နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ပူတင်-ဝတ်ကော့ဖ် တွေ့ဆုံမှုသည် ‘အပြုသဘောဆောင်သည်’ ဟု ကရင်မလင် ကဆိုသည်။

CNN- ၂၀၂၅ခုနှစ် ၊ သြဂုတ်လ ၆ရက်

ရုရှားနိုင်ငံအပေါ် ထရန့် အစိုးရက ပိတ်ဆို့အရေးယူမှု နောက်ဆုံးရက် နီးကပ်လာသည်နှင့်အမျှ အမေရိကန် အထူးသံတမန် စတိ့ဗ် ဝတ်ကော့ဖ် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဗုဒ္ဓဟူးနေ့တွင် “ အပြုသဘောဆောင်ပြီး လက်တွေ့ကျသော” အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာ TASS အရ သိရသည်။

ရုရှားနိုင်ငံသတင်းဌာနအဆိုအရဆွေးနွေးပွဲသည် ၃နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရသည်။ ရုရှားအနေနှင့် မကြာခင်အချိန်အတွင်း ယူကရိန်းနှင့်ငြိမ်းချမ်းရေး မလုပ်ဆောင်ပါက ပိတ်ဆို့ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းအမေရိကန်သမတဒေါ်နယ်ထရန့်ကစိတ်အနှောက်အယှက်ဖြစ်ကာလွန်ခဲ့သည့်လကချိန်းခြောက် ပြောကြားပြီးနောက်ဤ ဆွေးနွေးပွဲ ဖြစ်လာ ခဲ့သည်။

“ ယူကရိန်းကိစ္စနဲ့ ပတ်သက်ပြီး ပူတင်က အမေရိကန်ကို အသိပေးမှုတချို့ကို ပေးပို့ခဲ့သည်။ သမ္မတ ထရန့် ဆီမှလည်း သက်ဆိုင်တဲ့ အသိပေးမှုတွေကို လက်ခံရရှိခဲ့ပါတယ်” ဟု ကရင်မလင် သတင်းဌာနကို ကိုးကား၍ RIA Novosti က ဖော်ပြခဲ့သည်။

ဝတ်ကော့ဖ်က ထရန့် ကိုပြန်လည်အစီရင်ခံပြီးနောက်တွင် ဆွေးနွေးခဲ့သည့် အချက်အလက် များကို ပိုမိုထုတ်ပြန်လိမ့်မည်ဟု ကရင်မလင် မှ RIA က ဆိုရှယ်မီဒီယာ တွင်ရေးသားခဲ့သည်။
အမေရိကန် အကြီးတန်း အုပ်ချုပ်ရေး အရာရှိများ သည် တွေ့ဆုံဆွေးနွေးမှု အကြောင်းကို ဖတ်ကြားပြောဆိုခြင်း မရှိသေးကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ထိုနေ့အစောပိုင်းတွင် ရုရှား၏ ရင်းနှီးမြှုပ်နှံမှုသံတမန် ကီရီးလ် ဒီမီထရီ့ဗ် (Kirill Dmitriev) မှ မော်စကိုလေဆိပ်တွင် အမေရိကန်သံတမန်အား ကြိုဆိုခဲ့သည်။ နောက်ပိုင်းတွင် ကရင်မလင်မှ လွှင့်တင်ခဲ့သော ဗီဒီယိုတွင် ဝတ်ကော့ဗ် သည် ပူတင်နှင့် တွေ့ဆုံဆွေးနွေးမှု မပြုမီ လက်ဆွဲနှုတ်ဆက်သည်ကို ပြသခဲ့သည်။

ထရန့် သည် ၎င်း၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ရုရှား၏ ခုခံကြောခိုင်းနေမှုအပေါ် စိတ်မရှည်မှု တိုးလာခဲ့သည်။ ဝတ်ကော့ဗ် နှင့် ပူတင်တို့အကြား နောက်ဆုံးတွေ့ဆုံမှုဖြစ်သည့် ဧပြီလတွင် ရုရှားသည် ယူကရိန်းကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ကာ မြို့များကို တိုက်ခိုက်မှု အရှိန်ကိုမြှင့်တင်ခဲ့သည်။

ထရန့် သည် ရုရှား၏တိုက်ခိုက်မှုများကို “ ရွံရှာဖွယ်” ဟုခေါ်ဆိုခဲ့ပြီး ပူတင်နှင့် သူ၏ တင်းမာသောဖုန်းပြောဆိုမှုများတွင် “ အလကားလိမ်ညာနေပြီး” ကို လှည့်ပတ်ပြောဆို နေသည်ဟု စွပ်စွဲခဲ့သည်။

ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမတိုင်ခင်မှာ ဆွေးနွေးပွဲရဲ့ ရလဒ်ကို စောင့်မျှော်နေမယ်လို့ ထရန့်ကဆိုခဲ့ပြီး ရလာဒ်အပေါ်ကိုကြည့်ပြီး ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်မလားဆုံးဖြတ်မည်ဟုဆိုသည်။
“ဘာတွေဖြစ်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ” ဟု သမ္မတ အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ “ အဲဒီအချိန်ကျရင်ဘာလုပ်မယ်ဆိုတာ ငါတို့ဆုံးဖြတ်မယ်။”

‘အကြောက်တရား ပွားများစေရန် ရည်ရွယ်၍ ရက်စက်ခြင်း’
ကရင်မလင်နန်းတော်တွင် သံခင်းတမန်ခင်း စတင်ဆောင်ရွက်နေချိန် ဗုဒ္ဓဟူးနေ့အထိ ယူကရိန်း နိုင်ငံတစ်ဝှမ်း ရုရှား၏တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ယူကရိန်းသည် တစ်ဖန် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

နိုင်ငံအရှေ့တောင်ပိုင်း ဇာပိုးရီးဇာဟီရာ(Zaporizhzhia) မြို့ရှိ အပန်းဖြေစခန်းတစ်ခုအား ဒုံးကျဥ်တိုက်ခိုက်မှုအပါအဝင် မော်စကိုမှ ဗုဒ္ဓဟူးနေ့နံနက်မတိုင်မီ ၂၄ နာရီအတွင်း တိုက်ခိုက်မှု များတွင် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး က လူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၂ ဦးတွင် ကလေးလေးဦးပါဝင်သည့် အဆိုပါစင်တာကို တိုက်ခိုက်ခြင်းအား ရှုတ်ချခဲ့ပြီး ၎င်းကို “ကြောက်ရွံ့မှုဖြစ်စေရန် ရည်ရွယ်၍ ရက်စက်ကြမ်းကြုတ်မှုလုပ်ရပ်မျှသာ” ဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။

ယူကရိန်းနိုင်ငံသည် အမေရိကန်နှင့် အဇာဘိုင်ဂျန်နီ စွမ်းအင် တင်သွင်းမှုများကို လက်ခံရရှိရန် ကူညီပေးသည့် ဓာတ်ငွေ့ကွန်ပရက်ဆာ ဌာနကိုလည်း ညတွင်းချင်း တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယူကရိန်းတောင်ပိုင်း အိုဒက်ဆာ(Odesa) ဒေသရှိ ရိုမေးနီးယားနယ်စပ်အနီးရှိ နိုဗိုဆီးလ်ကေး(Novosilske) မြို့၌ ဓာတ်ငွေ့ပို့လွှတ်သည့် စက်ရုံကို ဒရုန်း ဒါဇင်ပေါင်းများစွာက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ရာနဲ့ချီတဲ့ မိသားစုတွေဟာ ဓာတ်ငွေ့မပါဘဲ နေနေခဲ့ရတယ်” ဟု ဇလန်းစကီး က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ ဒါက အပူပေးရာသီအတွက် ပြင်ဆင်မှုတွေကို တမင်တကာ ထိုးနှက်ချက်ပါပဲ၊ ရုရှားက ကျွန်တော်တို့ရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံ အပေါ် လုပ်ကြံမှု တိုင်းဟာ လုံးဝကို ရိုင်းစိုင်းလွန်းပါတယ်။”

ထိုအတောအတွင်း ယူကရိန်းနိုင်ငံသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်း၏ ကိုယ်စား စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ဝယ်ယူခွင့်ပြုမည့် ဒေါ်လာ သန်း ၂၀၀ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ယူကရိန်းက ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ အမေရိကန်က မှတ်ချက်မပေးသေးပါဘူး။

ယူကရိန်း၏ဥရောပမဟာမိတ်လေးခုဖြစ်သည့် နေတိုးအဖွဲ့ဝင်များဖြစ်သော နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်တို့က ကိယက်ဗ်အတွက် အမေရိကန်လုပ်လက်နက်များကို ဝယ်ယူမည့် ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုး ကတိကဝတ်များကို အင်္ဂါနေ့တွင် ဇလန်းစကီးက ကြိုဆိုခဲ့သည်။


CNN သတင်း Putin-Witkoff meeting was ‘constructive,’ Kremlin says ကိုခေတ်မျက်လုံးမှဘာသာပြန်ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 59 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 55 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု