နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်နေခြင်းအတွက် ဥရောပကို ထရန့် နဲ့ ပူတင်တို့ က အပြစ်တင်ခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၃ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဗလာဒီမာပူတင်တို့သည် ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင် တိုးတက်မှုမရှိသည့်အတွက် ဥရောပကို အပြစ်တင်ခြင်းဖြင့် ၎င်းတို့၏ သတင်းစကားပေးပို့မှုကို ညှိနှိုင်းထုတ်ပြန်ခဲ့ကြသည်။ အလာစကာတွင် ထိပ်သီးအစည်းအဝေး အပြီး သုံးပတ်အကြာတွင် ခေါင်းဆောင်နှစ်ဦးစလုံးသည် မော်စကို၏စစ်ပွဲအတွက် တာဝန်ရှိမှုကို ပခုံးလွှဲပြောင်းပြီး အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုပြိုကွဲမှုကို မီးမောင်းထိုးပြကာ အပြစ်ပုံချခဲ့ကြသည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးနှင့် ဥရောပခေါင်းဆောင်များ ကို ထရန့်မှ ခေါ်ဆိုပြီးသူတို့အနေနှင့် ရုရှား၏လုပ်ဆောင်ချက်များအပေါ်အာရုံစိုက်ခြင်းကိုလျော့ချပြီး ဥရောပအပေါ် အာရုံပို စိုက်ကြရန် ပြောကြားခဲ့သည်။ ရုရှားထံမှ ရေနံဝယ်ယူမှုကို ရပ်ဆိုင်းရန် လည်းထရန့်ကတောင်းဆိုခဲ့ပြီး ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ဥရောပသည် ယမန်နှစ်က ယူရို ၁ ဘီလီယံကျော်ရှိအထိရုရှားထံမှ ဝယ်ယူနေရ ဆဲဖြစ်သည်။

မော်စကိုအား ၎င်း၏ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ထိပ်တိုက်ရင်ဆိုင်ရန် ဥရောပကို တောင်းဆိုခဲ့သည်။ သို့သော်လည်း ထရန့် ကိုယ်တိုင်က ဘေဂျင်းကို ဒဏ်ခတ် ပိတ်ဆို့မှုကို ရှောင်ခဲ့ပြီး၊ ဆက်လက်လုပ်ဆောင်နေသောတရုတ်နှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများကို ပျက်စီးသွားမည် ကို စိုးရိမ်ကာ ၎င်း၏ဖိအားပေးလှုံ့ဆော်မှုနှင့် ဆန့်ကျင်သည့် မကိုက်ညီသည့်လုပ်ရပ်များကို ထုတ်ဖော်ပြသခဲ့သည်။

သူ၏ချဉ်းကပ်မှုသည် ရုရှားရေနံကို ဆက်လက်ဝယ်ယူမှုအတွက် တိုးမြှင့်အခွန်စည်းကြပ်မှု ၅၀% ဖြင့် အပြစ်ပေးခဲ့သည့် အိန္ဒိယအပေါ် ဆက်ဆံပုံကို ပြန်လည်အမှတ်ရစေသည်။ ယင်းသို့လုပ်ဆောင်မှုသည် တရုတ်ကို တန်ပြန်ရာတွင် အဓိက မိတ်ဖက်အဖြစ် ကာလကြာ ရှည်စွာ ရှိခဲ့သောအိန္ဒိယ နိုင်ငံကိုအမေရိကန်နှင့် ကွဲကွာသွားစေခဲ့ပြီး နယူးဒေလီအား ဘေဂျင်းနှင့် မော်စကို တို့နှင့် ပိုမိုနီးကပ်သွားရန်တွန်းပို့ပေးသလိုဖြစ်စေခဲ့သည်။

ပူတင်သည် နေတိုး မဟာမိတ်များအကြားကိုသွေးကွဲလာစေရန် ရုရှား၏ အစဉ်အလာ ကိုင်စွဲ ထားသည့် ဗျူဟာကိုအသုံးချပြီး နက်ရှိုင်းအောင် လုပ်ဆောင်နေခဲ့သည်။

ဥရောပတိုက်အား ရုရှားကခြိမ်းခြောက်နေကြောင်းကြောက်လန့်လာအောင် ဥရောပသားများ ကို လှုံ့ဆော်နေသည်ဟု ပူတင်က စွပ်စွဲထားပြီး စစ်ပြီးခေတ် လုံခြုံရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်းတွင် နိုင်ငံခြားတပ်များ တပ်စွဲထားနိုင်ခြေကိုလည်း ပူတင်က ပယ်ချခဲ့သည်။ ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါလီယွန်၏ လေယာဉ်အား GPS ပိတ်ဆို့ခြင်းလုပ်မှုတွင်ရုရှားအပေါ် သံသယရှိခြင်းအတွက် ရုရှားက ငြင်းဆိုထား သော်လည်း ယင်းဖြစ်ရပ်သည် မော်စကို၏ မတည်မငြိမ်ဖြစ်စေသော နည်းဗျူဟာအတွက် သံသယများ ကိုတိုးစေခဲ့သည်၊ အဆိုပါ စစ်ဆင်ရေးများတွင် ရှင်းလင်းသည့် ရည်ရွယ်ချက် ရှိသည်။ ဥရောပစည်းလုံးညီညွတ်ရေးကိုပျက်ပြားစေရန်လုပ်ဆောင်ခြင်း နှင့် တချိန်တည်း တွင် ရုရှား၏ ဆက်လက်ရန်လိုတိုက်ခိုက်နေမှုကို အပြစ်တင်မခံရအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။

ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်အပေါ် တိုးတက်မှုအချို့ ရှိလာသည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အပစ်အခတ်ရပ်စဲရေးကို သဘောတူပါက နိုင်ငံပေါင်း ၂၆ နိုင်ငံက အလားအလာရှိသော ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ကိုယူကရိန်းသို့ပေးပို့ ပံ့ပိုးကူညီမည်ဟု ကတိပြုထားကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း၊ ဤအစပြုမှုသည် ထရန့် ၏ သံတမန် ရေးရာ၏ ခိုင်မာမှုရှိသောထောက်ခံမှုအပေါ်မူတည်နေပြီးဆက်လက်ပြီး ခန့်မှန်းရခက်သော လမ်းကြောင်းပေါ်တွင် ရှိနေသေးသည်။ ပူတင်နှင့် ထပ်ခါတလဲလဲ ဆွေးနွေးမှုများ၏ အရိပ်အမြွက်များက သူ့ကိုယ်သူကြားဝင် ဖြန်ဖြေ ပေးသည့် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရပ်တည်လိုကြောင်းထရန့်က အကြံပြုထားသော်လည်း ယခုအချိန်အထိ ရုရှားက အကြိမ်ကြိမ် လျစ်လျူရှုထားခဲ့ပြီး သတ်မှတ်ရက်ထက် အနည်းငယ် ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။

ဤနေရာတွင် ခွဲခြမ်းစိတ်ဖြာမှုအရ ရရှိသည့်သင်ခန်းစာမှာ ထရန့် နှင့် ပူတင် တို့က ငြိမ်းချမ်းရေးရရှိရေးတွင် ဥရောပသည်အတားအဆီးဖြစ်နေကြောင်း ဘောင်ခတ် လိုက် ခြင်းဖြစ်သည်။ ထရန့် အတွက်၊ ၎င်းသည် တရုတ်နှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုတွင် သြဇာ လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားစဉ်တွင် ၎င်း၏ကိုယ်ပိုင်သံတမန် ဆက်ဆံရေး သည် တသမတ်တည်း သို့မဟုတ် ထိရောက်မှုမရှိကြောင်း ပြစ်တင်ဝေဖန်မှုများကို ရှောင်ဖယ် နိုင်စေပါသည်။

ပူတင်အတွက်၊ နေတိုး သည် သဘောထားကွဲပြားနေပြီး ယုံကြည်စိတ်ချရမှုမရှိကြောင်း ဇာတ်ကြောင်းကို အားဖြည့်ဖန်တီးပေးကာ ယူကရိန်းအတွက် စရိတ်စက ထောက်ပံ့မှုကို ဥရောပလူထုအားဆန့်ကျင်စေသည့် တွန်းအားကိုဖြစ်စေနိုင်သည်။ စွန့်စားရသည့်အချက်မှာ ထိုအခြေအနေသည် အနောက်နိုင်ငံများ၏ညီညွတ်ရေးကိုအားနည်းစေပြီး တချိန်တည်းတွင် ရုရှားသည် စစ်မြေပြင်တွင် ပိုမိုဖိအားပေးနေရချိန်တွင် ယူကရိန်းကို မသေချာမရေရာသော အာမခံချက်နှင့်ထောက်ပံ့မှုအနည်းငယ်သာပေးနိုင်သဖြင့် ငြိမ်းချမ်းရေး မူဘောင် လုပ်ငန်းစဥ် သည်လက်လှမ်းမှီသည့်အခြေအနေရှိမရှိမှာရှင်းရှင်းလင်းလင်းမရှိပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက