နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

အာဏာဆက်လက်ဆုပ်ကိုင်ထားရန် တောင်းဆိုပါက ဟားမတ်စ်အဖွဲ့သည် ‘လုံးဝပျက်သုဉ်း’ ခြင်းကိုရင်ဆိုင်ရမည်ဟု ထရန့်ပ်ပြောကြား

CNN- ၂၀၂၅ခုနှစ် အောက်တိုဘာလ ၅ရက်

သမ္မတ ဒေါ်နယ်လ် ထရန့်ပ်က ၎င်း၏ အဆိုပြုထားသော အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်ရန် ကြိုးပမ်းနေချိန်တွင် ဟားမတ်စ်အဖွဲ့သည် ဂါဇာ၏ အာဏာနှင့် ထိန်းချုပ်မှုကို လက်လွှတ်ရန် ငြင်းဆန်ပါက လုံးဝပျက်သုဉ်းခြင်း” နှင့် ရင်ဆိုင်ရမည်ဟု CNN သို့ ပြောကြားခဲ့သည်။

ဟားမတ်စ်အဖွဲ့က အာဏာဆက်လက်ဆုပ်ကိုင်ထားရန် တောင်းဆိုပါက မည်သို့ဖြစ်လာမည် နည်းဟု စနေနေ့က စာတိုဖြင့် မေးမြန်းခဲ့ရာ CNN မှ ဂျိတ် တပ်ပါကို ထရန့်ပ်က လုံးဝပျက်သုဉ်းခြင်း (Complete Obliteration)!” ဟု ပြောကြားခဲ့သည်။

တပ်ပါက သမ္မတအား ဟားမတ်စ်အဖွဲ့၏ အချက် ၂၀ ပါ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက် အပေါ် တုံ့ပြန်မှုကို ဖိအားပေး မေးမြန်းခဲ့ပြီး ဆီနေတာလင်ဆေး ဂရေဟမ်က ဟားမတ်စ်သည် လက်နက်မချရေး၊ ဂါဇာကို ပါလက်စတိုင်းထိန်းချုပ်မှုအောက်တွင် ဆက်ထားရှိရေးနှင့် ဓားစာခံ လွှတ်ပေးရေးကို ဆွေးနွေးမှုများနှင့် ချိတ်ဆက်ရေး” တို့ကို တောင်းဆိုခြင်းဖြင့် အဆိုပါအစီအစဉ်ကို ထိရောက်စွာ ပယ်ချလိုက်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြောင်း ကိုးကားပြောကြားခဲ့သည်။

“သူမှားသလား” ဟု တပ်ပါက မေးမြန်းခဲ့သည်။

“ကျွန်တော်တို့ သိရပါလိမ့်မယ်။ အချိန်ကသာ ပြောပြပါလိမ့်မယ်!!!” ဟု ထရန့်ပ်က တုံ့ပြန်ခဲ့သည်။

ဟားမတ်စ်သည် ငြိမ်းချမ်းရေးအတွက် စိတ်ရင်းမှန်ဖြင့် ကတိပြုထားခြင်း ရှိ၊ မရှိကို မကြာမီ” ရှင်းလင်းစွာ သိရလိမ့်မည်ဟု သမ္မတက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုသည် ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် သမ္မတ၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်ကို ထောက်ခံရန် အပြည့်အဝ သဘောတူပါသလားဟု မေးမြန်းရာ ဘီဘီ (နက်တန်ယာဟု) က သဘောတူသည်” ဟု ထရန့်ပ်က ပြောကြားခဲ့သည်။

၎င်း၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက် အမှန်တကယ်ဖြစ်လာမည်ဟု ထရန့်ပ်က မျှော်လင့်ကြောင်းနှင့် ယင်းကို အောင်မြင်ရန်အတွက် ကြိုးစားလုပ်ဆောင်နေကြောင်း အလေးပေး ပြောကြားခဲ့သည်။

စနေနေ့ မနက်ပိုင်းတွင် သမ္မတက အစ္စရေးနှင့် ဟားမတ်စ်တို့အတွက် ၎င်း၏ အဆိုပြုထားသော အပစ်အခတ်ရပ်စဲရေး အစီအစဉ်တွင် ဖော်ပြထားသည့် ကနဦး ဆုတ်ခွာရေး နယ်နိမိတ်ကို အစ္စရေးက သဘောတူကြောင်း ပြောကြားခဲ့သည်။

လူမှုမီဒီယာပေါ်ရှိ ပို့စ်တစ်ခုတွင် ဟားမတ်စ်အဖွဲ့ထံမှ အတည်ပြုချက်ကို အစိုးရအဖွဲ့က ယခုအခါ စောင့်ဆိုင်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟားမတ်စ် သဘောတူပါက အပစ်အခတ်ရပ်စဲရေးသည် ချက်ချင်း အသက်ဝင်မည်” ဖြစ်ပြီး ဓားစာခံနှင့် အကျဉ်းသား လဲလှယ်မှု စတင်မည်ဟု ထရန့်ပ်က ပြောကြားခဲ့သည်။

“ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့နောက် အစ္စရေးဟာ ကနဦး ဆုတ်ခွာရေး နယ်နိမိတ်ကို သဘောတူခဲ့ပြီး အဲဒါကို ကျွန်တော်တို့ ဟားမတ်စ်ကို ပြသခဲ့ပြီး ဝေမျှခဲ့ပါတယ်။

ဟားမတ်စ်က အတည်ပြုတာနဲ့ အပစ်အခတ်ရပ်စဲရေးဟာ ချက်ချင်း အသက်ဝင်လာမှာ ဖြစ်ပြီး၊ ဓားစာခံနဲ့ အကျဉ်းသား လဲလှယ်မှု စတင်မှာဖြစ်သလို၊ ဒီ နှစ် ၃၀၀၀ သက်တမ်းရှိ ကပ်ဘေးကြီးရဲ့ အဆုံးသတ်နားကို ရောက်ရှိစေမယ့် နောက်ထပ် ဆုတ်ခွာရေးအဆင့်အတွက် အခြေအနေတွေကို ကျွန်တော်တို့ ဖန်တီးပေးပါမယ်။ ဒီကိစ္စကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆက်လက်စောင့်ကြည့်ပါ!” ဟု ထရန့်ပ်က Truth Social တွင် ရေးသား ခဲ့သည်။

ထရန့်ပ်က အစ္စရေးသည် ဂါဇာပေါ် လေကြောင်းတိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်း ထားကြောင်းလည်း စနေနေ့တွင် ပြောကြားခဲ့ပြီး၊ ယင်းသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြီးသတ်ရန်၊ ဓားစာခံများ လွှတ်ပေးရေးကို လုံခြုံစေရန်အတွက် အရေးပါသော ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဟားမတ်စ်ကို လျင်မြန်စွာ လုပ်ဆောင်ရန် သတိပေးခဲ့သည်။

သို့သော်လည်း၊ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ကြောင်း ကျွန်းဆွယ်ရှိ ဆေးရုံအရာရှိများကို ကိုးကား၍ CNN က ထိုနေ့ နံနက်ပိုင်းတွင် သတင်းပေးပို့ခဲ့သည်။

ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် ၎င်း၏ အချက် ၂၀ ပါ အဆိုပြုချက်အပေါ် ဟားမတ်စ်က အကောင်းဘက်မှ တုံ့ပြန်ခဲ့ကြောင်း သမ္မတက သောကြာနေ့တွင် ထုတ်ဖော်ခဲ့သည်။

Truth Social တွင် တင်ထားသည့် ဗီဒီယိုတစ်ခုတွင် ထရန့်ပ်က ယင်းသည် ကြီးမားသောနေ့” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တိုးတက်ပြောင်းလဲမှုများကို ယခင်က မဖြစ်ဖူးသေးသော” အခြေအနေများအဖြစ် ဖော်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက