နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးတပ်အချို့ CoC အောက်က နုတ်ထွက်တာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှုမရှိလို့ဟုဆို

ဖေဖော်ဝါရီလ (၆) ရက်။

တော်လှန်ရေးတပ်အချို့ CoC အောက်ကနေ နုတ်ထွက်တာဟာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကြောင့်လို့ Generation Z-Loikaw ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

ရှမ်းတောင်က တပ်ရင်း(၂)ခုအပါအဝင် ကရင်နီနဲ့ နေပြည်တော်စစ်ဒေသက တပ်ရင်းအချို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ CoC အောက်က နုတ်ထွက်ခဲ့တာကို ဝန်ကြီးနဲ့ တာဝန်ရှိသူတွေ သိရှိစေဖို့ ဒီကနေ့မှာ မေတ္တာရပ်ခံထားတာပါ။

ရှမ်းတောင်က တပ်ရင်း(၂)ခု MOD အောက်ကနေ နုတ်ထွက်တာက လက်နက်မတပ်ဆင်ပေးနိုင်တာနဲ့ နေရာရွှေ့ပြောင်းတာကြောင့်မဟုတ်ဘဲ အချို့တာဝန်ရှိသူတွေ လာဘ်စားတဲ့ဒဏ်နဲ့ ကိစ္စအများအပြားမှာ တာဝန်ယူမှု တာဝန်ခံမှု မရှိတာကြောင့်လို့ GZ-Loikaw က ဆိုပါတယ်။

MOD ရဲ့ အလယ်ပိုင်းတိုင်းအောက်ကနေ နုတ်ထွက်တာဟာ အဲ့ဒီတပ်ရင်း(၂)ခုသာမကပဲ စုစုပေါင်း တပ်ရင်း(၅)ရင်းရှိသလို ကရင်နီစစ်ဒေသခွဲအောက်က တပ်ရင်း(၂)ခုနဲ့ နေပြည်တော်စစ်ဒေသက တပ်ရင်းအချို့တို့ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို MOD အောက်ကနေ တော်လှန်ရေးတပ်ရင်းအချို့ နုတ်ထွက်တာနဲ့ပတ်သက်ပြီး အသေးစိတ်အကြောင်းအရင်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ထုတ်ပြန်ထားတာ မရှိပါဘူး။

“မူနဲ့လူမပြောင်းရင် နောက်ထပ် အများကြီး ထပ်ပြီးနုတ်ထွက်ကြမှာတွေ ရှိသေးတယ်။ လက်နက်တပ်ဆင်ထားတာ ဖြုတ်သိမ်းတယ်ဆိုတော့ အဲ့လက်နက်အရေအတွက်က ရဲရဲကြီးပြောရဲတယ် အလွန်ဆုံး (၃၀)ကျော်ပဲ။ ကျန်တာတွေက ကိုယ်ထူကိုယ်ထရှာရတာ။ ဒါပေမယ့် အဲ့ဒီလက်နက်တွေကလဲ ပြည်သူဆီကနေ ပြည်သူကို တပ်ဆင်ထားတာ”လို့ ဆက်ပြောပါတယ်။

အခုလို ကိစ္စရပ်တွေကြောင့် MOD ဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေအနေနဲ့ အောက်ခြေက လူတွေနဲ့ မူတွေကို ပြင်ဆင်သုံးသပ်ပေးဖို့ကိုလည်း Generation Z-Loikaw က ထည့်သွင်းမေတ္တာရပ်ခံထားပါတယ်။

MOD အောက်ကနေ (၃)နှစ်ကျော်ကြာ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ရှမ်းတောင်က အမှတ်(၁၀၀၅)တပ်ရင်း(SSPDF)နဲ့ အမှတ်(၁၀၀၈)တပ်ရင်း(SSRY)တို့ဟာ CoC အောက်ကနေ နုတ်ထွက်ပြီး အခြားစုဖွဲ့မှုပုံစံအသစ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အသိပေးထုတ်ပြန်ထားပါတယ်။

အဲ့ဒီတပ်ရင်း(၂)ခုအနေနဲ့ စုဖွဲ့မှုပုံစံသစ်ကို အချိန်ကာလတစ်ခုမှာ ပြည်သူကို အသိပေးကြေညာသွားမှာဖြစ်ပြီး အမည်၊ Logo နဲ့ ဘက်တံဆိပ်တွေကို ပြောင်းလဲပြင်ဆင်သွားမယ်လို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။

MOD ကို လှူထားတဲ့ အလှူရှင်အချို့ကလည်း ဒီပြဿနာတွေ မဖြစ်ခင်ကတည်းက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ MOD မှာ အလှူငွေစုစုပေါင်း ဒေါ်လာ ၁၉ သန်းကျော် ရရှိထားတယ်လို့ သူတို့ကို MOD က Zoom meeting ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲမှာ GoFundMe က ဒေါ်လာ ၄ သိန်း ၆ သောင်း ရှိခဲ့တယ်လို့ သိရပြီး အခြားတိုက်ရိုက်လှူဒါန်းတာက ဒေါ်လာ ၁ သန်းကျော် MOPFI ရဲ့ခွဲတမ်းထဲက ဒေါ်လာ ၇ သန်းကျော် ရရှိထားကို တွေ့မြင်ရပါတယ်။ အဲ့ဒီထဲကနေ မဟာမိတ်တွေကို ဒေါ်လာ ၁ သန်းခွဲ ထောက်ပံ့ခဲ့ပြီး ထုတ်လုပ်ရေးမှာတော့ ဒေါ်လာ ၁၂ သန်းကျော် သုံးစွဲထားတယ်လို့ ရှင်းပြခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ ဘာတွေ ထုတ်လုပ်နေတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်း မသိရပါဘူး။

နာမည်ထုတ်ဖော် မပြောလိုတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုကတော့ ထုတ်လုပ်ရေးအတွက် မြန်မာငွေ ကျပ်သိန်း ၇၀၀ တစ်ကြိမ် ရဖူးတယ်လို့ ပြောပါတယ်။ MOD ပြောတဲ့ ထုတ်လုပ်ရေးဆိုတာ တော်လှန်ရေးတပ်ဖွဲ့တွေကို ထုတ်လုပ်ရေးခေါင်းစဉ်နဲ့ ငွေအနည်းငယ်ခွဲဝေပေးတာကို ပြောတာလားမသိဘူးလို့ ပြောပါတယ်။

MOD ဘက်ကတော့ ၂၀၂၂ ခုနှစ်၊ မေလ အထိ ဒေါ်လာ ၄၄ သန်း ရရှိထားတယ်ဆိုတာ ထုတ်ပြန်ထားပြီး အဲ့ဒီ ရရှိငွေအားလုံးကို သုံးစွဲပြီးဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

ရှေ့နေကြီးဦးကြီးမြင့်ကလည်း အခုထိ စာရင်းစစ်ချုပ်မရှိဘဲ ရသုံးငွေစာရင်း မရှင်းတာကို အမြဲမေးခွန်းထုတ်လေ့ ရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 8 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 12 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 18 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 26 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက