နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်ကို အသစ်ဝင်ရောက်မည့် နိုင်ငံတကာကျောင်းသားများကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းဖို့ ထရန့် လက်မှတ်ထိုး

ဇွန်လ (၅) ရက်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ထားရန် သမ္မတထရန့်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ဇွန်လ (၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အသစ်ဝင်ရောက်မည့် နိုင်ငံခြားသားများ၏ တက္ကသိုလ်တက်ခွင့်ကို တားဆီးရန် အားထုတ်မှုများ သိသိသာသာ အားကောင်းလာခဲ့သည်။

ဟားဗတ်တက္ကသိုလ်ကို ဝင်ရောက်မည့် ကျောင်းသားများအားလုံးအတွက် F ဗီဇာ နှင့် M ဗီဇာတို့အပြင် ဧည့်သည်တော်ဗီဇာ J နှင့် ဟားဗတ်တက္ကသိုလ်တွင် ဒုက္ခသည်အဖြစ် ဝင်ရောက်သူအဖြစ် စာရင်းသွင်းထားသော ကျောင်းသားသစ်များအားလုံး အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်ခွင့်ကို ဆိုင်းငံ့ထားကြောင်း အိမ်ဖြူတော်က ကြေညာချက်တွင် ပါရှိသည်။

အိမ်ဖြူတော်က ဤလုပ်ရပ်သည် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ကြိုးပမ်းမှုဟု ခေါ်ဆိုခဲ့ပြီး ဟားဗတ်တက္ကသိုလ်သည် စိုးရိမ်စရာကောင်းသည့် နိုင်ငံနှင့် ဆက်သွယ်နေသည်ဟု ဝေဖန်ခဲ့သည်။ ထို့ပြင် တက္ကသိုလ်သည် ၎င်း၏နိုင်ငံတကာကျောင်းသားများနှင့်ပတ်သက်သည့် “လုံလောက်သောသတင်းအချက်အလက်” ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း” နှင့် “ကျောင်းသားသုံးဦးအတွက်သာ ပြည့်စုံသောအချက်အလက်ကို အစီရင်ခံတင်ပြခဲ့သည်” ဟုလည်း ပြောဆိုခဲ့သည်။

အိမ်ဖြူတော်က “ဟားဗတ်သည် နိုင်ငံတကားကျောင်းသားများ၏ စည်းကမ်းဖောက်ဖျက်မှုမှတ်တမ်းများကို လုံလောက်စွာ အစီရင်ခံခြင်း မရှိပါ သို့မဟုတ် ၎င်း၏ နိုင်ငံတကာ ကျောင်းသားများကို အလေးအနက်ထားပြီး စောင့်ကြည့်ခြင်းမရှိပါ” ဟု ပြောဆိုခဲ့သည်။ ထို့အပြင် ကျောင်းဝင်းအတွင်း ဂျူးဆန့်ကျင်ရေးဝါဒကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုခြင်းနှင့် DEI (ကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှု) ၏ “ဦးစားပေးမှု” လိုက်နာခြင်းအတွက် တက္ကသိုလ်ကိုလည်း ဝေဖန်ခဲ့သည်။

ဟားဗတ်၏ နိုင်ငံတကာ ကျောင်းသားဗီဇာ မူဝါဒကို အကန့်အသတ်မရှိ အပြောင်းအလဲ မလုပ်ရန် ဖက်ဒရယ်တရားသူကြီးက ပြီးခဲ့သော သီတင်းပတ်က ထရမ့်အစိုးရကို အမိန့်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသား စာရင်းသွင်းမှု အခြေအနေကို ရုတ်သိမ်းရန် တရားသူကြီးက ခေတ္တရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအကြာတွင် ဤအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဓာတ်ပုံ။

ဟားဗတ်တက္ကသိုလ်/Faith Ninivaggi/Reuters/File

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက