နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုးရီးယား၊ KF-16 တိုက်လေယာဉ် လေ့ကျင့်ရေးကွင်းအပြင်ဘက်တွင် ဗုံးမှားကြဲချ ၁၅ဦးဒဏ်ရာရ

မတ်လ (၆) ရက်။

တောင်ကိုးရီးယားမှာ လေ့ကျင့်ရေးကွင်းအပြင်ဘက် လေတပ် KF-16 တိုက်လေယာဉ်နှစ်စင်းက ကျေးရွာတစ်ခုကို ဗုံးများ မှားယွင်းပစ်ချမှု ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက်အရာရှိတွေနဲ့ မီးသတ်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အရပ်သားတွေနေထိုင်တဲ့နေရာကို မှားယွင်းပြီး ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

ဆိုးလ်မြို့မြောက်ဘက် ၄၀ ကီလိုမီတာအကွာ ပိုချွန်းကျေးရွာမှာ မနက် ၁၀ နာရီဝန်းကျင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားနှစ်ဦးနဲ့ နိုင်ငံခြားသားနှစ်ဦး အပါအဝင် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ခရစ်ယန်ဘုရားကျောင်းတစ်ကျောင်းနဲ့ အခြားအဆောက်အအုံ ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့အာတယ်။ နိုင်ငံခြားသားတစ်ဦးဟာ မြန်မာလူမျိုးဖြစ်ပြီး နောက်တစ်ဦးက ထိုင်းလူမျိုး ဖြစ်တယ်လို့ သိရပါတယ်။

အရပ်သားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားပြီး မျက်နှာနဲ့ ပခုံးတို့မှာ ထိခိုက်ဒဏ်ရာ ရရှိထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ မီးသတ်အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာအနည်းငယ် ရရှိတဲ့ အခြားရှစ်ဦးကိုလည်း ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

ဆေးကုသမှုခံယူဖို့ တောင်းဆိုနေတာတွေလည်း ရှိတယ်လို့ သိရပြီး ဒဏ်ရာရသူတွေ တိုးလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာကနေ ဝေးကွာတဲ့ မြို့တော်ခန်းမကို လူ ၅၀ ခန့် ပြောင်းရွှေ့ခဲ့ကြရပါတယ်။

ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပတ်ခ်ကီဝမ် ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ လေတပ်က ပြောကြားခဲ့ပြီး အရပ်သားတွေ ထိခိုက်ပျက်စီးမှုအတွက် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

“ပုံမှန်မဟုတ်တဲ့ (ဗုံး) မတော်တဆမှုမှ အရပ်သားတွေ ထိခိုက်မှုအတွက် ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရပြီး ဒဏ်ရာရသူတွေ အမြန်ပြန်လည်ကောင်းမွန်လာစေဖို့ ဆန္ဒပြုပါတယ်” လို့ လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးတာ အပါအဝင် လိုအပ်တဲ့ အစီအမံအားလုံးကို ကျွန်တော်တို့ ဆောင်ရွက်သွားပါမယ်။” လို့ ပြောပါတယ်။

ဒါဟာ တောင်ကိုရီးယား တိုက်လေယာဉ်တွေရဲ့ ပထမဆုံး မတော်တဆ ဗုံးကျဲမှုဖြစ်ပြီး ဒဏ်ရာရသူ အရေအတွက်များတဲ့ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

နယ်စပ်တောင်ဘက် ၂၅ ကီလိုမီတာအကွာ ပိုချွန်းမှာရှိတဲ့ Seungjin Fire လေ့ကျင့်ရေးကွင်းမှာ K2 တင့်ကားတွေ၊၊ K55A1 မောင်းသူမဲ့ ဟောင်ဝစ်ဇာတွေ၊ Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ F-35A ကိုယ်ပျောက်ဂျက်လေယာဉ်တွေ အပါအဝင် စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းအစိတ်အပိုင်း ၁၆၀ ကျော်ကို စုစည်းထားတယ်လို့ ကိုရီးယား တပ်မတော်ဆီက သိရပါတယ်။

သတင်းရင်းမြစ်။ YONHAP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက