နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်နိုင်ငံဟာ “ ကျွန်တော်တို့ဘက်မှာ ဆက်လက်ရှိတော့မှာ မဟုတ်ဘူး” လို့ ပြင်သစ်သမ္မတ မက်ခရွန် သတိပေး

*** ပြင်သစ်အနေနဲ့ သူပိုင်ဆိုင်တဲ့ နျူကလီးယားလက်နက်ကို အသုံးပြုကာ ဥရောပမဟာမိတ်များကို ကာကွယ်ဖို့ စဉ်းစားနေတယ်လို့ ထုတ်ဖော်ပြောဆို***

မတ်လ (၆) ရက်။

ပြင်သစ်နိုင်ငံအနေနဲ့ နောက်ပိုင်းမှာ ပြင်သစ်ရဲ့ နျူကလီးယားလက်နက်အင်အားကို အသုံးပြုပြီး မိမိနိုင်ငံနဲ့ ဥရောပမဟာမိတ်တွေကိုပါ ဖြန့်ကျက်ကာကွယ်ဖို့ စဉ်းစားနေတယ်လို့ သမ္မတမက်ခရွန်က မတ်လ ၅ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲမှာ အမေရိကန်နိုင်ငံဟာ “ ကျွန်တော်တို့ဘက်မှာ ဆက်လက်ရှိတော့မှာ မဟုတ်ဘူးလို့” ဥရောပနိုင်ငံတွေအနေနဲ့ အဲ့ဒီအတွက် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ မက်ခရွန်က သတိပေးခဲ့ပါတယ်။

“ ကျွန်တော်တို့နိုင်ငံရဲ့ ဟန့်တားနိုင်တဲ့စွမ်းအားနဲ့ ဥရောပတိုက်ကြီးပေါ်မှာရှိတဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို စတင်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ မက်ခရွန်က သူ့ရဲ့ ဆိုရှယ်မီဒီယာက တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောကြားခဲ့ပါတယ်။ ရုပ်သံထုတ်လွှင့်နေစဉ် ဥရောပက ယူကရိန်းကို ဆက်လက်ပံ့ပိုးပေးဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးကို အားကောင်းအောင် လုပ်ရမယ်လို့လည်း ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပြင်သစ်နိုင်ငံရဲ့ နျူကလီးယားလက်နက်စွမ်းအားနဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း သာလွန်အားကောင်းတဲ့ ကာကွယ်ရေးစွမ်းရည်ကို ပေးစွမ်နိုင်တယ်လို့ ဆိုပါတယ်။

ဥရောပဟာ “ ခေတ်သစ်တစ်ခုကို ရောက်ရှိလာပြီ” လို့လည်း သူက သတိပေးခဲ့ပါတယ်။ အခုအချိန်အထိ အရင်လိုပဲ ရုရှားရဲ့ခြိမ်းခြောက်မှုကို “ဘေးကလူ” အနေနဲ့ပဲ ဆက်လက်ကြည့်နေမယ်ဆိုရင် မိုက်မဲမှုသာ ဖြစ်တယ်လို့ သူက အလေးပေးပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့ရဲ့ မဟာမိတ် အမေရိကန်နိုင်ငံဟာ ဒီစစ်ပွဲမှာ သူ့ရဲ့ရပ်တည်ချက်ကို ပြောင်းလဲခဲ့ပါတယ်။ အခုအခါ ယူကရိန်းကို အရင်ကလို ထောက်ပံ့လိုစိတ်မ ရှိတော့ပါဘူး။ နောက်ပိုင်း အခြေအနေတွေ ဘယ်လို ဖြစ်လာမယ်ဆိုတာ သံသယနဲ့ စောင့်ကြည့်ဖို့ လိုပါတယ်” လို့ မက်ခရွန်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်အနေနဲ့ နေတိုးနဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့ပေမဲ့ ပြင်သစ်နိုင်ငံရဲ့ လွတ်လပ်ရေး ကာကွယ်ရေးနဲ့ လုံခြုံရေး ခိုင်မာအားကောင်းစေဖို့ အမှီအခိုကင်းစေဖို့ “အစီအမံတွေကို တိုးမြင့်ဆောင်ရွက်” ဖို့ လိုအပ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လာမည့်သီတင်းပတ်မှာ ပါရီမှာ ဥရောပခေါင်းဆောင်များ အစည်းအဝေးကို လက်ခံကျင်းပမှာဖြစ်ကြောင်း သူက ကြေညာခဲ့ပါတယ်။ ယူကရိန်းကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ စေလွှတ်ရေး အပါအဝင် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် ဥရောပခေါင်းဆောင်တွေ ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ရုရှားရဲ့ ထပ်မံကျူးကျော်မှုကို တားဆီးဖို့ တပ်တွေကို တပ်ဖြန့်သွားမယ်လို့ ဆိုပါတယ်။

မက်ခရွန်ရဲ့ ပြောဆိုချက် မထွက်ပေါ်ခင် ဂျာမနီရဲ့ အဓိပတိသစ် ဖြစ်လာမယ့် Merz က ပြင်သစ်နဲ့ ယူကေတို့နဲ့ ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီနှစ်နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေနဲ့ တိုးချဲ့ကာကွယ်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိလုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လက်ထောက်များက
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား