နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား အမေရိကန် အာရှ

ရှီကျင့်ဖျင်က ကမ္ဘာကို ‘စစ်ပွဲ သို့မဟုတ် ငြိမ်းချမ်းရေး’ ကို ရွေးချယ်ရန် တောင်းဆိုလိုက် သည်။ တရုတ်နိုင်ငံသည် မည်သည့် ဦးတည်ချက်ကို ဦးတည်သနည်း။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ရက်

CNN- ပေကျင်း

တရုတ်၏ ကြီးမားသော စစ်ရေးပြအခမ်းအနားသို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ရောက်ရှိလာသောအခါ သူ့ဘေးတဖက်တချက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ခြံရံပြီး နောက်မှလိုက်ပါလာသည့် ခေါင်းဆောင် နှစ်ဒါဇင်ခန့်တို့တွင် အီရန်၊ ပါကစ္စတန်၊ ဘီလာရုစ်နှင့် မြန်မာနိုင်ငံတို့က လိုက်ပါလာခဲ့ကြသည်။

တိန်နန်မင် ရင်ပြင်ရှိ ကြီးမားသောရုပ်သံပြသသည့်ပြသစင် (Jumbotrons) များသည် ပေကျင်းနေရောင်အောက်တွင် စုဝေးရောက်ရှိနေကြသော လူပေါင်း၅၀,၀၀၀ ၏ ပုံရိပ်ကို ပြသပေးခဲ့ပြီး တရုတ်အလံငယ်များစွာကို ဝှေ့ယမ်းကာ နိုင်ငံပိုင်မီဒီယာများက တရုတ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ရုပ်မြင်သံကြားများသို့ လွှင့်တင်ခဲ့ကြသည်။

ဒေါ်နယ်ထရန့် အပါအဝင် အနောက်နိုင်ငံတဝှမ်းရှိ မြို့တော်များတွင် စောင့်ကြည့်နေသူ အများအပြားက အဆိုပါ မက်ဆေ့ချ်သည် ရှင်းလင်းသည်ဟု ထင်ကြသည်။ တရုတ်သည် အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်များကို တမင်တကာ နှိုးဆွနေပါသည်။

“မင်း အမေရိကန်ပြည်ထောင်စုကိုဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်ဖို့အတွက်လာရောက်တဲ့ ဗလာဒီမာပူတင်နဲ့ ကင်ဂျုံအွန်းတို့ကို ငါက နွေးထွေးစွာ နှုတ်ဆက်လိုက်တယ်ဆိုတာကို ပြောပြလိုက်ပါ” ဟု ရှီကျင့်ဖျင်ထံသို့ သူ၏တပ်ဖွဲ့ဝင်များ ဘေဂျင်းမြို့လယ်သို့ ဖြတ်ကျော်ဝင်ရောက်လာစဉ် အမေရိကန်သမ္မတက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထောင်ပေါင်းများစွာသော ကောင်းစွာလေ့ကျင့်ထားသည့်တပ်သားများ၏ ချီတက်ပွဲ ပဲ့တင်သံကိုကြားရပြီး ထုထည်ကြီးမားသော နျူကလီးယားစွမ်းရည်ရှိသော ဒုံးပျံများ၊ ရေအောက်ဒရုန်းများနှင့် စစ်လေယာဉ်များ ပေကျင်းမြို့ ထာဝရငြိမ်းချမ်းရေး ရိပ်သာလမ်းပေါ်သို့ လျှောဆင်းလျှောက်လှမ်းနေသည်ကို မြင်သူတိုင်းအတွက် ရှီသည် ၎င်းအား အင်အား အပြင်းထန်ဆုံးသော အခြားရွေးချယ်ရမည့်ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် တရုတ်အား စစ်ရေးစွမ်းရည်နှင့် ပထဝီဝင်နိုင်ငံရေးအရ ကြိုးကိုင်နေခြင်းကို တင်ပြလာခြင်းမှာ မေးခွန်းထုတ်စရာမရှိပါ။

တရုတ်သည် ၎င်း၏ “ငြိမ်းချမ်းစွာ” တိုးတက်မြင့်မားလာမှုကို ကာလကြာရှည်စွာ ကြွေးကြော်ခဲ့ပြီး အမေရိကန်ကို စစ်ရေးရန်လိုမှုကို အားပေးနေကြောင်း” ရှုတ်ချခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းအထိမ်းအမှတ် ချီတက်ပွဲသည် ကမ္ဘာ့အကြီးဆုံး စစ်တပ်၏ လျင်မြန်သောတိုးတက်မှုကို ပြသရန် ရည်ရွယ်ထားပြီး ကမ္ဘာ့ဇာတ်ခုံတွင် ရှီကျင့်ဖျင်၏ အင်အားကြီးထွားလာမှုနှင့် အာဏာအမာကိုသုံးစွဲရန် အချက်ပြထားသည်။

ရှီနှင့် ပူတင်တို့က ကမ္ဘာလုံးဆိုင်ရာ အာဏာအကူး အပြောင်းကိုဆောင်ရွက်ရာတွင် သူတို့နှစ်ယောက်၏ ပါဝင်ရမည့်အနေအထားနှင့် မကြာမီ လူများသည်အသက် ၁၅၀ အထိ ရှင်သန်နေထိုင်နိုင်သည်ကို ဆေးဘက်ဆိုင်ရာ တိုးတက်မှုများကို အရိပ်အမြွက်ပြောနေသည့် တိုက်ရိုက်မိုက်က ဖမ်းယူ ရရှိခဲ့သည်။

ကင်က သူ့သမီးကို သူ၏နောက်ဆက်ခံမည့်သူအဖြစ် အစိမ်းရောင် ရထားဖြင့် ဘေဂျင်းသို့ ခေါ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြသခဲ့သည်။

ဂရုတစိုက် ကကွက်တွေ ကိုအသေအချာချထားသည့် နောက်ကွယ်တွင် ရှီကျင့်ဖျင်၏အဓိက မက်ဆေ့ချ်တစ်ခုတွင် အမေရိကန်နှင့် အနောက်နိုင်ငံများက ကမ္ဘာကြီးအတွက် စည်းမျဉ်း ဥပဒေ သတ်မှတ်မှုများကို မချမှတ်နိုင်သည့် ရည်ရွယ်ချက် ဖြစ်သည်။ ထို့အတွက် မေးခွန်းတစ်ခုက ယင်းက အမေရိကန်နှင့် ကမ္ဘာအတွက် ဘာကို ဆိုလိုတာလဲ?။

‘ငြိမ်းချမ်းရေးလား စစ်ပွဲလား’

ရှီအတွက် အမေရိကန် ဦးဆောင်သည့် လက်ရှိ နိုင်ငံတကာစနစ်သည် လက်ရှိပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်မှုများအတွက် အပြစ်ပုံချရန်ဖြစ်ပြီး သူ့ဘေးတွင် ရှိနေသည့် ကင်နှင့်ပူတင်တို့ကြောင့် မဟုတ်ခြင်းဖြစ်သည် ၎င်း၏ယုံကြည်ချက်ကို အလေးအနက်ဖော်ပြရန် တွန်းအားတစ်ခုလည်း ဖြစ်သည် ။

“နိုင်ငံအားလုံးနဲ့ တိုင်းပြည်တွေ တဦးနဲ့ တဦး တန်းတူရည်တူ ဆက်ဆံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပြီး တယောက်နဲ့ တယောက် ထောက်ပံ့ကူညီနိုင်ကြမှသာ အချင်းချင်း “ဘုံလုံခြုံရေးကို ထိန်းထားနိုင်ပြီး” နဲ့ “စစ်ပွဲရဲ့ မူလဇစ်မြစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှာပါ” ဟု ဗုဒ္ဓဟူးနေ့က စစ်ရေးပြကွင်းကို အသံချဲ့စက်နှင့် သယ်ဆောင်လာသည့် မိန့်ခွန်းအတွင်း ရှီက ပြောကြားခဲ့သည်။

ထိုစစ်ဖြစ်ခြင်း၏အရင်းခံအကြောင်းအရင်းမှာ “စစ်အေးခေတ်စိတ်ဓာတ်၊ အစုအဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုနှင့် အနိုင်ကျင့်မှုကို ကျင့်သုံးခြင်းကြောင့်” ဖြစ်သည်ဟု ရှီနှင့် ၎င်း၏အရာရှိများက အချိန်ရတိုင်းအမေရိကန် နိုင်ငံခြားရေးမူဝါဒကို ဖော်ပြရန်အတွက် ပေကျင်း‌ပြောဆိုချက်ကို ကိုးကား၍ အကြိမ်ကြိမ် ပြောဆိုခဲ့ကြသည်။

သီတင်းပတ်အစောပိုင်းက တရုတ်ခေါင်းဆောင်သည် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ ဆိပ်ကမ်းတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီအပါအဝင် ဒေသတွင်းခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတစ်ခုကို ပိတ်သိမ်းခဲ့သည်။ ထိုသို့ ပိတ်သိမ်းရာတွင် ရှီကျင့်ဖျင်၏ နိုင်ငံတကာစနစ် လည်ပတ်ပုံကို ပြန်လည်ပုံဖော်ရန်နှင့် ပိုမို “ဒီမိုကရေစီဆန်”လာစေရန် ရည်ရွယ်သည့် ကျယ်ပြန့်သော စီမံကိန်း၏ အဓိက အုတ်မြစ်ဖြစ်သော “ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာ အစပျိုးဆောင်ရွက်ချက်” ကို ထုတ်ဖော်ပြသခဲ့သည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ ရန်မင် (Renmin) တက္ကသိုလ်မှ နိုင်ငံတကာရေးရာဌာန ဒါရိုက်တာဖြစ်သူ ဝမ်ယီဝေ၏ အဆိုအရ ကုလသမဂ္ဂကို ထောက်ခံသည့် အဆိုပါစီမံကိန်းသည် ကျယ်ပြန့်သော သက်ရောက်မှုများ ရှိနိုင်ကြောင်း သိရသည်။ “ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးဟာ (လုံခြုံရေး) အပေါ်မှာပဲ အာရုံစိုက်တာ မဟုတ်ဘဲ ငွေကြေး၊ SWIFT စနစ်၊ အရေးယူပိတ်ဆို့မှုများ၊ ကုန်သွယ်ရေး၊ AI အုပ်ချုပ်မှု၊ သမုဒ္ဒရာ အုပ်ချုပ်မှုနဲ့ ရာသီဥတုပြောင်းလဲမှုတို့အပေါ်မှာပါ အာရုံစိုက်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသ (Global South) နိုင်ငံတွေအနေနဲ့ (ကုလသမဂ္ဂမှာ) ပိုမိုပါဝင်ခွင့်နဲ့ အခွင့်အာဏာ ရရှိဖို့ လိုပါတယ်” ဟု ဝမ်က ပြောကြားခဲ့သည်။

ရှီ၏ အစပြုမှုသည် အနောက်နိုင်ငံများက မမျှတစွာ လွှမ်းမိုးထားသည်ဟု မြင်ကြသော နိုင်ငံတကာစနစ်ကြောင့် အခက်ကြုံရသော နိုင်ငံများအတွက် စုဝေးရာနေရာအဖြစ် ရပ်တည်ရန်နှင့် တရုတ်နှင့် ပိုမိုရင်းနှီးသော နိုင်ငံများကို မျှဝေခြင်းဖြင့် နယ်ပယ်များစွာတွင် အမေရိကန်၏ အင်အားကို ပျော့သွားစေရန်တရုတ်ကို ကူညီပေးသည်ဟု လေ့လာ သူများက ပြောကြားခဲ့သည်။

ဤသို့ဖြင့် ပေကျင်းသည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဦးချင်းစီ၏ လူ့အခွင့်အရေး ဆိုင်ရာ သဘောတရားများနှင့် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့များထက် ပိုမိုအလေးပေးသည့် နိုင်ငံတကာ စနစ်တစ်ခုကို တရုတ်၏ပဲ့ကိုင်မှုဖြင့် ပုံဖော် နိုင်မည်ဖြစ်သည်။ ထိုစီစဥ်ဆောင်ရွက်မှုသည် ဒီမိုကရေစီကျင့်သုံးသည့်ကျွန်းနိုင်ငံတိုင်ဝမ်အပေါ် တရုတ်၏ ပုံစံထုတ်ထားမှုအပေါ်တွင် တရုတ်အတွက် အကျိုးအမြတ် ကောင်းစွာရနိုင်မည်ဖြစ်သည်။ ထိုနိုင်ငံကို အင်အားသုံး မသိမ်းပိုက်ပါဟု ဘီဂျင်းက မပယ်ချထားခဲ့ပါ။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရှီကျင့်ဖျင်၏ ထိပ်သီးအစည်းအဝေးနှင့် စစ်ရေးပြအခမ်းအနားတို့ကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ခြင်းသည် သေသေချာချာ စီစဉ်ထားသည့်ပုံရပြီး အောက်ပါသတင်းစကားကို ပေးပို့ရန် ရည်ရွယ်ပုံရသည်။ တရုတ်သည် ၎င်း၏ဩဇာနှင့် ပျော့ပြောင်းသောစွမ်းအား (soft power) ကို တည်ဆောက်နေချိန်တွင် လိုအပ်ပါက အရန်အဖြစ် အသုံးပြုနိုင်သည့် မာကျောသောစွမ်းအား (hard power) ကိုလည်း တိုးပွားအောင် လုပ်ဆောင်နေသည်ဟူ၍ ဖြစ်သည်။

တရုတ်သည် ၎င်း၏စစ်တပ်သည် ကာကွယ်ရေးအတွက်ဖြစ်သည်ဟု အလေးအနက် ပြောကြားနေသော်လည်း ဗုဒ္ဓဟူးနေ့က ပြသခဲ့သည့် စွမ်းအားပြသမှုသည် ကမ္ဘာတစ်ဝန်းရှိ လေ့လာသုံးသပ်သူများအား တရုတ်၏ ထိုးစစ်စွမ်းရည်နှင့် လက်နက်ထုတ်လုပ်နိုင်မှု အတိုင်းအတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေခဲ့သည်။

ပြသခဲ့သော ဒုံးကျည်လက်နက်များသည် တရုတ်ကို ကမ္ဘာတစ်ဝန်းရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စေပြီး အသံထက်မြန်သော (Hypersonic) နည်းပညာဖြင့် အဆင့်မြင့်ဒုံးကျည် ကာကွယ်ရေးများကို ရှောင်တိမ်းနိုင်စေသည်။ ၎င်း၏ ရှေ့တန်းတိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ်များနှင့် လေဆာလက်နက်များသည်လည်း ထိုးစစ်ဆင်လာပါက ဒေသတွင်း တရုတ်တပ်ဖွဲ့များ၏ ချီတက်မှုကို ရန်သူများအတွက် ဟန့်တားရန် ခက်ခဲစေနိုင်သည်။

ဤသို့ ခမ်းနားထည်ဝါသော စွမ်းအားပြသမှု နောက်ခံတွင် ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ၊ တီယန်မင်ရင်ပြင်ရှိ သူ့ရှေ့မှ လူအုပ်ကြီးကိုကြည့်ကာ လူသားတို့အတွက် ရိုးရှင်းသော ရွေးချယ်မှုတစ်ခုဖြစ်သည့် “ငြိမ်းချမ်းရေး သို့မဟုတ် စစ်ပွဲ” ကို ရွေးချယ်ရန် တောင်းဆိုခဲ့သည်။

ရေရှည်ပြိုင်ဆိုင်မှု’

ထိုနေရာတွင် ရှီသည် နိုင်ငံတကာစနစ် ရွေးချယ်မှု၊ ဆိုလိုသည်မှာ တရုတ်၏စနစ် သို့မဟုတ် အနောက်နိုင်ငံများ၏စနစ်ကို ရည်ညွှန်းနေပုံရသည်။

ထရန့်သည် အမေရိကန်၏ ကမ္ဘာပေါ်တွင် ထုံးတမ်းစဥ်လာ ရပ်တည်ချက်ကို လှုပ်ခါ ပစ်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ နှုတ်ထွက်ခြင်း၊ နိုင်ငံခြားထောက်ပံ့မှုများကို ရပ်ဆိုင်းခြင်းနှင့် ရေရှည်လက်တွဲခဲ့သော မဟာမိတ်များကို စည်းကြပ်ခွန်များ ချမှတ်ခြင်းနှင့် အခြားတောင်းဆိုမှုများကိုပြုလုပ်ခဲ့ခြင်းကြောင့် ရှီသည် ယခုအခါ နိုင်ငံများကို သူ့အား ရွေးချယ်ရန် ပြောကြားမှုတွင် ပိုမိုယုံကြည်ချက် ရှိလာပုံရသည်။

သို့သော် ထိုထုတ်ပြန်ချက်သည် လေ့လာသူအများအပြားအတွက် ကြောက်မက်ဖွယ် ကောင်းနေပေသည်။ အကြောင်းမှာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့သည့် ပူတင်၏ ကျူးကျော်မှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် သွေးချောင်းအစီး ဆုံးစစ်ပွဲကို ဖြစ်ပွားစေခဲ့ပြီး ပူတင်ကို လက်နက်နှင့် တပ်သားများ ထောက်ပံ့ပေးနေသည့် ကင်ဂျုံအွန်ကမူ ၎င်း၏ တရားမဝင် နျူကလီးယားလက်နက်သိုလှောင်မှုများကို တိုးမြှင့် တည်ဆောက်နေချိန်တွင် ယင်းစစ်ရေးစွမ်းရည်ပြသမှုသို့ ပူတင်နှင့် ကင်တို့ တက်ရောက်လာခြင်းကြောင့် ဖြစ်သည်။

တရုတ်အရာရှိများသည် တရုတ်စစ်တပ်သည် ကာကွယ်ရေးအတွက်ဖြစ်သည်ဟု ကာလကြာရှည်စွာ ပြောဆိုခဲ့ကြပြီး ၎င်းတို့၏စစ်ရေးပြအခမ်းအနားကို “ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တရုတ်၏ ပံ့ပိုးမှုများ” ကို အထိမ်းအမှတ် ပြုခြင်းဖြစ်သည်ဟု ဖော်ပြရန် အားထုတ်ခဲ့ကြသည်။ ရှီသည် သူ၏ ပရိသတ်များအား တရုတ်သည် “ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဆက်လက်ဆုပ်ကိုင်ထားသည်” ဟု အာမခံခဲ့သည်။

သို့သော်လည်း ပေကျင်းသည် ရုရှား၊ မြောက်ကိုရီးယားနှင့် အနောက်နိုင်ငံများအပေါ် မလိုလားသော အခြားနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေသည့်အတွက် ဘက်နှစ်ဘက်စခန်းနှစ်ခုပေါ်ပေါက်လာပြီး ၎င်းတို့ကြား ယှဉ်ပြိုင်မှုသည် ယခင်ကထက် ပိုမိုရှင်းလင်းလာပုံရသည်။

ကိုရီးယားကျွန်းဆွယ်ကို အဓိကထား လေ့လာသော ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ်တက္ကသိုလ်မှ နိုင်ငံရေးဆိုင်ရာ ကထိကဖြစ်သူ အက်ဒ်ဝပ် ဟိုဝယ်လ်က အဆိုပါနိုင်ငံများကြား ဆက်ဆံရေးကို ပယ်ချလိုက်ခြင်းသည် “အကင်းပါးမှုမရှိခြင်းနှင့်အန္တရာယ်ရှိသည်” ဟု ပြောကြားခဲ့သည်။

၎င်းတို့၏ “အမေရိကန်ကို ဘုံဆန့်ကျင်ခြင်း” သည် “အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ်ကို ထိခိုက်စေရန်” ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်အတွက် “ကုန်သွယ်မှု၊ လက်နက်များနှင့် နည်းပညာဖလှယ်ရေး” တို့အတွက် အနာဂတ်တွင် ပိုမိုကြီးမားသော ဖြစ်နိုင်ခြေများကို ခွင့်ပြုပေးသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပေကျင်းသည် အမေရိကန်၏ မဟာမိတ်များ ကွဲထွက်သွားမည့် ကမ္ဘာတစ်ခုကို မျှော်လင့် နေသော်လည်း တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အပေါ် ၎င်း၏ နယ်မြေပိုင်ဆိုင်မှုများကို တင်းတင်းမာမာ ပြောဆိုနေခြင်းကဲ့သို့သော ဒေသတွင်း၌ ၎င်း၏ ရန်လိုမှုသည် အာရှရှိ အမေရိကန် မဟာမိတ်များကို ဝါရှင်တန်နှင့် ပိုမိုနီးကပ်လာစေသည်။

တစ်ချိန်တည်းတွင်၊ တရုတ်သည် ၎င်း၏ ပြည်တွင်း၌ အုပ်ချုပ်နေသော ကွန်မြူနစ်ပါတီသည် နှေးကွေးနေသော စီးပွားရေးနှင့် ရေရှည်အလုပ်လက်မဲ့ပြဿနာများနှင့် ရုန်းကန်နေရချိန်တွင် အချို့သော လေ့လာသူများက အာရုံလွဲပြောင်းနိုင်သည့် ဗျူဟာအဖြစ် အမျိုးသားရေးဝါဒကို ပိုမိုအားပေးခြင်းသည် တရုတ်ကို ပိုမိုရန်လိုသောရပ်တည်မှုသို့ တွန်းပို့နိုင်မလားဟု တွေးတောနေကြသည်

ဗုဒ္ဓဟူးနေ့က စစ်ရေးပြအခမ်းအနားသည် “နိုင်ငံခြားတွင် အာဏာပြသရန်သာမက ပြည်တွင်း၌ အမျိုးသားရေးဝါဒကို စုစည်းရန်နှင့် စီးပွားရေးအခက်အခဲများကို ရင်ဆိုင်ရာတွင် ပြည်သူ့ထောက်ခံမှုကို ခိုင်မာစေရန်ပါ ဆောင်ရွက်သည်” ဟု အမေရိကန်ရှိ Carnegie Endowment of International Peace မှ အကြီးတန်းသုတေသီ တုံကျောက်က ပြောကြားခဲ့သည်။ သူက “ဝါရှင်တန်နှင့် တရုတ်၏ ရေရှည်ပြိုင်ဆိုင်မှုကို ပိုမိုအားကောင်းလာစေရန် ပြည်တွင်းတည်ငြိမ်မှုကို မြှင့်တင်ရာတွင် ပေကျင်းကို အထောက်အကူဖြစ်စေသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံအတွင်း၌ တရုတ်၏ စစ်ရေးရည်မှန်းချက်များသည် မည်သည့်နေရာသို့ ဦးတည်မည်ကို ဂရုတစိုက်စဉ်းစားနေသူများလည်း ရှိသည်။

တရုတ်နိုင်ငံ၊ ပေကျင်းရှိ Tsinghua University ၏ နိုင်ငံတကာလုံခြုံရေးနှင့် မဟာဗျူဟာဌာနမှ အကြီးတန်းသုတေသီဖြစ်သူ ဗိုလ်မှူးကြီး (အငြိမ်းစား) ကျိုးဘိုက CNN သို့ ပြောကြားရာတွင် ယခုအချိန်မှ ၂၀၄၉ ခုနှစ်အထိ တရုတ်သည် ကမ္ဘာ့အဆင့်မီ စစ်တပ်တစ်ခု ဖြစ်လာပြီး ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းကာ တိုးတက်လာမည့် အခြေအနေကို မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

“အဲဒီအချိန်မှာ တရုတ်ရဲ့ရည်မှန်းချက်က အမေရိကန်စစ်တပ်နဲ့ ရင်ဘောင်တန်းဖို့ပါပဲ။ အဲဒီအခါမှာ သင်ဟာ စစ်ပွဲမစမ်းသပ်ဘဲ ကမ္ဘာ့အဆင့်မီ စစ်တပ်တစ်ခု ပိုင်ဆိုင်တယ်ဆိုတာ ဘယ်လိုသက်သေပြနိုင်မလဲဆိုတဲ့ နောက်ထပ်အခက်အခဲတစ်ခုကို ကြုံရပါလိမ့်မယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက