပြည့် အခမ်းအနားကို CRPH ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
MOD အနေနဲ့ ပြည်သူကို အကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ ဆက်လက်ကြိုးစားဖို့ တိုက်တွန်း မေလ (၅)ရက်။ ဒီကနေ့ မေလ (၅)ရက်မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်အခမ်းအနားကို CRPH က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့
မြန်မာသတင်း

ပဲခူးတိုင်းစစ်ဌာနနယ်မြေကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 24 Views
မေလ (၅)ရက်။ ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ်(၂)စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထဲရေးနဲ့ လဝကဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး
မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 31 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ တောင်သာနယ်ထဲမှာ PDF တွေ ပါလာတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာ။ ကျဆုံးတာကတော့ ရဲဘော်
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊