နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် အီလွန်မတ်စ်တို့ကို အမေရိကန်တစ်နိုင်ငံလုံးမှာ ဆန့်ကျင်ဆန္ဒပြ

ဧပြီလ (၆) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အီလွန်မတ်စ်တို့ကို ပြည်နယ်ပေါင်း ၅၀ တစ်ဝှမ်းလုံးမှာ စနေနေ့က ပြုလုပ်ခဲ့ကြသည့် ဒီမိုကရေစီရေးဆန္ဒပြပွဲများတွင် လူသန်းပေါင်းများစွာက အမေရိကန်များ၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို အစိုးရက တိုက်ခိုက်ခဲ့မှုကို “ရန်လိုတဲ့ အာဏာရယူမှု” ဟု ခေါ်ဆိုခဲ့ကြပါသည်။

၁,၄၀၀ ကျော်ပါဝင်သော “ လက်ရှောင်လိုက်ပါ!” ဆိုသည့် စာတမ်းများကိုင်ဆောင်ပြီး နိုင်ငံတစ်ဝှမ်း လုံးရှိ ဆန္ဒပြသူများသည် မြို့တော်ခန်းမများ၊ ပြည်ထောင်စု အဆောက်အအုံများ၊ လွှတ်တော်ရုံးများ၊ လူမှုဖူလုံရေးရုံးချုပ်၊ ပန်းခြံများနှင့် မြို့တော်ခန်းမများတွင် လူအုပ်စုလိုက် ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ ” ငါတို့ပြောဆိုနေတာကို သူတို့ ကျိန်းသေကြားသိစေရမယ်” ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။ “လက်ရှောင်လိုက်ပါ!” “ဒီဘီလီယံနာတွေရဲ့ အာဏာသိမ်းမှုကို အဆုံးသတ်ဖို့ တောင်းဆိုတယ်” ဟု တောင်းဆိုခဲ့ကြသည်။

“ ကျွန်ုပ်တို့၏ဒီမိုကရေစီကိုတိုက်ခိုက်ခြင်း၊ အလုပ်အကိုင်များကို ဖြုတ်ပစ်ခြင်း၊ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ကျူးကျော်ဖောက်ဖျက်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှု အလုပ်များကို တိုက်ခိုက်ခြင်း ခံခဲ့ကြရသည်။ ထို့ကြောင့် ထိုမတရားမှုကို တွန်းလှန်ကြရန် ဤအခိုက်အတန့်သည် သင့်အတွက်ဖြစ်သည်” ဟု ပွဲလက်ကမ်းကြော်ငြာတွင် ဖော်ပြထားသည်။

“ ဒီအကျပ်အတည်းကို ဆန့်ကျင်တွန်းလှန်ဖို့ ကြီးမားပြီး ထင်သာမြင်သာရှိတဲ့ အမျိုးသားရေး ငြင်းဆိုမှုတစ်ရပ်ကို တည်ဆောက်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။”

လူပေါင်း ၆၀၀,၀၀၀ နီးပါးသည် လန်ဒန်နှင့် ပါရီကဲ့သို့ မြို့ကြီးများတွင် ကျင်းပသည့် အခမ်းအနားများသို့ တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း လှုပ်ရှားမှုကို ဦးဆောင်နေသည့်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် ခွဲခြား၍ မရနိုင်သော (Indivisible) အဖွဲ့၏ ပြောပြချက်အရ သိရသည်။ ဤလှုပ်ရှားမှုကို ဦးဆောင်နေသည့် အရပ်ဘက် လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးသမီးအခွင့်အရေးအဖွဲ့များ၊ အလုပ်သမား သမဂ္ဂများနှင့် LGBTQ+ ထောက်ခံသူများပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့များ ပူးပေါင်းကာ လှုပ်ရှားမှုကို ဦးဆောင်နေကြသည်။

စီစဉ်သူများသည် ၎င်းတို့တွင် တောင်းဆိုချက် ၃ ချက်ရှိသည်ဟုဆိုသည်။” ထရမ့်အစိုးရ၏ အကျင့်ပျက်ခြစားမှုကို အဆုံးသတ်ရန်၊ ကျန်းမာရေးထောက်ပံ့မှု (Medicaid)၊ လူမှုဖူလုံရေးနှင့် အခြားအလုပ်လုပ်ကိုင် နေသူများအပေါ် အားကိုးအားထားပြုသော အခြားပရိုဂရမ်များအတွက် ဖက်ဒရယ်ရန်ပုံငွေများကို ဖြတ်တောက်ပစ်ခြင်းကို ရပ်တန့်ရန်နှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ၊ လိင်ပြောင်းလဲထားသူများနှင့် အခြားအသိုင်းအဝိုင်းများအပေါ် တိုက်ခိုက်မှုများကို အဆုံးသတ်ရေး” ဟု စီစဉ်သူများက ပြောကြားခဲ့သည်။

“လက်ရှောင်လိုက်ပါ” ကာလလှုပ်ရှားမှုအတွင်း ဝါရှင်တန်ဒီစီတွင် ဆန္ဒပြကြရာ ကိုယ်စားလှယ်ပေါင်းစုံက စကားတက်ရောက်ပြောကြားခဲ့ပြီး မေရီလန်းမှ ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျေမီရက်စ်ကင် (Jamie Raskin) က “မူဆိုလီနီနိုင်ငံရေးနဲ့ ဟားဘတ်ဟူးဗားရဲ့ စီးပွားရေး” အတိုင်း လုပ်ဆောင်နေသော သမ္မတတစ်ဦးအတွက် အနာဂတ်မရှိဟု ပြောဆိုခဲ့သည်။

(မှတ်ချက်။ ဟားဘတ်ဟူးဗား၏ စီးပွားရေး

ဟားဘတ်ဟူးဗားသည် ၃၁ ဦးမြောက် အမေရိကန်သမ္မတဖြစ်ပြီး ၁၉၂၉ ခုနှစ်၊ မတ်လ၊ ၄ ရက်နေ့မှ ၁၉၃၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အမေရိကန်စီးပွားပျက်ကပ်ကို ကောင်းမွန်စွာမကိုင်တွယ်နိုင်ခဲ့သူအဖြစ် ထင်ရှားသည်။)

“ ကျွန်ုပ်တို့၏နိုင်ငံကို တည်ထောင်သူများသည်အခြေခံဥပဒေတွင် ‘ကျွန်ုပ်တို့အာဏာရှင်များ’ ဟု မစခဲ့ဘဲ ‘ကျွန်ုပ်တို့ ပြည်သူများ’ ဟု ဆိုသည်” ဟု အစိုးရကို ရှုတ်ချသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသော ဝါရှင်တန် အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထောင်နှင့်ချီသော လူအုပ်ရှေ့တွင် ရက်စ်ကင်က ပြောကြားခဲ့သည်။ “စီးပွားရေးကိုခြေဖျက်တဲ့ အာဏာရှင်ကို ဘယ်သာမန်လူတွေကမှ မလိုချင်ပါဘူး။ ဒီလိုအာဏာရှင်ဟာ ဘာကိုမှ တန်ဖိုးမထားသူ ဖြစ်ပါတယ်”

အစိုးရအုပ်ချုပ်ရေး၏ မူဝါဒများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် နိုင်ငံတစ်ဝှမ်းမှ အင်အားပြကာ စုဝေးရောက်ရှိခဲ့ကြသည်။ National Mall မှ ဆန္ဒပြသူများသည် “ဟေ့ ဟိုး၊ ထရန့်ထွက် သွားရဖို့လိုတယ်” ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ “ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ပါ” နှင့် “ကျွန်ုပ်တို့၏ အခွင့်အရေးများကို လက်ရှောင်ပါ” ဟု ကြွေးကြော်ခဲ့ကြသည်။

“သင့်အနေနဲ့ မှန်ကန်တဲ့ လုပ်ငန်းစဉ်ကို ယုံကြည်ဆဲ နိုင်ငံတစ်ခုကို လိုချင်ရင် အဲဒါအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရပါမယ်” ဟု မင်နီဆိုတာ ဒီမိုကရက်တစ် ကိုယ်စားလှယ် အီဟန်အိုမာ (Ilhan Omar) က ဝါရှင်တန်တွင် ဆန္ဒပြပွဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေကို စောင့်ရှောက်ပေးဖို့၊ ဆင်းရဲသားတွေကို ပြုစုစောင့်ရှောက်ပြီး ကျွန်တော်တို့ရဲ့သားသမီးတွေအတွက် အနာဂတ်ကို ဆောင်ကျဉ်းပေးဖို့၊ အဲဒါအတွက် ဒီနိုင်ငံအပေါ်ယုံကြည်ချက်ရှိရင် ကျွန်တော်တို့ တိုက်ပွဲဝင်ရပါ့မယ်။”

“လူ့သမိုင်းတလျှောက် အာဏာရှင်တွေဟာ သူတို့ရထားတဲ့ အာဏာကို ဘယ်တော့မှ မကျေနပ်ကြဘူး၊ ဒါကြောင့် နယ်နိမိတ်တွေကို ကျော်လွန်နိုင်ဖို့ စမ်းသပ်ကြတယ်၊ ကန့်သတ်ချက်တွေ တွန်းဖယ်တယ်၊ ဥပဒေကို ချိုးဖောက်တယ်၊ ဒီလိုလုပ်တာကို ပြည်သူ အသံတိတ်ငြိမ်ခံနေလား ဒါမှမဟုတ် အသံကျယ်ကျယ်နဲ့ဆန့်ကျင်ကြသလားဆိုတာကိုသိဖို့ လူထုရဲ့တုံ့ပြန်မှုကို ကြည့်ကြတယ်” ဟု ဖလောရီဒါအောက်လွှတ်တော်အမတ် မက်စ်ဝဲလ် ဖရော့စ် (Maxwell Frost) က ဆိုသည်။

ထရန့် ရာထူးရလာပြီးကတည်းက သူ့အစိုးရအဖွဲ့သည် ဖက်ဒရယ်အသုံးစရိတ်ကို မည်သူ့ကို ထိခိုက်နိုင်မှု ဖြစ်စေကာမူ ဖြတ်တောက်ရန် ကြိုးပမ်းမှုများကို လုပ်ဆောင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ဖက်ဒရယ်အစိုးရကို လျှော့ချရန် ထရန့်နှင့် မတ်စ်တို့၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖက်ဒရယ်ဝန်ထမ်း ထောင်ပေါင်းများစွာကို အလုပ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် ချက်ခြင်းအလုပ်မှရပ်စဲကြောင်း အသိပေးချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မတ်စ်သည် အစိုးရ၏စွမ်းဆောင်ရည်ထိရောက်မှုဌာန အကြီးအကဲအဖြစ် အသုံးစရိတ်လျှော့ချရန် မူဝါဒများကို ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့ပြီး၊ ဖက်ဒရယ်အသုံးစရိတ်နှင့်ပတ်သက်၍ လူအများကို အကြိမ်ကြိမ် မဟုတ်မမှန်ပြောကြား လှည့်စားလုပ်ဆောင်နေချိန်ဖြစ်သည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၊ ငတ်မွတ်ခေါင်းပါးမှုဖြင့် စိတ်ပျက်အားငယ်နေသူများကို ကျွေးမွေးပြုစုပြီး အသက်သန်းပေါင်းများစွာကို ကယ်တင်ခဲ့သည့် USAID“ဌာနကြီးကို သစ်ဖြတ်စက်ဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း” ကို မတ်စ်က ကြွားဝါခဲ့သည်။

ပြည်ပတွင်တည်တံ့ခိုင်မာမှုမရှိသေးသည့် ဒီမိုကရေစီနိုင်ငံများကို ပံ့ပိုးပေးသည့် နိုင်ငံခြား အကူအညီပေးရေး အစီအစဉ်များကို ဖျက်သိမ်းကာ အမေရိကန်ရွေးကောက်ပွဲများကို ကာကွယ်သည့် ဖက်ဒရယ်ဝန်ထမ်းများကို အလုပ်မှခွင့်ပေး၍ ရုံးသို့လာရောက်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းခဲ့ခြင်းကို လက်ရှိအလုပ်လုပ်နေသောအရာရှိများနှင့် ယခင်အရာရှိများက ဒီမိုကရေစီအတွက် ဆယ်စုနှစ်များစွာ အမေရိကန်ကတိကဝတ်များကို စွန့်လွှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။

အမေရိကန်နိုင်ငံသား ၇၃ သန်းဝန်းကျင်အတွက် လစဉ်အကျိုးခံစားခွင့်များအတွက် တာဝန်ရှိသော လူမှုဖူလုံရေး စီမံခန့်ခွဲမှုဌာန (Social Security Administration) တွင်ရှိ ဝန်ထမ်းထောင်ပေါင်းများစွာကို ဖြတ်တောက်ခြင်းအပါအဝင် အကြီးအကျယ် ပြန်လည်ဖွဲ့စည်းပြီးနောက် ယခုအခါ ကမောက်ကမ ဖြစ်နေခဲ့သည်။

ထရန့်နှင့်အဖွဲ့သည် မကြာသေးမီရက်သတ္တပတ်များအတွင်း အစိုးရအဖွဲ့က ဆယ်ဗာဒိုး (Salvadoran) အမျိုးသားတစ်ဦးကို မကြာသေးမီရက်သတ္တပတ်များအတွင်း မှားယွင်းစွာ ပြန်ပို့ခြင်းအပါအဝင် ရွှေ့ပြောင်း အခြေချသူများကို ဖမ်းဆီးမှုများ အရှိန်မြှင့်ရန် ICE ကို ဖိအားပေးရန်နှင့် အစုလိုက်အပြုံလိုက်ပြန်ပို့ခြင်းအစီအစဉ်များကို ထရန့် နှင့် ၎င်း၏အဖွဲ့မှ ပြင်းထန်စွာ နှိမ်နင်းရန် ထူးထူးခြားခြား အစီအမံများကို လုပ်ဆောင်ခဲ့သည်။

“ရွှေ့ပြောင်းအခြေချသူတွေဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေကို ခိုးယူနေတယ်လို့ သူတို့က ပြောပါတယ်၊ ဒါပေမယ့် သူတို့က ပြည်ပကို အလုပ်အကိုင်တွေ ပို့ဆောင်ပေးပြီး သမဂ္ဂကို ဖြိုခွင်းဖို့ ကော်ပိုရိတ်ရှေ့နေတွေကို ငှားရမ်းပေးပါတယ်” ဟု ဖရော့စ်(Frost) က ပြောကြားခဲ့သည်။

“ လိင်ပြောင်းထားသူတွေဟာ ငါတို့ရဲ့ကလေးတွေအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ သူတို့ကပြောတယ်၊ ဒါပေမယ့် သူတို့ကကလေးတွေရဲ့ ပြည်သူ့ပညာရေးကို ဖျက်နေတဲ့သူတွေပဲ။ သူတို့က ရာသီဥတုအကျပ်အတည်းကို လက်မခံတဲ့သူတွေပဲ။ ငါတို့ကမ္ဘာကို အဆိပ်သင့်စေတာသူတို့တတွေပဲ။ အမျိုးသားကျန်းမာရေး အရေးပေါ်အခြေအနေနဲ့ ပတ်သက်ပြီး သေနတ်အကြမ်းဖက်မှုကို ဘာမှမလုပ်ကြဘူး” ဟု ဖရော့စ် (Frost) က ဆက်ပြောသည်။

အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌများ ကထုတ်ဖော်ပြောလာခြင်း။

ဖက်ဒရယ်အလုပ်သမားသမဂ္ဂဥက္ကဋ္ဌနှစ်ဦးသည် DC တွင်ဆန္ဒပြပွဲတွင် ထရန့် ၏ဖက်ဒရယ်အလုပ်သမားများကိုပစ်မှတ်ထားသောသူ၏မူဝါဒများကိုဆန့်ကျင်ကြောင်းစနေနေ့တွင်ပြောဆိုခဲ့သည်။

“ (ထရန့်) အစိုးရဟာ ဒီနိုင်ငံရှိ ပြည်သူ့ဝန်ဆောင်မှုတွေကို လုံးလုံးလျားလျား ဖျက်ဆီးနေပါတယ်။ ဒါဟာအမှန်ဖြစ်တယ်။ သူတို့က အစိုးရကို ပိုမိုထိရောက်အောင် လုပ်ဆောင်နေတယ်လို့ ပြောခဲ့တယ်” ဟု အမျိုးသားဖက်ဒရယ် အလုပ်သမားများ အဖွဲ့ချုပ် (NFFE) ဥက္ကဌ ရန်ဒီ အာဝင်(Randy Erwin)ကဆိုသည်။ “ ဒါဟာဟာသပဲ၊ ၊ အဲဒါဟာ ကောက်ကျစ်တဲ့ဟာသပဲ။ သူတို့ကဆန့်ကျင်ဘက်ကိုလုပ်နေကြတာဖြစ်တယ်။”

NFFE နှင့် အမေရိကန်ဖက်ဒရယ်အစိုးရဝန်ထမ်းများ American Federation of Government Employees (AFGE) အဖွဲ့တို့သည် ဖက်ဒရယ်ဝန်ထမ်းများစွာအတွက် စုပေါင်းညှိနှိုင်းမှုအခွင့်အရေးကို အဆုံးသတ်ရန်လုပ်ဆောင်နေသည့် ထရန့်အစိုးရ၏ ဆောင်ရွက်မှုကို ရပ်တန့်တားဆီးရန် ယခုသီတင်းပတ်တွင် ဆန်ဖရန်စစ္စကိုရှိ အမေရိကန်ခရိုင်တရားရုံးတွင် တရားစွဲဆိုထားသည့် ညွန့်ပေါင်းသမဂ္ဂများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

“ သူတို့က ငါတို့ကို လွယ်ကူတဲ့ပစ်မှတ်လို့ ထင်ကြပေမယ့် ကျွန်တော့အနေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းဟောင်းတွေအကြောင်း တစ်ခု ပြောပြပါရစေ။ ငါတို့ကို ချိန်းခြောက်လို့ မရပါဘူး။ ငါကိုယ်တိုင်က စစ်မှုထမ်းဟောင်းယောက်ပါ။ ငါက တပ်မတော်သား တစ်ယောက်ပါ။ ငါတို့က နှုတ်ဆိတ်နေမှာ မဟုတ်ဘူး။ ငါတို့က ဦးညွှတ်မှာ မဟုတ်ဘူး။ ငါတို့မတ်တပ်ရပ်ပြီး ငါတို့ သမဂ္ဂကို လက်ရှောင်လိုက်ပါ လို့ ပြောမယ် ငါတို့စာချုပ်တွေကို လက်ရှောင်လိုက်ပါ လို့ ပြောမယ်” ဟု AFGE ဥက္ကဌ အဲဗရက် ကယ်လီ (Everett Kelley) က ပြောပါသည်။”

“ AFGE က တရားရုံးတွေ၊ မီဒီယာတွေ၊ ကွန်ဂရက်မှာ ရှိနေပြီး အခုလမ်းပေါ်မှာ မင်းတို့နဲ့အတူ ရှိနေတယ်။ ငါတို့က တရားရုံးမှာတင်မကဘူး၊ ငါတို့က တရားရုံးမှာ ရှိနေစဉ်အတွင်းမှာ သူတို့က နောက်ကနေကန်ကျောက်ပြီး ဖိအားပေးနေတယ်။ သူတို့ကို နောက်ကနေ ဆက်ပြီး ကန်နေမယ်” လို့ ကယ်လီ က ပြောပါတယ်။

CNN ၏ မတ်လ ၂၈ ရက်နေ့ နောက်ဆုံးထွက်စာရင်းအရ လက်ရှိအချိန်အထိ ဖက်ဒရယ်အေဂျင်စီများမှ ဝန်ထမ်း ၁၂၁,၃၆၁ ဦးကို အလုပ်ထုတ်လိုက်ပြီဖြစ်သည်။

” ထရန့်နဲ့ မတ်စ်တို့ရဲ့ကမ္ဘာမှာ ငွေတွေလှိမ့်ဝင်နေတုန်း ကျွန်တော်တို့က ပိုမိုပေးဆပ်နေကြရပါတယ်။ သူတို့ဟာ ငွေအတွက်သာမဟုတ် အာဏာရယူရေးနဲ့လည်းဆိုင်ပါတယ်” ဟု Hands Off! စီစဉ်သူများက ရေးသားခဲ့သည်။

“ ဒီအစိုးရဟာ အပေါ်လွှာလူချမ်းသာ ၁% ထဲမှာ မပါဝင်သူတွေဖြစ်တဲ့ စစ်မှုထမ်းဟောင်းများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ လယ်သမားများ၊ ရွှေ့ပြောင်း နေထိုင်သူများ၊ လိင်ပြောင်းသူများနဲ့ နိုင်ငံရေး ဆန့်ကျင်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ သူတို့ဟာ အာဏာကို စုစည်းပြီး သူတို့ရဲ့ မဟာမိတ်တွေကို မျက်နှာသာပေးခဲ့တယ်” ဟု ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် နှင့် ဆမ်အော့တ်မန်းတို့၏ တရားရင်ဆိုင်မှု ပထမနေ့မှ အချက်အလက်များ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 3 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့သတင်းကိုဘာသာပြန်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်မြို့ —ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန် တရားရုံးခန်းအတွင်း ChatGPT
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

မော်စကိုရှိ လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုက ရုရှား၏ စီးပွားရေး အကျပ် အတည်းကို လှစ်ဟဖော်ပြနေခြင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခု၏ အတွင်းခန်းမထဲတွင်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံခံရမှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှုများကို စိုးရိမ်သဖြင့် ကရင်မလင်က ပူတင်၏ လုံခြုံရေးကို တင်းကျပ်ထားကြောင်း ထောက်လှမ်းရေးအစီရင်ခံစာတွင် ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် ရုရှားထိပ်တန်းစစ်ဘက်အရာရှိများ ဆက်တိုက်လုပ်ကြံခံရမှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှု များ ဖြစ်လာနိုင်သည်ကို စိုးရိမ်သဖြင့် သမ္မတ ဗလာဒီမာ ပူတင်၏ ကိုယ်ရံတော်လုံခြုံရေးကို ကရင်မလင်က သိသိသာသာ
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ အီရန်

ဟော်မုဇ် ရေလက်ကြားတွင် အီရန်၏ ထိန်းချုပ်မှုက အိန္ဒိယ၏ ချစ်လှစွာသော စမူဆာနှင့် လက်ဖက်ရည်ကို ခြိမ်းခြောက်နေ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ တင်းကျပ်သော ထိန်းချုပ်မှု ကြောင့် ကမ္ဘာတစ်ဝန်းတွင် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်နေကြသလို၊ အိန္ဒိယ နိုင်ငံတွင်မူ အချို့သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ဘူချာမှ သားသတ်သမား’ ကို ပစ်မှတ်ထားခဲ့ဖွယ်ရှိသည့် ဗုံးခွဲမှုအတွင်း ရုရှားစစ်သည်တစ်ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ရုရှားနိုင်ငံ၏ ဝေးလံခေါင်ဖျားသော မြို့တစ်မြို့တွင် စစ်သည်တစ်ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုမှာ ‘ဘူချာမှ သားသတ်သမား’ (Butcher of Bucha) ဟု လူသိများသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ရုရှားတပ်မှူးကို ပစ်မှတ်ထားခဲ့ခြင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 23 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့် ပျက်စီးနေသော အဆောက်အအုံများနှင့် မြေနီလမ်းများကြားတွင် တိကျစွာ မောင်းနှင် သွားသည်။ ထိုဒရုန်းသည် ၎င်းကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း မဟာမိတ်များထံ လက်နက်ရောင်းချမှု ဒေါ်လာ ၈ ဘီလီယံဖိုးကို ထရန့်အစိုးရ အမြန်အကောင်အထည်ဖော်

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် အစ္စရေး၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော လက်နက်ရောင်းချမှုများကို ထရန့်အစိုးရက အမြန်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။ စုစုပေါင်း လက်နက်တန်ဖိုးမှာ