နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

စတော့ရှယ်ယာဈေးကွက် အကြီးအကျယ် ဈေးကွက်ပျက်တာကို ထရန့် လျစ်လျူရှု “ သဌေးဖြစ်ဖို့ အခွင့်အရေး” ဟု ဆို

ဧပြီလ (၅) ရက်။

(၄) ရက်နေ့မှာ တရုတ်သွင်းကုန်များအပေါ် အမေရိကန်က စည်းကြပ်ခွန် တိုးမြင့်ကောက်ယူလိုက်သည့်အပေါ် တရုတ်နိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ သွင်းကုန်အားလုံးအပေါ် ၃၄ ရာနှုန်း အကောက်ခွန် တိုးကောက်မည်ဟု တရုတ်က ကြေညာလိုက်သည့်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံကို စိန်ခေါ်ခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲကြောင့် စတော့ရှယ်ယာဈေးကွက် အကြီးအကျယ် ဈေးကျသွားမှုကို ထရန့်က လျစ်လျူရှုကာ ယင်းအချက်က “ သဌေးဖြစ်ဖို့ အခွင့်အရေး” ဟု ပြောဆိုလိုက်သည်

“ တရုတ်က အမှား လုပ်ခဲ့တယ်။ သူတို့ ထိတ်လန့်ပြီး မလုပ်သင့်တာတွေ လုပ်ခဲ့တယ်” ထရန့်က သူ၏လူမှုမီဒီယာ Truth Social မှာ ပြောကြားခဲ့သည်။

စည်းကြပ်ခွန်များ ကြေညာပြီးနောက် စတော့ရှယ်ယာဈေးနှုန်းများသည် နှစ်ရက်ဆက်တိုက် ကျဆင်းသွားကာ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုနှင့် ပင်စင် စီမံခန့်ခွဲမှုတွင် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရိုးမီးပိုဝဲလ်က ငွေကြေးဖောင်းပွမှု မြင့်တက်လာနိုင်ပြီး စီးပွားရေးတိုးတက်မှု နှေးကွေးနိုင်ကြောင်း သတိပေးခဲ့သည်။

အာရှနှင့် ဥရောပတို့နောက်တွင်၊ အမေရိကန်စတော့ဈေးကွက်သည်လည်း သိသိသာသာကျဆင်းသွားသည်။ Dow Jones Industrial Average သည် 5.5% ကျဆင်းခဲ့ပြီး S&P 500 အညွှန်းကိန်းသည် 5.97% ကျဆင်းခဲ့သည်။

ထရန့်သည် ၎င်း၏ “ လွတ်မြောက်ရေးနေ့” စည်းကြပ်ခွန်များကို ကြေညာပြီးကတည်းက အမေရိကန်ဘဏ္ဍာရေးဈေးကွက်များသည် ဒေါ်လာ ၆ ထရီလီယံကျော် ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းရသည်။

ဧပြီလ (၂) ရက်နေ့က နိုင်ငံအများအပြားကို စည်းကြပ်ခွန်များ ချမှတ်ခဲ့သည့် ထရမ့်က “ ကျွန်တော်ရဲ့ မူဝါဒတွေကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး” နှင့် “ ဒီအချက်က သဌေးဖြစ်ဖို့ အခွင့်ကောင်းဖြစ်တယ်” ဟု နောင်တရသည့် အရိပ်အယောင်မပြဘဲ သူ၏ ဆိုရှယ်မီဒီယာတွင် ပြောဆိုခဲ့သည်။

ဖလော်ရီဒါရှိ Palm Beach ရှိ ၎င်းပိုင်ဆိုင်သည့်ဂေါက်ကလပ်တွင် သီတင်းပတ်အကုန်က ဂေါက်ကစားနေခဲ့သော ထရမ့်က နိုင်ငံခြားကုမ္ပဏီများသည် ကမ္ဘာ့အကြီးဆုံးစီးပွားရေး၏စွမ်းအားကို ဦးညွှတ်ပြီး အမေရိကန် ပြည်တွင်း၌ လာရောက်၍ သွင်းကုန်မှ ကုန်ထုတ်လုပ်မှုသို့ ပြောင်းလဲမည်ဟု လောင်းကြေးထပ်ထားသည်။

(၄) ရက်နေ့က ထရန့်သည် သူ၏လူမှုကွန်ရက် Truth Social တွင် “ အားနည်းသူများသာ ကျရှုံးမည်!” ဟု ရေးသားခဲ့သည်။

သတင်းရင်းမြစ်။ JIJI PRESS and AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 57 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး