နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့က ဆေးကုသ ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်နေ

ဧပြီလ (၆) ရက်။

တရုတ်နိုင်ငံ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က မြန်မာနိုင်ငံ မန္တလေးတိုင်း မြို့ပြဧရိယာမှာ ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ဆက်လက်လုပ်‌ဆောင်ပေးနေပါတယ်။

အဲ့ဒီအဖွဲ့မှာ ဆေးစစ်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးအကြံပြုခြင်း၊ ဆေးဝါးလမ်းညွှန်ပေးခြင်းနဲ့ ဆေးဝါးများ ဝေငှပေးခြင်းဖြင့် ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက မန္တလေးဆေးတက္ကသိုလ်အနီးရှိ ကယ်ဆယ်ရေးစခန်းတစ်ခုမှာ လက်ကိုင်အာထရာဆောင်းရိုက်စက်၊ ခရီးဆောင် ဓာတ်မှန်ရိုက်စက်၊ ECG မော်နီတာ စတဲ့ တရုတ်နိုင်ငံထုတ် ရောဂါရှာဖွေဖော်ထုတ်ရေး ကိရိယာတွေကို အသုံးပြုပြီး ဒေသခံ ၂၅၀ ကျော်ကို အခမဲ့ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွေးတိုးကျဆေး အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ဆေးစစ်ချက်တွေအပေါ် မူတည်ပြီး ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးနန်းတော်အနီးမှာ တရုတ်ဆေးဘက်ဝန်ထမ်းအဖွဲ့က ငလျင်ဒဏ်သင့် ဒေသတွေမှာ အပူချိန်ပြင်းထန်မှုကြောင့် အသက်ရှူလမ်းကြောင်း၊ အစာခြေစနစ်၊ ကိုယ်ခံအားစနစ်တို့နဲ့ သက်ဆိုင်တဲ့ ဒေသအလိုက် ဖြစ်ပွားနေတဲ့ ရောဂါတွေ ပျံ့နှံ့ဖြစ်ပွားမှု ပိုမိုဆိုးရွားလာနေတဲ့အတွက် ဖြေရှင်းနည်းတွေကို စီမံပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးအသိပညာနဲ့ မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်း မြှင့်တင်ပေးရေးအတွက် အသက်ရှူလမ်းကြောင်းကို ဂရုစိုက်ရေးနဲ့ နာတာရှည်ရောဂါ စီမံခန့်ခွဲရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနဲ့ ဆေးဝါးလမ်းညွှန်ခြင်းတို့ကိုလည်း လုပ်ဆောင်ပေးလျက်ရှိပါတယ်။

ဒီအဖွဲ့မှာ တရုတ်နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျွမ်းကျင်ပညာရှင် ၁၀ ဦးကျော် ပါဝင်ကာ ကိုယ်တွင်းအင်္ဂါရပ်ဆိုင်ရာ ဆေးပညာ၊ ခွဲစိတ်ကုသမှုနဲ့ ကလေးအထူးကု စတဲ့ ပညာရပ်နယ်ပယ် ၁၄ ခုက ပညာရှင်တွေ ပါဝင်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိချိန်ကစပြီး ရှာဖွေကယ်ဆယ်ရေးနဲ့ အဆောက်အအုံဆိုင်ရာ အကဲဖြတ်တွက်ချက်မှုတွေ လုပ်ဆောင်ရာမှာ အကူအညီပေးခဲ့သလို ရှာဖွေကယ်ဆယ်ရေးဇုန်တွေရဲ့ စတုရန်းမီတာ ၁၂၀,၀၀၀ ကျော်မှာ ပိုးသတ်ဆေးဖျန်းမှုတွေလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအဖွဲ့က အခြားတရုတ်ပြည်က China Search and Rescue Team ၊ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသမှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့၊ Shenzhen Public Welfare Rescue Team စတဲ့ အခြား တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ဆေးဘက်ဆိုင်ရာ အကူအညီပေးမှုတွေကို နေ့ရောညပါ ဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးအကြံပြုမှုပေါင်း ၅၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အနေနဲ့ မန္တလေးမြို့ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ အသက်ရှူလမ်းကြောင်း၊ အသည်းနဲ့ သည်းခြေရည်၊ နှလုံးသွေးကြော၊ ဟော်မုန်းစနစ် မူမမှန်မှု စတဲ့ ပြင်းထန်တဲ့ နာတာရှည်ရောဂါတွေကိုလည်း ကုသပေးမယ်လို့ သိရပါတယ်။

ဒေသတွင်းရှိ ဆေးရုံတွေကိုလည်း အရေးတကြီး လိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်။ ဆင်ဟွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 138 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 121 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို