နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ပူတင်-ဝတ်ကော့ဖ် တွေ့ဆုံမှုသည် ‘အပြုသဘောဆောင်သည်’ ဟု ကရင်မလင် ကဆိုသည်။

CNN- ၂၀၂၅ခုနှစ် ၊ သြဂုတ်လ ၆ရက်

ရုရှားနိုင်ငံအပေါ် ထရန့် အစိုးရက ပိတ်ဆို့အရေးယူမှု နောက်ဆုံးရက် နီးကပ်လာသည်နှင့်အမျှ အမေရိကန် အထူးသံတမန် စတိ့ဗ် ဝတ်ကော့ဖ် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဗုဒ္ဓဟူးနေ့တွင် “အပြုသဘောဆောင်ပြီး လက်တွေ့ကျသော” အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာ TASS အရ သိရသည်။

ရုရှားနိုင်ငံသတင်းဌာနအဆိုအရဆွေးနွေးပွဲသည် ၃နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရသည်။ ရုရှားအနေနှင့် မကြာခင်အချိန်အတွင်း ယူကရိန်းနှင့်ငြိမ်းချမ်းရေး မလုပ်ဆောင်ပါက ပိတ်ဆို့ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းအမေရိကန်သမတဒေါ်နယ်ထရန့်ကစိတ်အနှောက်အယှက်ဖြစ်ကာလွန်ခဲ့သည့်လကချိန်းခြောက် ပြောကြားပြီးနောက်ဤ ဆွေးနွေးပွဲ ဖြစ်လာ ခဲ့သည်။

“ယူကရိန်းကိစ္စနဲ့ ပတ်သက်ပြီး ပူတင်က အမေရိကန်ကို အသိပေးမှုတချို့ကို ပေးပို့ခဲ့သည်။ သမ္မတ ထရန့် ဆီမှလည်း သက်ဆိုင်တဲ့ အသိပေးမှုတွေကို လက်ခံရရှိခဲ့ပါတယ်” ဟု ကရင်မလင် သတင်းဌာနကို ကိုးကား၍ RIA Novosti က ဖော်ပြခဲ့သည်။

ဝတ်ကော့ဖ်က ထရန့် ကိုပြန်လည်အစီရင်ခံပြီးနောက်တွင် ဆွေးနွေးခဲ့သည့် အချက်အလက် များကို ပိုမိုထုတ်ပြန်လိမ့်မည်ဟု ကရင်မလင် မှ RIA က ဆိုရှယ်မီဒီယာ တွင်ရေးသားခဲ့သည်။
အမေရိကန် အကြီးတန်း အုပ်ချုပ်ရေး အရာရှိများ သည် တွေ့ဆုံဆွေးနွေးမှု အကြောင်းကို ဖတ်ကြားပြောဆိုခြင်း မရှိသေးကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ထိုနေ့အစောပိုင်းတွင် ရုရှား၏ ရင်းနှီးမြှုပ်နှံမှုသံတမန် ကီရီးလ် ဒီမီထရီ့ဗ် (Kirill Dmitriev) မှ မော်စကိုလေဆိပ်တွင် အမေရိကန်သံတမန်အား ကြိုဆိုခဲ့သည်။ နောက်ပိုင်းတွင် ကရင်မလင်မှ လွှင့်တင်ခဲ့သော ဗီဒီယိုတွင် ဝတ်ကော့ဗ် သည် ပူတင်နှင့် တွေ့ဆုံဆွေးနွေးမှု မပြုမီ လက်ဆွဲနှုတ်ဆက်သည်ကို ပြသခဲ့သည်။

ထရန့် သည် ၎င်း၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ရုရှား၏ ခုခံကြောခိုင်းနေမှုအပေါ် စိတ်မရှည်မှု တိုးလာခဲ့သည်။ ဝတ်ကော့ဗ် နှင့် ပူတင်တို့အကြား နောက်ဆုံးတွေ့ဆုံမှုဖြစ်သည့် ဧပြီလတွင် ရုရှားသည် ယူကရိန်းကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ကာ မြို့များကို တိုက်ခိုက်မှု အရှိန်ကိုမြှင့်တင်ခဲ့သည်။

ထရန့် သည် ရုရှား၏တိုက်ခိုက်မှုများကို “ရွံရှာဖွယ်” ဟုခေါ်ဆိုခဲ့ပြီး ပူတင်နှင့် သူ၏ တင်းမာသောဖုန်းပြောဆိုမှုများတွင် “အလကားလိမ်ညာနေပြီး” ကို လှည့်ပတ်ပြောဆို နေသည်ဟု စွပ်စွဲခဲ့သည်။

ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမတိုင်ခင်မှာ ဆွေးနွေးပွဲရဲ့ ရလဒ်ကို စောင့်မျှော်နေမယ်လို့ ထရန့်ကဆိုခဲ့ပြီး ရလာဒ်အပေါ်ကိုကြည့်ပြီး ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်မလားဆုံးဖြတ်မည်ဟုဆိုသည်။
“ဘာတွေဖြစ်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ” ဟု သမ္မတ အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ “အဲဒီအချိန်ကျရင်ဘာလုပ်မယ်ဆိုတာ ငါတို့ဆုံးဖြတ်မယ်။”

‘အကြောက်တရား ပွားများစေရန် ရည်ရွယ်၍ ရက်စက်ခြင်း’
ကရင်မလင်နန်းတော်တွင် သံခင်းတမန်ခင်း စတင်ဆောင်ရွက်နေချိန် ဗုဒ္ဓဟူးနေ့အထိ ယူကရိန်း နိုင်ငံတစ်ဝှမ်း ရုရှား၏တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ယူကရိန်းသည် တစ်ဖန် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

နိုင်ငံအရှေ့တောင်ပိုင်း ဇာပိုးရီးဇာဟီရာ(Zaporizhzhia) မြို့ရှိ အပန်းဖြေစခန်းတစ်ခုအား ဒုံးကျဥ်တိုက်ခိုက်မှုအပါအဝင် မော်စကိုမှ ဗုဒ္ဓဟူးနေ့နံနက်မတိုင်မီ ၂၄ နာရီအတွင်း တိုက်ခိုက်မှု များတွင် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး က လူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၂ ဦးတွင် ကလေးလေးဦးပါဝင်သည့် အဆိုပါစင်တာကို တိုက်ခိုက်ခြင်းအား ရှုတ်ချခဲ့ပြီး ၎င်းကို “ကြောက်ရွံ့မှုဖြစ်စေရန် ရည်ရွယ်၍ ရက်စက်ကြမ်းကြုတ်မှုလုပ်ရပ်မျှသာ” ဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။

ယူကရိန်းနိုင်ငံသည် အမေရိကန်နှင့် အဇာဘိုင်ဂျန်နီ စွမ်းအင် တင်သွင်းမှုများကို လက်ခံရရှိရန် ကူညီပေးသည့် ဓာတ်ငွေ့ကွန်ပရက်ဆာ ဌာနကိုလည်း ညတွင်းချင်း တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယူကရိန်းတောင်ပိုင်း အိုဒက်ဆာ(Odesa) ဒေသရှိ ရိုမေးနီးယားနယ်စပ်အနီးရှိ နိုဗိုဆီးလ်ကေး(Novosilske) မြို့၌ ဓာတ်ငွေ့ပို့လွှတ်သည့် စက်ရုံကို ဒရုန်း ဒါဇင်ပေါင်းများစွာက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ရာနဲ့ချီတဲ့ မိသားစုတွေဟာ ဓာတ်ငွေ့မပါဘဲ နေနေခဲ့ရတယ်” ဟု ဇလန်းစကီး က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဒါက အပူပေးရာသီအတွက် ပြင်ဆင်မှုတွေကို တမင်တကာ ထိုးနှက်ချက်ပါပဲ၊ ရုရှားက ကျွန်တော်တို့ရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံ အပေါ် လုပ်ကြံမှု တိုင်းဟာ လုံးဝကို ရိုင်းစိုင်းလွန်းပါတယ်။”

ထိုအတောအတွင်း ယူကရိန်းနိုင်ငံသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်း၏ ကိုယ်စား စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ဝယ်ယူခွင့်ပြုမည့် ဒေါ်လာ သန်း ၂၀၀ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ယူကရိန်းက ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ အမေရိကန်က မှတ်ချက်မပေးသေးပါဘူး။

ယူကရိန်း၏ဥရောပမဟာမိတ်လေးခုဖြစ်သည့် နေတိုးအဖွဲ့ဝင်များဖြစ်သော နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်တို့က ကိယက်ဗ်အတွက် အမေရိကန်လုပ်လက်နက်များကို ဝယ်ယူမည့် ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုး ကတိကဝတ်များကို အင်္ဂါနေ့တွင် ဇလန်းစကီးက ကြိုဆိုခဲ့သည်။


CNN သတင်း Putin-Witkoff meeting was ‘constructive,’ Kremlin says ကိုခေတ်မျက်လုံးမှဘာသာပြန်ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက