နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်နိုင်ငံဟာ “ကျွန်တော်တို့ဘက်မှာ ဆက်လက်ရှိတော့မှာ မဟုတ်ဘူး” လို့ ပြင်သစ်သမ္မတ မက်ခရွန် သတိပေး

*** ပြင်သစ်အနေနဲ့ သူပိုင်ဆိုင်တဲ့ နျူကလီးယားလက်နက်ကို အသုံးပြုကာ ဥရောပမဟာမိတ်များကို ကာကွယ်ဖို့ စဉ်းစားနေတယ်လို့ ထုတ်ဖော်ပြောဆို***

မတ်လ (၆) ရက်။

ပြင်သစ်နိုင်ငံအနေနဲ့ နောက်ပိုင်းမှာ ပြင်သစ်ရဲ့ နျူကလီးယားလက်နက်အင်အားကို အသုံးပြုပြီး မိမိနိုင်ငံနဲ့ ဥရောပမဟာမိတ်တွေကိုပါ ဖြန့်ကျက်ကာကွယ်ဖို့ စဉ်းစားနေတယ်လို့ သမ္မတမက်ခရွန်က မတ်လ ၅ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲမှာ အမေရိကန်နိုင်ငံဟာ “ကျွန်တော်တို့ဘက်မှာ ဆက်လက်ရှိတော့မှာ မဟုတ်ဘူးလို့” ဥရောပနိုင်ငံတွေအနေနဲ့ အဲ့ဒီအတွက် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ မက်ခရွန်က သတိပေးခဲ့ပါတယ်။

“ကျွန်တော်တို့နိုင်ငံရဲ့ ဟန့်တားနိုင်တဲ့စွမ်းအားနဲ့ ဥရောပတိုက်ကြီးပေါ်မှာရှိတဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို စတင်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ မက်ခရွန်က သူ့ရဲ့ ဆိုရှယ်မီဒီယာက တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောကြားခဲ့ပါတယ်။ ရုပ်သံထုတ်လွှင့်နေစဉ် ဥရောပက ယူကရိန်းကို ဆက်လက်ပံ့ပိုးပေးဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးကို အားကောင်းအောင် လုပ်ရမယ်လို့လည်း ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပြင်သစ်နိုင်ငံရဲ့ နျူကလီးယားလက်နက်စွမ်းအားနဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း သာလွန်အားကောင်းတဲ့ ကာကွယ်ရေးစွမ်းရည်ကို ပေးစွမ်နိုင်တယ်လို့ ဆိုပါတယ်။

ဥရောပဟာ “ခေတ်သစ်တစ်ခုကို ရောက်ရှိလာပြီ” လို့လည်း သူက သတိပေးခဲ့ပါတယ်။ အခုအချိန်အထိ အရင်လိုပဲ ရုရှားရဲ့ခြိမ်းခြောက်မှုကို “ဘေးကလူ” အနေနဲ့ပဲ ဆက်လက်ကြည့်နေမယ်ဆိုရင် မိုက်မဲမှုသာ ဖြစ်တယ်လို့ သူက အလေးပေးပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ မဟာမိတ် အမေရိကန်နိုင်ငံဟာ ဒီစစ်ပွဲမှာ သူ့ရဲ့ရပ်တည်ချက်ကို ပြောင်းလဲခဲ့ပါတယ်။ အခုအခါ ယူကရိန်းကို အရင်ကလို ထောက်ပံ့လိုစိတ်မ ရှိတော့ပါဘူး။ နောက်ပိုင်း အခြေအနေတွေ ဘယ်လို ဖြစ်လာမယ်ဆိုတာ သံသယနဲ့ စောင့်ကြည့်ဖို့ လိုပါတယ်” လို့ မက်ခရွန်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်အနေနဲ့ နေတိုးနဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့ပေမဲ့ ပြင်သစ်နိုင်ငံရဲ့ လွတ်လပ်ရေး ကာကွယ်ရေးနဲ့ လုံခြုံရေး ခိုင်မာအားကောင်းစေဖို့ အမှီအခိုကင်းစေဖို့ “အစီအမံတွေကို တိုးမြင့်ဆောင်ရွက်” ဖို့ လိုအပ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လာမည့်သီတင်းပတ်မှာ ပါရီမှာ ဥရောပခေါင်းဆောင်များ အစည်းအဝေးကို လက်ခံကျင်းပမှာဖြစ်ကြောင်း သူက ကြေညာခဲ့ပါတယ်။ ယူကရိန်းကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ စေလွှတ်ရေး အပါအဝင် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် ဥရောပခေါင်းဆောင်တွေ ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ရုရှားရဲ့ ထပ်မံကျူးကျော်မှုကို တားဆီးဖို့ တပ်တွေကို တပ်ဖြန့်သွားမယ်လို့ ဆိုပါတယ်။

မက်ခရွန်ရဲ့ ပြောဆိုချက် မထွက်ပေါ်ခင် ဂျာမနီရဲ့ အဓိပတိသစ် ဖြစ်လာမယ့် Merz က ပြင်သစ်နဲ့ ယူကေတို့နဲ့ ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီနှစ်နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေနဲ့ တိုးချဲ့ကာကွယ်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 20 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 31 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက