နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာမြို့က ပြန်ပေးဆွဲမှုဖြစ်စဉ်မှာ ကျူးလွန်သူတွေကို ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

မေလ (၆)ရက်။

မေလ (၄)ရက်နေ့ နေ့လယ် (၁)နာရီခန့်က မုံရွာမြို့ နန္ဒဝန်ရပ်ကွက် ပုဏ္ဏမီလမ်းမှာ သားအမိ (၂)ဦးကို သေနတ်ပြခြိမ်းခြောက်ကာ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြန်ပေးဆွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားတဲ့နေ့ ညနေပိုင်းမှာပဲ ကျူးလွန်ရာမှာ ပါဝင်ခဲ့ကြတဲ့ အသက် (၁၇)နှစ်ကနေ (၃၁)နှစ်ဝန်းကျင်ရှိ အမျိုးသား (၄)ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ပြန်ပေးဆွဲခံရတဲ့ သားအမိ (၂)ဦးကို ကွမ်းခြံအစပ်နဲ့ မြို့ရှောင်လမ်းကြားမှာရှိတဲ့ သနပ်ခါးခြံအလယ်က စခန်းမှာ ဖမ်းဆီးထားတယ်လို့ ဖမ်းမိခဲ့သူတွေက ထွက်ဆိုထားတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီပြန်ပေးဆွဲခံရတဲ့ သားအမိ (၂)ဦးကို ဖမ်းဆီးထားတဲ့ စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခဲ့ရာ အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ အမျိုးသား (၃)ဦးကို လက်လုပ်သေနတ်၊ ကျည်အချို့နဲ့အတူ အသေပစ်ခတ်ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။

အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ပြန်ပေးဆွဲခံရတဲ့ သားအမိ (၂)ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။

နောက်ပြီး မနေ့က နံနက် (၂)နာရီ (၄၅)မိနစ်မှာ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နယ်မြေကို ရှင်းလင်းရာ အမျိုးသား (၂)ဦးကို MG-1 လက်ပစ်ဗုံး (၁)လုံး၊ ကျည်ကာအင်္ကျီတထည်၊ ဆိုင်ကယ်တစ်စီးတို့နဲ့အတူ ထပ်မံဖမ်းမိမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကြောချက်တွေအရ နန္ဒဝန်ရပ်ကွက် နယ်မြေ(၈)ရှိ နေအိမ်ခြေဝန်းထဲကနေ ဆာလာအိတ်နဲ့ပတ်ပြီး မြှုပ်ထားတဲ့ MA-2 သေနတ် (၁)လက်၊ ဘောက်ဝိုင်းတစ်ခု၊ အဲ့ဒီကျည် (၄၆)တောင့်၊ လက်လုပ်သေနတ် (၂)လက်၊ ကျည်(၄)တောင့်၊ 91 လက်ပစ်ဗုံး (၁)လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့မှာဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုမှာ ကျူးလွန်သူတွေဟာ PDF တွေဖြစ်ကာ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် ဘယ်အဖွဲ့တွေဆိုတာကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို