နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

စတော့ရှယ်ယာဈေးကွက် အကြီးအကျယ် ဈေးကွက်ပျက်တာကို ထရန့် လျစ်လျူရှု “သဌေးဖြစ်ဖို့ အခွင့်အရေး” ဟု ဆို

ဧပြီလ (၅) ရက်။

(၄) ရက်နေ့မှာ တရုတ်သွင်းကုန်များအပေါ် အမေရိကန်က စည်းကြပ်ခွန် တိုးမြင့်ကောက်ယူလိုက်သည့်အပေါ် တရုတ်နိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ သွင်းကုန်အားလုံးအပေါ် ၃၄ ရာနှုန်း အကောက်ခွန် တိုးကောက်မည်ဟု တရုတ်က ကြေညာလိုက်သည့်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံကို စိန်ခေါ်ခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲကြောင့် စတော့ရှယ်ယာဈေးကွက် အကြီးအကျယ် ဈေးကျသွားမှုကို ထရန့်က လျစ်လျူရှုကာ ယင်းအချက်က “သဌေးဖြစ်ဖို့ အခွင့်အရေး” ဟု ပြောဆိုလိုက်သည်

“တရုတ်က အမှား လုပ်ခဲ့တယ်။ သူတို့ ထိတ်လန့်ပြီး မလုပ်သင့်တာတွေ လုပ်ခဲ့တယ်” ထရန့်က သူ၏လူမှုမီဒီယာ Truth Social မှာ ပြောကြားခဲ့သည်။

စည်းကြပ်ခွန်များ ကြေညာပြီးနောက် စတော့ရှယ်ယာဈေးနှုန်းများသည် နှစ်ရက်ဆက်တိုက် ကျဆင်းသွားကာ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုနှင့် ပင်စင် စီမံခန့်ခွဲမှုတွင် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရိုးမီးပိုဝဲလ်က ငွေကြေးဖောင်းပွမှု မြင့်တက်လာနိုင်ပြီး စီးပွားရေးတိုးတက်မှု နှေးကွေးနိုင်ကြောင်း သတိပေးခဲ့သည်။

အာရှနှင့် ဥရောပတို့နောက်တွင်၊ အမေရိကန်စတော့ဈေးကွက်သည်လည်း သိသိသာသာကျဆင်းသွားသည်။ Dow Jones Industrial Average သည် 5.5% ကျဆင်းခဲ့ပြီး S&P 500 အညွှန်းကိန်းသည် 5.97% ကျဆင်းခဲ့သည်။

ထရန့်သည် ၎င်း၏ “လွတ်မြောက်ရေးနေ့” စည်းကြပ်ခွန်များကို ကြေညာပြီးကတည်းက အမေရိကန်ဘဏ္ဍာရေးဈေးကွက်များသည် ဒေါ်လာ ၆ ထရီလီယံကျော် ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းရသည်။

ဧပြီလ (၂) ရက်နေ့က နိုင်ငံအများအပြားကို စည်းကြပ်ခွန်များ ချမှတ်ခဲ့သည့် ထရမ့်က “ကျွန်တော်ရဲ့ မူဝါဒတွေကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး” နှင့် “ဒီအချက်က သဌေးဖြစ်ဖို့ အခွင့်ကောင်းဖြစ်တယ်” ဟု နောင်တရသည့် အရိပ်အယောင်မပြဘဲ သူ၏ ဆိုရှယ်မီဒီယာတွင် ပြောဆိုခဲ့သည်။

ဖလော်ရီဒါရှိ Palm Beach ရှိ ၎င်းပိုင်ဆိုင်သည့်ဂေါက်ကလပ်တွင် သီတင်းပတ်အကုန်က ဂေါက်ကစားနေခဲ့သော ထရမ့်က နိုင်ငံခြားကုမ္ပဏီများသည် ကမ္ဘာ့အကြီးဆုံးစီးပွားရေး၏စွမ်းအားကို ဦးညွှတ်ပြီး အမေရိကန် ပြည်တွင်း၌ လာရောက်၍ သွင်းကုန်မှ ကုန်ထုတ်လုပ်မှုသို့ ပြောင်းလဲမည်ဟု လောင်းကြေးထပ်ထားသည်။

(၄) ရက်နေ့က ထရန့်သည် သူ၏လူမှုကွန်ရက် Truth Social တွင် “အားနည်းသူများသာ ကျရှုံးမည်!” ဟု ရေးသားခဲ့သည်။

သတင်းရင်းမြစ်။ JIJI PRESS and AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက