နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဗြိတိန်နှင့် ပြင်သစ်တို့ရဲ့ ‘ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့’ သဘောထားကို ဗန့်စ် လှောင်ပြောင်နေတာလားလို့ ဗြိတိန် ပြင်းပြင်းထန်ထန် တုံ့ပြန်

မတ်လ (၆) ရက်။

ရုရှား-ယူကရိန်းတို့အကြား အပစ်အခတ်ရပ်စဲပြီးနောက် ဗြိတိန်နဲ့ ပြင်သစ်တို့က ယူကရိန်းကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်မယ်ဆိုတဲ့ သဘောထားကို ထုတ်ပြန်ပြီးနောက် အဲ့ဒီ အပေါ် လှောင်ပြောင်တာလို့ အဓိပ္ပာယ်ရတဲ့ အမေရိကန်ဒုသမ္မတဗန့်စ်ရဲ့ မှတ်ချက်အပေါ် ဗြိတိန်က ပြင်းထန်စွာ တုံ့ပြန် ခဲ့ပါတယ်။ ဗန့်စ်ကတော့ သူ့အနေနဲ့ ဗြိတိန် ဒါမှမဟုတ် ပြင်သစ်ကို အတိအကျ နာမည်တပ်၍ မပြောခဲ့ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပေမယ့် ဗြိတိန်ဘက်မှာတော့ တောင်းပန်ဖို့ အသံတွေထွက်ပေါ်နေပါတယ်။

မတ်လ ၃ ရက်နေ့က Fox News နဲ့ အင်တာဗျူးမှာ ဗန့်စ်က ယူကရိန်းမှ အမေရိကန်နဲ့ စီးပွားရေး အကျိုးစီးပွား ရှိနေပါက “နှစ်ပေါင်း ၃၀-၄၀ လောက် စစ်မတိုက်ဖူးတဲ့ ကျပန်းနိုင်ငံ (random country) က တပ်ဖွဲ့ဝင် ၂၀၀၀၀ ကို ယူကရိန်းမှာ ထားတာထက် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးဖြေရှင်းချက်ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းရှိ မြေရှားသတ္တုနဲ့ အခြားတွင်းထွက် သယံဇာတများ ပိုင်ဆိုင်ခွင့်ရရှိဖို့ သမ္မတထရန့်က ဆန္ဒထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ အမေရိကန်တပ် စေလွှတ်တာကို ဆန့်ကျင်ခဲ့ပါတယ်။

ရုရှားကျူးကျော်မှုအောက်မှာရှိတဲ့ ယူကရိန်းကို ဥရောပတွင် အပစ်အခတ်ရပ်စဲပြီးရင် ဥရောပ တပ်ဖွဲ့ဝင် ၃၀,၀၀၀ စေလွှတ်ဖို့ အဆိုပြုချက် လတ်တလော ထွက်ပေါ်လာပါတယ်။ အဲ့ဒီတပ်ဖွဲ့ရဲ့ ဗဟိုချက်က အီရတ်နဲ့ အာဖဂန်နစ္စတန်တို့မှာ အရင်က အမေရိကန်တပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ဗြိတိန်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုအပြီးမှာ ဗြိတိန်တပ်ဖွဲ့ဟာ အာဖဂန်နစ္စတန်ကို တိုက်ခိုက်ရာမှာ အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဘီဘီစီရဲ့ထုတ်လွှင့်ချက်အရ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အာဖဂန်နစ္စတန်မှာ ဗြိတိန်တပ်ဖွဲ့ဝင် ၁၅၀ ၀၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်ဦးဆောင်ပြီး အီရတ်ကို တိုက်ခိုက်ရာမှာလည်း ဗြိတိန်တပ်တွေ ပါဝင်ခဲ့ပါတယ်။

ဗန့်စ်ရဲ့ မှတ်ချက်တွေက ယူကေရှိ အာဏာရနဲ့ အတိုက်အခံပါတီများ နှစ်ဖက်စလုံးကို ဒေါသထွက်စေခဲ့ပါတယ်။ အတိုက်အခံပါတီရဲ့ကက်ဘိနက်ရဲ့ ကာကွယ်ရေးဝန်ကြီး ကွန်ဆာဗေးတစ်အမတ် ဂျိမ်းကတ်တလစ်ချ် (James Cartlidge) က ” ဒီလို ပြောတာဟာ တော်တော် မလေးမစားနိုင်တာပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဗန့်စ်ကို နာမည်မတပ်ခဲ့ပေမဲ့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက “သူ့အနေနဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိန်စစ်သားအားလုံးကို လေးလေးနက်နက် လေးစားမှု ရှိသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အချို့ကတော့ ဗန့်စ်ကို တောင်းပန်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံရေးအသိုင်းအဝိုင်းကို တုံ့ပြန်တဲ့အနေနဲ့ ဗန့်စ်က X (Twitter) မှာ “ဗြိတိန် ဒါမှမဟုတ် ပြင်သစ်ဖြစ်တယ်လို့ ကျွန်တော် မပြောခဲ့ပါဘူး။ (သူတို့ဟာ)အရင်က အမေရိကန်ပြည်ထောင်စုနှင့်အတူ သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့ပါတယ်” လို့ ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ “ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် အကူအညီ ပေးမယ်လို့ ပြောတဲ့နိုင်ငံတော်တော်များများဟာ စစ်မြေပြင် အတွေ့အကြုံနဲ့ စစ်ရေး ပြင်ဆင်မှု နှစ်ခုလုံး ချို့တဲ့နေတယ်” လို့ ထပ်မံပြောခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့က ဥရောပခေါင်းဆောင်တွေ လန်ဒန်မှာ စုဝေးတွေ့ဆုံခဲ့ကြပြီး နိုင်ငံအများအပြားက ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ကို ဖွဲ့စည်းရန် သဘောတူခဲ့ကြပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်တို့က ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ အီတလီ ဝန်ကြီးချုပ် မီလိုနီက “ကျွန်မတို့ နိုင်ငံအနေနဲ့ ပါဝင်မှာ မဟုတ်ပါဘူး။” လို့ ဆိုပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 92 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက