နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“အသိဥာဏ်ကျဆင်းမှု” ကိုဖုံးကွယ်ထားပြီး သမ္မတဟောင်းဘိုင်ဒင်၏ လုပ်ဆောင်ချက်များနှင့် အော်တိုပင်များကို အသုံးပြုခြင်းအတွက် စုံစမ်းစစ်ဆေးရန် ထရန့် အမိန့်ပေး

ဇွန်လ (၆) ရက်။

မှတ်ချက်။ အော်တိုပင်သည် အလိုအလျောက်လက်မှတ်ရေးထိုးစက်ကို အသုံးပြုပြီး လက်မှတ်ရေးထိုးခြင်းကို ဆိုလိုသည်။

ဇွန်လ (၄) ရက်နေ့ ရက်စွဲပါမှတ်တမ်းတွင်၊ အမေရိကန်သမ္မတ ထရန့်သည်သမ္မတဟောင်း ဘိုင်ဒင်၏လုပ်ရပ်များနှင့် အလိုအလျောက်လက်မှတ်ရေးထိုးစက်အသုံးပြု၍ လက်မှတ်ရေးထိုးမှုကို စုံစမ်းစစ်ဆေးရန်အမိန့်ပေးခဲ့သည်။ အဆိုပါစာချွန်လွှာတွင် ဘိုင်ဒင်၏ “သိမြင်နိုင်စွမ်းကျဆင်းမှု” ကိုလည်း ဖော်ပြထားသည်။

အိမ်ဖြူတော်မှ ထုတ်ပြန်သော မှတ်တမ်း၏ တစ်စိတ်တစ်ပိုင်းတွင် ရှေ့နေချုပ် ဘွန်ဒီနှင့် အိမ်ဖြူတော် အတိုင်ပင်ခံတို့အား “လွတ်ငြိမ်းချမ်းသာခွင့်၊ အုပ်ချုပ်ရေးအမိန့်၊ သမ္မတ၏ စာတိုပေးပို့မှု၊ နှင့် အခြားသမ္မတ၏ မူဝါဒ ဆုံးဖြတ်ချက်များ အပါအဝင် မူဝါဒဆိုင်ရာ စာရွက်စာတမ်းများကို အလိုအလျောက်လက်မှတ်ရေးထိုးစက်အသုံးပြု၍ လက်မှတ်ရေးထိုးခဲ့သည့် မူဝါဒစာတမ်းများကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားသည်။

ဤဆွေးနွေးမှုများနှင့် ရင်းနှီးသော သတင်းရင်းမြစ်နှစ်ခုသည် ထရန့်သည် ဘိုင်ဒင်၏ အော်တိုပင် အသုံးပြုခြင်းကို ရက်သတ္တပတ်များအတွင်း ပုဂ္ဂိုလ်ရေးအရ မကျေမနပ် ဖြစ်နေခဲ့ပြီး စုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု ထင်မြင်ကြောင်း အကြီးတန်းအရာရှိများအား လျှို့ဝှက်အကြောင်းကြားခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။

အရာရှိများကို ထရန့်၏စုံစမ်းစစ်ဆေးရန် ညွှန်ကြားချက်သည် ဘိုင်ဒင် အစိုးရလက်အောက်တွင် စာရွက်စာတမ်းများကိုအတည်ပြုရန် အော်တိုပင်ကိုအသုံးပြုခြင်းထက် ကျော်လွန်သည်။

“ဘိုင်ဒင်ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေကို လှည့်ဖြားဖို့ ကြံစည်ပြီး သမ္မတရာထူး တာဝန်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီဘဲ ကျင့်သုံးခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့ အိမ်ဖြူတော်ရှေ့နေ၊ တရားရေးဌာနနဲ့ တခြားအေဂျင်စီတွေကို အမိန့်ပေးခဲ့တယ်၊ ဟု သူတို့က ပြောပြခဲ့သည်။

ဘိုင်ဒင်၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှ အများပြည်သူအား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ရန် ကြိုးပမ်းမှု မှန်သမျှကို စုံစမ်းစစ်ဆေးရန် မှတ်တမ်းတွင် ဖော်ပြထားသည်။ ၎င်းတွင် “သမ္မတ၏ အသိဉာဏ် ချို့ယွင်းချက်ကို ဖုံးကွယ်ရန် ရိုက်ကူးပြသခဲ့သည့် ဗီဒီယိုတိပ်ခွေအား ဘိုင်ဒန်၏ လက်ထောက်များက ဖန်တီးရာတွင် သဘောတူညီခဲ့ခြင်းလည်း ပါဝင်သည်”

CNN သည် အဆိုပါမှတ်စုတိုနှင့်ပတ်သက်ပြီး ဘိုင်ဒင်ရုံးသို့ ဆက်သွယ်ခဲ့သည်။

ဘိုင်ဒင်၏ အကြံပေးများသည် ယင်းကဲ့သို့ ညှိနှိုင်းအားထုတ်မှု တစ်စုံတစ်ရာကို ငြင်းဆိုထားပြီး ၎င်း၏ သမ္မတသက်တမ်း နောက်ဆုံးနှစ်များအတွင်း ၎င်း၏ ဆိုးရွားလာသော အခြေအနေများကို အများပြည်သူထံ ဖုံးကွယ်ရန် ကြိုးပမ်းမှုမျိုး မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက