နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အမေရိကန်

ထရန့်ရဲ့ နျူကလီးယားပြင်ဆင်အမိန့်ပေးမှုအပေါ် ရုရှား တိတ်ဆိတ်နေ

ဆိုရှယ်မီဒီယာမှာ နျူကလီးယားနဲ့ ပတ်သက်သက်တဲ့ အစပြု တုံ့ပြန်မှုဟာ သမိုင်းမှာ  ပထမဆုံးအကြိမ် ဖြစ်နေမည်လော။

ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်၏ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့မှု ကြောင့် ဒေါသထွက် သွားသည့် သမ္မတဒေါ်နယ်ထရန့်က နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းကို ရုရှားနိုင်ငံနဲ့ ပိုမိုနီးကပ်စွာ ရွေ့လျားဖို့ အမိန့်ပေးခဲ့သည်။

ထိုလုပ်ဆောင်မှု မော်စကိုက မည်သို့တုံ့ပြန်မည်နည်း။ အမေရိကန်နဲ့ ရုရှားကြား နျူကလီးယားလက်နက်ဖြင့် ရင်ဆိုင် ရေး လမ်းကြောင်းပေါ် ရောက်နေပြီလော?။ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျဥ် အရေးအခင်းကဲ့သို့ အင်တာနက်ခေတ်မြင်ကွင်း ဖြစ်လာမလော။

ရုရှား၏ကနဦး တုံ့ပြန်မှုသည်သံသယဖြစ်စရာရှိသည်။

ထရမ့်ရဲ့ ကြေညာချက်ကို ရုရှားသတင်းဌာနများက ငြင်းဆိုထားသည်။

Moskovsky Komsomolets သတင်းစာ၏ စစ်ဘက်ဝေဖန်သုံးသပ်သူတဦးက ထရန့်က “ဒေါသတကြီး ဝုန်းဒိုင်းကြဲနေခဲ့တယ်” လို့ ကောက်ချက်ချခဲ့ကြောင်း ရေးသားခဲ့ပါတယ်။

ရုရှားအငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက အမေရိကန် သမ္မတရဲ့ ရေငုပ်သင်္ဘော အကြောင်း ပြောဆိုမှုသည် အဓိပ္ပါယ်မရှိသည့် ရယ်မောဖွယ်ရာသာဖြစ်ကြောင်းနှင့် ထရန့်၏ တုံ့ပြန်တတ်သည့် အမူအကျင့်သဘောသာဖြစ်ကြောင်း Kommersant ကို ပြောကြားခဲ့ပါသည်။

 ကျွန်တော့်အနေနဲ့ [ရေငုပ်သင်္ဘောတွေအကြောင်း] ကို ထရန့်က တကယ်အမိန့်မပေးခဲ့တာ သေချာပါတယ်” ဟု ရုရှားလုံခြုံရေးကျွမ်းကျင်သူတစ်ဦးက အလားတူစာတမ်းကို အကြံပြု ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တွင် ထရန့်က မြောက်ကိုရီးယားအား သတိပေးချက်အဖြစ် ကိုရီးယား ကျွန်းဆွယ်ကို နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်း စေလွှတ်ခဲ့ကြောင်းလည်း Kommersant က ရေးသားခဲ့သည်။

သိပ်မကြာခင်မှာပဲ ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (Kim Jong Un) နဲ့ တွေ့ဆုံခဲ့ပါသည်။

ထို့ကြောင့် ဒေါ်နယ်တရန့်၏ရေငုပ်သင်္ဘော ဖြန့်ကျက်မှုက အမေရိကန်-ရုရှား ထိပ်သီး ဆွေးနွေးပွဲ အတွက် ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်နိုင်မလား။

သို့ရာတွင် ရုရှားအာဏာပိုင်များ၏ တုံ့ပြန်မှုက စိတ်ဝင်စားစရာဖြစ်သည်။

ယခုအချိန်အထိ ဘာတုံ့ပြန်မှုမှ မရှိခြင်းဖြစ်သည်။

ကရင်မလင်မှ မဟုတ်သလို၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မဟုတ်ပါ။ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မဟုတ်ပါ။

နျူကလီးယား ရေငုပ်သင်္ဘောတွေကို ရုရှားနဲ့ ပိုမိုနီးကပ်စွာ နေရာချထားခြင်းနှင့် ပတ်သက်ပြီး တော့လည်း ကြေညာချက် ထုတ်တာကိုလည်း မတွေ့ရသေးပါ။

မော်စကိုက အခြေအနေကို လေ့လာပြီး ဘာလုပ်ရမလဲဆိုတာ ဆက်လုပ်နေတယ်လို့ ညွှန်ပြနေတာ ဒါမှမဟုတ် မော်စကိုက တုံ့ပြန်ဖို့ မလိုအပ်ဘူးလို့ ထင်နိုင်ပါသည်။

ထရမ့်သည် မက်ဗီဒက်နဲ့ ဆိုရှယ်မီဒီယာတွင် ရက်အတော်ကြာ ရန်ဖြစ်ခဲ့ပါသည်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားအတွက် ရက် ၅၀ ကန့်သတ်ရက်ကို နှစ်ပတ်အောက်ကို ထရန့်က လျှော့ချလိုက်ပြီးနောက် မက်ဗီဒက်က ထရန့်ဟာ “ရုရှားနဲ့ ရာဇသံပေးတဲ့ ဂိမ်းကို ကစားနေပါတယ်။ ရာဇသံအသစ်တိုင်းသည် ခြိမ်းခြောက်မှုနဲ့ စစ်ပွဲဆီကို လှမ်းနေသော ခြေလှမ်းတစ်ခုဖြစ်တယ်” လို့ ကြေညာခဲ့ပါသည်။

ထရန့်က “အာဏာရှိဆဲလို့ ယူဆတဲ့ မအောင်မြင်တဲ့ ရုရှားသမ္မတဟောင်း မက်ဗီဒက်ကို ပြောလိုက်ပါ၊ သူပြောတာကို သတိထားဖို့ ပြောပါ။ အလွန်အန္တရာယ်များတဲ့ နယ်မြေထဲကို ဝင်နေတယ်” ဟုထရမ့်က တုံ့ပြန်ခဲ့ပါသည်။

မက်ဗီဒက်ရဲ့ နောက်ပို့စ်မှာ ဆိုဗီယက်ယူနီယံတွင် တီထွင်ထားသည့် အလိုအလျောက် နျူကလီးယား လက်တုံ့ပြန်ရေးစနစ်ဖြစ်တဲ့ သေမင်းရဲ့လက်( “Dead Hand”) ကို ကိုးကားဖော်ပြထားခဲ့သည်။

ဒီတုံ့ပြန်မှုဟာ အိမ်ဖြူတော် အကြီးအကဲအတွက် လက်ခံနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ ရှင်းပါသည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရုရှားသမ္မတဖြစ်ခဲ့တဲ့ မက်ဗီဒက်အား ပျော့ပြောင်းတဲ့ လစ်ဘရယ်ပုံစံနှင့်လူတယောက်အဖြစ် ရှုမြင်ခံခဲ့ရသည်။

“လွတ်လပ်မှုဟာ မလွတ်လပ်ခြင်းထက်သာ၍ ကောင်းတယ်” လို့ သူရဲ့ကျော်ကြားတဲ့ စကားကို ကိုးကားပြောဆိုခဲ့ဘူးသည်။

သို့ရာတွင် သူသည် ပို၍ရန်လိုလာခဲ့ပါသည်။ ယူကရိန်းကို ရုရှားက အပြည့်အ၀ ကျူးကျော် ဝင်ရောက်ပြီးကတည်းက အနောက်နိုင်ငံများကို ဆိုရှယ်မီဒီယာတွေမှာ ဆန့်ကျင်တိုက်ခိုက်မှုကြောင့် နာမည်ရလာခဲ့ပါတယ်။ သူ့ပြောဆိုချက်ကို ကရင်မလင်ရဲ့အသံအဖြစ် မရှုမြင်သည့်အတွက် သူတိုက်ခိုက် နေခြင်းများကို သတိမပြုမိဘဲ ကျော်သွားခဲ့ကြသည်။

သို့ရာတွင် ရုတ်တရက် သူ့ကို အမေရိကန် သမ္မတက သတိထားမိသွားခဲ့သည်။

သတိထားမိရုံမျှမက ထရန့်ဒေါ်သကို ထိုးဆွနိုင်ခဲ့တဲ့အထိ သူက လှုံဆော်နိုင်ခဲ့ပါသည်။

ဆိုရှယ်မီဒီယာမှာ တင်ထားသည်များကို မကြိုက်တာရှိကြပါသည်၊ လူများအားလုံး ဆိုရှယ်မီဒီယာကိုရောက်ဖူးကြသည် ကြည့်ဖူးကြသည်။

ထို့ကြောင့် ဆိုရှယ်မီဒီယာမှာ ရေးတင်တာကြောင့် နျူကလီးယား ရေငုပ်သင်္ဘောတွေ ပို့လွှတ်လိုက်သည့်အထိလုပ်ဆောင်ခြင်းသည် အလွန်အကျွံ လုပ်ဆောင်သလို ခံစားရသည်။

ထရန့်က ဘာကြောင့် ဒီလိုလုပ်လိုက်တာလဲ။

Newsmax သတင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထရန့်၏ ကိုယ်ပိုင်ရှင်းလင်းချက်မှာ “မက်ဗီဒက် က အရမ်းဆိုးတဲ့ အကြောင်းအရာတချို့ကို ပြောခဲ့ပါတယ် နျူကလီးယားအကြောင်းကို ပြောနေတာပါ ။ နျူကလီးယားဆိုတဲ့ စကားလုံးကို ပြောတဲ့အခါ ကျွန်တော့်မျက်လုံးတွေ တောက်ပလာခဲ့တယ် ကျွန်တော်ပြောမယ် သတိထားဖို့လိုမယ် ဘာကြောင့်လဲဆိုတော့ အဲဒါက အဆုံးစွန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လို့ပါပဲ”ဟုရှင်းပြခဲ့သည်။

သို့ရာတွင် မက်ဗီဒက်သည် ဆိုရှယ်မီဒီယာမှ တစ်ဆင့် နျူကလီယာ ဗုံးကြဲတိုက်ခိုက်မည်ဟု ကာလ ကြာရှည်စွာ ချိမ်းခြောက်နေသောကြောင့် အသစ်အဆန်းတော့ မဟုတ်ခဲ့ပါ။

ထရန့်သည် မကြာသေးမီကမှ မက်ဗီဒက်၏ ပို့စ်များကိုတွေ့ပြီး ပုဂ္ဂိုလ်ရေးအရယူဆကာ လိုက်လျော ညီထွေ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ကစားရာတွင် နည်းဗျူဟာရှိပါသလား။ ထရန့်သည် လုပ်ဆောင်နေသည့်လုပ်ငန်းဆောင်တာများ၊ စီးပွားရေးနဲ့ နိုင်ငံရေးတို့မှာ ဆွေးနွေးမှုမပြုမီ ဒါမှမဟုတ် ညှိနှိုင်းမှုအတွင်း ကြိုတင်မှန်းဆနိုင်မှုမရှိဘဲ မထင်မှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်တာကြောင့် ပြိုင်ဘက်များကို ဟန်ချက်ပျက် စေခဲ့ပါသည်။

အံ့အားသင့်စရာ ရေငုပ်သင်္ဘောများကို ဖြန့်ကျက်ချထားသည့်ကိစ္စမျိုးသည် ထိုအမျိုးအစားတွင်းသို့ရောက်သွားနိုင် ပါသည်။

BBC- Steve Rosenberg:‌ရေးသားသော Rosenberg: Russia is staying quiet on Trump’s nuclear move ကို ခေတ်မျက်လုံးမှဘာသာပြန်သည်။

ပူတင်နဲ့”မက်ဗီဒက်

ကင်ဂျုံအွန် နဲ့ ထရန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက