နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံရသူများကို ဖက်ဒရယ်အရာရှိများက အကြိမ်ကြိမ် ထိန်းသိမ်းခြင်း သို့မဟုတ် အင်အားသုံးအကြမ်းဖက်ခဲ့ကြောင်း ဗီဒီယိုများက ဖော်ပြ

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်

သမ္မတ ထရန့်အစိုးရလက်ထက်တွင် အမေရိကန်မြို့ကြီးများ၌ ဥပဒေစိုးမိုးရေးဆိုင်ရာ အင်အားသုံးဆောင်ရွက်မှု တိုးမြှင့်ချထားစဉ်အတွင်း ချထားခဲ့သော ဖက်ဒရယ်အရာရှိများ သည် ခရစ်ယာန် ဘုန်းတော်ကြီးနှစ်ပါးကို ဓာတုပစ္စည်းများ သို့မဟုတ် ကျည်ဆန်ထည့် ပစ်လွှတ်နိုင်သည့် အရာများဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့သည်။ ထိုဘုန်းတော်ကြီးနှစ်ပါးအနက် တစ်ပါးမှာ ဆိုင်းဘုတ်ကို ကိုင်၍ တရားထိုင်နေစဉ် ဖြစ်ပြီး၊ အခြားတစ်ပါးမှာ ဆုတောင်းရင်း လက်နှစ်ဖက်ကို ဆန့်တန်းထားခဲ့သည်။ ထိုသူနှစ်ဦးစလုံးသည် ဥပဒေစိုးမိုးရေးကို ဟန့်တားသည့် ဆန္ဒပြသူများ အုပ်စုတွင် ပါဝင်ကြောင်း အစိုးရအဖွဲ့က ပြောသည်။

အခြား ဆန္ဒပြသူများမှာ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် နယ်စပ်အရာရှိများ၏ တွန်းလှဲခြင်းကို ခံခဲ့ရသည်၊ထို့နောက် လိုက်လံ အဖမ်းခံခဲ့ရသည်၊ သို့မဟုတ် ၎င်းတို့၏ ဖုန်းများကို လုယူခံခဲ့ရသည်။ တိရစ္ဆာန်ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးသည် လဲကျသွားသူကို ကူညီရန် ကြိုးပမ်းနေစဉ် ငရုတ်ကောင်းရည် ဖြန်းခံခဲ့ရသည်။ နောက်တစ်ဦးမှာ ဝါရှင်တန်ဒီစီ သို့ ချထားသည့် အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard) ကို Star Wars မှ “The Imperial March” ကို ဖွင့်ပြကာ စနောက်နေစဉ် ဒေသခံရဲများ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

သမ္မတ ဒေါ်နယ်ထရန့်က မကြာသေးမီက နယူးအော်လင်းစ်နှင့် မင်နီဆိုတာရှိ Twin Cities တို့ကို ရောက်ရှိခဲ့သော ၎င်း၏ ရာဇဝတ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နှိမ်နင်းမှုသည် “အဖျက်လုပ်ရပ်” များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ကြောင်း၊ ဒီမိုကရက်ဦးဆောင်သော မြို့များကို စစ်ရေးအရ တုံ့ပြန်ရန် လိုအပ်သည့် အကြမ်းဖက်စစ်မြေပြင်များအဖြစ် ဖော်ပြခဲ့သည်။

သို့သော် ထိုမြို့ကြီးများစွာတွင် သမ္မတက ချထားခဲ့သော ဖက်ဒရယ်အရာရှိများသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံရသည့် လူများကို ထိန်းသိမ်းခြင်း၊ လိုက်လံဖမ်းဆီးခြင်း၊ တွန်းလှဲခြင်း၊ ငရုတ်ကောင်းရည် ဖြန်းခြင်း သို့မဟုတ် ကျည်ဆန်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ကိစ္စနှစ်ခုတွင် ပြည်နယ် သို့မဟုတ် ဒေသခံအာဏာပိုင်များက ဖက်ဒရယ်အရာရှိများ၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ထူးခြားသော အဆင့်ကို လုပ်ဆောင်ခဲ့သည်။

CNN သည် ဆိုရှယ်မီဒီယာသို့ တင်ထားသော ဗီဒီယို တစ်ဒါဇင်ကျော်ကို ပြန်လည်စစ်ဆေး ခဲ့ရာတွင် အဓိကအားဖြင့် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) အတွက် လုပ်ဆောင် နေသော ဖက်ဒရယ်အရာရှိများသည် ခြိမ်းခြောက်မှု ချက်ခြင်းပြုလုပ်နေခြင်း မရှိသည့် သူများကို အင်အားသုံး ကိုင်တွယ်နေသည်ကို ပြသနေသည်။ ထိုဗီဒီယိုများသည် ၎င်းတို့သည် အခြေအနေ၏ အစနှင့် အဆုံး အားလုံးကို ဖော်ပြနေခြင်းမျိုး မဟုတ်ဘဲ ရင်ဆိုင်မှု၏ တစ်စိတ်တစ်ပိုင်းကိုသာ ဖမ်းယူထားခြင်း ဖြစ်သည်။

DHS က ဆန္ဒပြသူများကို နယ်မြေကျူးကျော်သည်၊ အရာရှိများကို တိုက်ခိုက်သည် သို့မဟုတ် အမိန့်များကို မနာခံဟု စွပ်စွဲကာ ၎င်းတို့၏ အရာရှိများ၏ နည်းဗျူဟာများကို အမြဲတမ်း ကာကွယ်ပြောဆိုလျက်ရှိသည်။ အစိုးရအဖွဲ့က ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသော ဥပဒေစိုးမိုးရေး ဝန်ထမ်းများအပေါ် ခြိမ်းခြောက်မှုများကိုလည်း မီးမောင်းထိုးပြထားသည်။

ယခုနွေရာသီကတည်းက DHS ၏ အဆောက်အအုံများစွာကို သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ၎င်းတို့၏ အရာရှိများမှာ ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများအပေါ် ခြိမ်းခြောက်မှုများနှင့် doxxing (ပုဂ္ဂိုလ်ရေးအချက်အလက် ပေါက်ကြားအောင် ပြုလုပ်ခြင်း) များကိုလည်း ရင်ဆိုင်ခဲ့ရသည်ဟု အေဂျင်စီက ပြောသည်။

ကျေးဇူးတော်နေ့ (Thanksgiving) မတိုင်မီ ဝါရှင်တန်ဒီစီတွင်၊ ထရန့်၏ နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြို့တော်၌ ချထားသည့် အနောက်ဗာဂျီးနီးယား အမျိုးသား အစောင့် တပ်ဖွဲ့ဝင်နှစ်ဦးသည် ၎င်းတို့၏ လမ်းများ၌ ကင်းလှည့်နေစဉ် သေနတ်ပစ်ခံခဲ့ရသည်။ တစ်ဦးမှာ နောက်ပိုင်းတွင် ဒဏ်ရာကြောင့် သေဆုံးခဲ့သည်။ သေနတ်ပစ်သူဟု စွပ်စွဲခံရသူမှာ ၂၀၂၁ ခုနှစ်တွင် အမေရိကန် စစ်တပ်နှင့် အာဖဂန်နစ္စတန်၌ အလုပ်လုပ်ပြီးနောက် အမေရိကန် သို့ ရောက်လာခဲ့သည့် အာဖဂန်တစ်ဦးဖြစ်ပြီး ၎င်းကိုဤသို့ လုပ်ရန်စေ့ဆော်မှု အဘယ်အရာကပြုခဲ့သည်ကိုမူ မသိရသေးပေ။

DHS ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တွင် “ဤကဲ့သို့ ကြီးမားသော ခြိမ်းခြောက်မှုများနှင့် အန္တရာယ်ရှိသော အခြေအနေများတွင် ကျွန်ုပ်တို့၏ ဥပဒေ စိုးမိုးရေးဝန်ထမ်းများသည် အသက်ဆုံးရှုံးစေနိုင်သော အင်အား မသုံးမီ ရွေးချယ်စရာ အားလုံးကို အသုံးပြုရန် မယုံနိုင်လောက်အောင် စည်းကမ်းရှိရှိ ထိန်းချုပ်ဆောင်ရွက် ခဲ့ကြသည်” ဟု ပြောကြားခဲ့သည်။

DHS နှင့် အခြား ဖက်ဒရယ်အေဂျင်စီများအတွက် လုပ်ဆောင်နေသော အရာရှိများကို ထောက်ခံသူဖြစ်သည့် ဖက်ဒရယ် ဥပဒေစိုးမိုးရေး အရာရှိများအသင်း (Federal Law Enforcement Officers Association) ၏ အမှုဆောင်ဒါရိုက်တာ မိုက်ကယ် ဟာ့ဂျ် (Michael Hughes) က ယခုအပတ်တွင် ကျင်းပသည့် ကွန်ဂရက်ကြားနာပွဲ၌ “ဥပဒေစိုးမိုးရေးကို တည်ဆောက်တဲ့ ဝေဖန်မှုက ကောင်းမွန်ပါတယ်၊ ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုကလည်း အဓိကပါပဲ” ဟု ပြောခဲ့သည်။

သို့သော် သူက ဆက်လက်ပြောကြားရာတွင် “ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ မြင်နေရတာကတော့ အချို့သော ပြည်သူ့ပုဂ္ဂိုလ်များ၊ မီဒီယာ သတင်းအပိုင်းအစများနှင့် ရွေးကောက်ခံ အရာရှိအချို့ဆီက လာတဲ့အရာဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မဟုတ်ပါဘူး၊ မဟုတ်မမှန် စွပ်စွဲခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

အင်အားအသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားမှု

CNN က ပြန်လည်သုံးသပ်ခဲ့သော ကိစ္စရပ်များတွင် DHS က ထိန်းသိမ်းခဲ့သော သို့မဟုတ် ကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့သော ဆန္ဒပြသူများသည် အရာရှိများကို တိုက်ခိုက်ခြင်း သို့မဟုတ် ဟန့်တားခြင်း ပြုလုပ်သည့် အဖွဲ့များတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော်လည်း ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံခဲ့ရခြင်း မရှိပေ။

အချို့မှာ အမိန့်မနာခံမှုအတွက် သတိပေးစာ ထုတ်ပေးခြင်း ခံခဲ့ရသည်။ ယင်းသည် ရာဇဝတ်မှု စွဲချက်တင်ခြင်းထက် သက်သေပြရန် စံနှုန်းပိုနည်းသည်။

“အင်အားအလွန်အကျွံသုံးတဲ့ ဗီဒီယိုတွေက တစ်ခုပြီးတစ်ခုပါပဲ – လူတွေကို ချက်ချင်း တိုက်ခိုက်ဖမ်းဆီးတာ၊ တိုက်ခန်းအဆောက်အအုံတွေကို ဝင်ရောက်စီးနင်းတာတွေပါ” ဟု DHS ၏ တာဝန်ယူမှုအပေါ် အာရုံစိုက်သည့် အစိုးရ ကြီးကြပ်ရေးဆိုင်ရာ စီမံကိန်း (Project on Government Oversight) မှ ဝါရင့်ဥပဒေရေးရာ ခွဲခြမ်းစိတ်ဖြာသူ ကက်သရင်းဟော့ကင်း (Katherine Hawkins) က ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး ချိုးဖောက်မှုတွေက ပြန့်နှံ့နေပါတယ်” ဟု သူမက ပြောသည်။ “ဒါက စိတ်ပူစရာကောင်းပါတယ်၊ မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို ကူးစက်နေပုံရတယ်” ဟု သူမက ထပ်လောင်းပြောသည်။

DHS က ၎င်းတို့၏ အရာရှိများသည် “ပြည်သူလူထုနှင့် ၎င်းတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားပေးရန် အန္တရာယ်ရှိသော အခြေအနေများကို ဖြေရှင်းရန် လိုအပ်သော အနည်းဆုံး အင်အားပမာဏကိုသာ အသုံးပြုရန် လေ့ကျင့်ထားသည်” ဟု ပြောကြားခဲ့သည်။

ဆန္ဒပြသူအချို့က ၎င်းတို့ကို ပစ်မှတ်ထားခြင်းမှာ ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး အဆောက်အအုံများ ပြင်ပ၌ ဆန္ဒပြပွဲများတွင် ပုံမှန်ပါဝင်နေသူများ ဖြစ်သောကြောင့် အရာရှိများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ယုံကြည်နေကြသည်။

ယခုနွေရာသီ အစောပိုင်းက သမ္မတထရန့်က အမေရိကန်မြို့ကြီးများတွင် ဥပဒေစိုးမိုးရေးနှင့် စစ်တပ်အင်အား တိုးမြှင့်ချထားရန် အမိန့်ပေးခဲ့သည့်အချိန်မှစ၍ ပြင်းထန်သော ရင်ဆိုင်မှုများ ပိုမိုဖြစ်ပွားလာခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်နေသော ဖက်ဒရယ်အရာရှိများသည် ၎င်းတို့ကို လိုက်လံမှတ်တမ်းတင်သည့် စိတ်ဆိုးဒေါသထွက်နေသော ပြည်သူများ၏ တုံ့ပြန်မှုများကို မကြာခဏ ရင်ဆိုင်ရပြီး၊ ဤရင်ဆိုင်မှုအချို့မှာ အရာရှိများကို ကားဖြင့်တိုက်ခြင်း သို့မဟုတ် ပုလင်းများ၊ ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်းကဲ့သို့သော ဖြစ်ရပ်များအထိ မြင့်တက်လာခဲ့သည်။

သို့သော် CNN က ပြန်လည်သုံးသပ်ခဲ့သော ဖြစ်ရပ်အများစုမှာ လူများကို ဖမ်းဆီး ထိန်းသိမ်းခြင်းတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားသောအခါ မခန့်မှန်းနိုင်ဘဲ မငြိမ်မသက် ဖြစ်လေ့ရှိသော လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးများအတွင်း ဖြစ်ပွားခြင်း မဟုတ်ဘဲ ထိန်းသိမ်းရေး အဆောက်အအုံများ ပြင်ပရှိ ဆန္ဒပြပွဲများတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ဖက်ဒရယ်အရာရှိများအား စုံစမ်းစစ်ဆေးနိုင်ခြေ

ဖက်ဒရယ်အရာရှိများသည် ၎င်းတို့၏ လုပ်ရပ်များအတွက် ဥပဒေအရ တာဝန်ယူမှုရှိစေရန် ခက်ခဲနိုင်ပါသည်။ ၎င်းတို့သည် မျက်နှာဖုံးစွပ်ထားလေ့ရှိပြီး ၎င်းတို့ကို အလွယ်တကူ ခွဲခြား သိရှိနိုင်စေမည့် အမှတ်အသားများ မရှိပေ။ ပြီးခဲ့သည့် မကြာသေးမီက ထွက်ပေါ်ခဲ့သော တရားရုံးချုပ်၏ ဆုံးဖြတ်ချက်များ – နယ်စပ်ရှိ ဖြစ်ရပ်နှစ်ခု ပါဝင်သည်။ ပြည်သူများက အင်အားအလွန်အကျွံသုံးမှု တိုင်ကြားချက်များအတွက် ဖက်ဒရယ် ဥပဒေစိုးမိုးရေး အရာရှိများကို တရားစွဲဆိုနိုင်စွမ်းကို ပြင်းထန်စွာ ကန့်သတ်ထားသည်

အီလီနွိုင်းပြည်နယ်၊ Broadview တွင် ဖက်ဒရယ်အရာရှိများသည် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး အဆောက်အအုံပြင်ပတွင် ဆုတောင်းနေစဉ် ပရက်စ်ဘီတေးရီးယမ်း (Presbyterian) ဘုန်းတော်ကြီး ဒေးဗစ် ဘလက်ခ်(Rev. David Black)ကို ငရုတ်ကောင်း ဘောလုံးများဖြင့် ထပ်ခါတလဲလဲ ပစ်ခတ်ခဲ့သည်ကို ဗီဒီယိုတွင် ဖမ်းယူရရှိခဲ့ပြီး နောက်ပိုင်းတွင် သူနှင့် အခြားဆန္ဒပြသူများက အရာရှိများနှင့် ရင်ဆိုင်နေစဉ် ၎င်း၏ မျက်နှာကို ငရုတ်ကောင်းရည် ဖြင့်ဖြန်းခဲ့သည်

“ဒီအရာတွေထဲက တစ်ခုမှ ကြိုတင်သတိပေးတာ မရှိခဲ့ဘူး” ဟု သူက နောက်ပိုင်းတွင် CNN သို့ ပြောကြားခဲ့သည်။

DHS ပြောရေးဆိုခွင့်ရှိသူ ထရစ်စီယာ မက်လပ်ဖင်း (Tricia McLaughlin) က ဘလက် နှင့် အခြားဆန္ဒပြသူများသည် ICE ယာဉ်တစ်စီး အဆောက်အအုံမှ ထွက်ခွာခြင်းကို ပိတ်ဆို့နေ သည်ဟု ပြောကြားခဲ့သော်လည်း ဗီဒီယိုတွင် သူပစ်ခတ်ခံရချိန်၌ မည်သည့်ယာဉ်မှ ထွက်ခွာရန် ကြိုးပမ်းနေသည်ကို မတွေ့ရပေ။

“ဥပဒေစိုးမိုးရေးက ဒီဆူပူလှုံ့ဆော်သူတွေကို ယာဉ်ရွေ့လျားနိုင်စေဖို့ ဖက်ဒရယ်ပိုင် နယ်မြေကနေ ဖယ်ရှားဖို့ အကြိမ်ကြိမ် အမိန့်ပေးခဲ့ပါတယ်။ မရွှေ့ရင်၊ စစ်ဆင်ရေးတွေကို ဟန့်တားရင် အင်အားသုံးမယ်ဆိုပြီး ဥပဒေစိုးမိုးရေးက နှုတ်နဲ့ သတိပေးခဲ့ပါတယ်” ဟု မက်လပ်ဖင်း (McLaughlin)က ပြောသည်။ “သူတို့က လိုက်နာခြင်း မရှိပါဘူး။”

ဘလက် သည် အရာရှိများ၏ အင်အားသုံးမှုများကို စိန်ခေါ်ရန် ကြိုးပမ်းသည့် အနေနှင့် DHS ကို တရားစွဲဆိုမှုတွင် ပါဝင်ခဲ့သည်။ ဖက်ဒရယ်တရားသူကြီးတစ်ဦးက ဆန္ဒပြသူများအပေါ် အသုံးပြုနိုင်သည့် အင်အားအမျိုးအစားများကို ကန့်သတ်သည့် အမိန့်များ ထုတ်ပြန်ခဲ့ပြီး ဖက်ဒရယ်အရာရှိများသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများအတွင်း ကိုယ်ထည်ကင်မရာ များ ဝတ်ဆင်ရန် တောင်းဆိုခဲ့သည်။

ကိုလိုရာဒိုပြည်နယ်တွင် ပြည်နယ်အာဏာပိုင်များက ဒူရင်ဂို (Durango) မြို့၌ အေးဂျင့်တစ်ဦးသည် သူ့ကို ဗီဒီယိုရိုက်နေသည့် အမျိုးသမီးတစ်ဦး၏ လက်ထဲမှ ဖုန်းကို ဆွဲယူသွားပုံရသည့် ဖြစ်ရပ်တစ်ခုကို စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ မက်လပ်ဖင်း က တုံ့ပြန်ပြောကြားရာတွင် “မိမိတို့ ကျမ်းသစ္စာကျိန်ဆိုထားသော တာဝန်များကို ထမ်းဆောင်နေစဉ် ဥပဒေစိုးမိုးရေးကို တက်ကြွစွာ နှောင့်ယှက်သူတိုင်းသည် အကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်ပြီး ဖမ်းဆီးခြင်းလည်း ပါဝင်နိုင်သည်” ဟု ပြောကြားခဲ့သည်။

နယူးအော်လင်းစ်၊ ကယ်လီဖိုးနီးယားနှင့် နယူးယောက်မြို့တို့ရှိ မြို့နှင့်ပြည်နယ် အရာရှိများအားလုံးသည် ဖက်ဒရယ် ဥပဒေစိုးမိုးရေးဝန်ထမ်းများက အကြမ်းဖက်မှုပြုခြင်း သို့မဟုတ် ၎င်းတို့၏ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်းများအား မှတ်တမ်းတင်ပြီး တင်ပြရန်အတွက် မြို့ခံများကို တိုက်တွန်းသည့် ပေါတဲလ် (portals) များကို ဖွင့်လှစ်ခဲ့သည်။

ICE မှပရက်စ်ဘီတေးရီးယမ်း (Presbyterian) ဘုန်းတော်ကြီး ဒေးဗစ် ဘလက်ခ်(Rev. David Black)ကို ငရုတ်ကောင်း ဘောလုံးများဖြင့် ထပ်ခါတလဲလဲ ပစ်ခတ်ပက်ဖြန်းနေပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 40 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်းသို့ ကျရောက်သွားမည်ကို စိုးရိမ်ရကြောင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) မှ ပြောရေးဆိုခွင့်ရှိသူက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု