နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်း၏ ကာကွယ်ရေးဆိုင်ရာအစီအစဥ်နှင့်ပတ်သက်သည့် မိန့်ခွန်း

၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက် ဘရပ်ဆဲလ်မြို့မှာ ပြောသွားတဲ့မိန့်ခွန်းအပြည့်အစုံ ဖြစ်ပါတယ်။

*** ဥရောပလက်နက်ပြန်လည်တပ်ဆင်ရေးအစီအစဥ် (ReArm Europe Plan) ကို ဥရောပမှာ စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ ****

ကျွန်မတို့ဟာ အရေးကြီးဆုံးနဲ့ အန္တရာယ်အရှိဆုံးအချိန်တွေအကြားမှာ နေထိုင်လျက်ရှိပါတယ်။ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေရဲ့ ဆိုးရွားတဲ့ သဘောသဘာဝကို ကျွန်မ ရှင်းလင်းနေဖို့ မလိုအပ်တော့ဘူးလို့ ထင်ပါတယ်။ ဒီခြိမ်းခြောက်မှုတွေရဲ့ အကျိုးဆက်တွေကို ကျွန်မတို့ ကျော်လွှားနိုင်ဖို့အတွက် ခံနိုင်ရည်ရှိဖို့ လုပ်ဆောင်ကြရမယ် ။ ဘာကြောင့်လဲဆိုတော့ ဥရောပရဲ့ လုံခြုံရေးကို တကယ့်ကို ခြိမ်းခြောက်နေသလားလို့ဆိုတာကို မေးစရာတောင်မလိုတော့ပါဘူး။

ဒါမှမဟုတ် ဥရောပက သူ့ကိုယ်ပိုင်လုံခြုံရေးအတွက် ပိုပြီး တာဝန်ယူသင့်သလား။ အမှန်ကတော့ မေးခွန်းအတွက် အဖြေတွေကို ကျွန်မတို့ သိခဲ့တာ ကြာပါပြီ။ ကျွန်မတို့ရဲ့ရှေ့မှာရှိနေတဲ့ တကယ့်မေးခွန်းက ဥရောပရဲ့အခြေအနေက ညွှန်ပြတဲ့အတိုင်း ပြတ်ပြတ်သားသား ပြုမူလုပ်ဆောင်ဖို့ ပြင်ဆင်ထားသလားဆိုတာပဲ ဖြစ်ပါတယ်။

ဥရောပက လိုအပ်နေတဲ့ အရှိန်အဟုန်နဲ့ ရည်မှန်းချက်အတိုင်း လုပ်ဆောင်ဖို့ အသင့်ဖြစ်မဖြစ် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း လွန်ခဲ့တဲ့ ၂ ရက်က လန်ဒန်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဥရောပမြို့တော်တွေက အဖြေကတော့ ရှင်းရှင်းလင်းလင်း ကျယ်ကျယ်လောင်လောင် ရှိလှပါတယ်။

ကကျွန်မတို့ လက်နက်ပြန်လည်တပ်ဆင်ရေးခေတ်ကို ရောက်နေပါပြီ။ ဥရောပက သူ့ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို ကြီးမားစွာ မြှင့်တင်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။ ရေတိုအရေးတကြီး လုပ်ဆောင်ဖို့အလုပ်နဲ့ ယူကရိန်းကို ပံ့ပိုးကူညီဖို့သာမကပဲ ရေရှည်ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျွန်မတို့ရဲ့ကိုယ်ပိုင်ဥရောပလုံခြုံရေးအတွက် အဲ့ဒီအလုပ်နှစ်ခုစလုံးကို ပိုမိုတာဝန်ယူဖို့ လိုအပ်ပါတယ်။

အဲဒါကြောင့် ကြာသပတေးနေ့မှာ ကျင်းပမဲ့ ဥရောပကောင်စီအစည်းအဝေးအတွက် ဒီနေ့မှာ ခေါင်းဆောင်တွေအားလုံးဆီ စာတစ်စောင်ကို ကြိုတင်ရေးသားပေးပို့ထားပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့မှာ အားလုံး ဒီနေရာကို ရောက်လာကြတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီစာထဲမှာ ဥရောပလက်နက်ပြန်လည်တပ်ဆင်ရေးအစီအစဥ် (ReArm Europe Plan) လည်း ပါပါတယ်။

ဤအဆိုပြုချက်များတွင် အဖွဲ့ဝင်နိုင်ငံများရဲ့ ကာကွယ်ရေးစွမ်းရည်များတိုး တက်လာရေး အတွက် အသုံးစရိတ်များကို လျင်မြန်စွာ တိုးမြှင့်နိုင်စေရန်အတွက် ကျွန်ုပ်တို့၏ အကောင်အထည်ဖော်မှုတွင် ဘဏ္ဍာရေးဆိုင်ရာ အဆင့်အားလုံးကို မည်သို့အသုံးပြုရမည်ကို အလေးပေးထားပါတယ်။

အခုအချိန်မှာသာ အရေးတကြီး မဟုတ်ဘဲ ဒီဆယ်စုနှစ်ကျော်လွန်တဲ့အချိန်အထိ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီအတွက် အပိုင်းငါးပိုင်း ရှိပါတယ်။ ဥရောပကို လက်နက် ပြန်လည်တပ်ဆင်ရေး အစီအစဥ်ရဲ့ ပထမအပိုင်းမှာ နိုင်ငံတော်အဆင့်မှာ ပြည်သူ့ဘဏ္ဍာငွေကို ကာကွယ်ရေးမှာ အသုံးပြုမှုကို ခွင့်ပြုပေးဖို့ ဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံများဟာ ဘဏ္ဍာရေးဆိုင်ရာအခြေအနေတွေ ရှိပါက မိမိတို့ရဲ့ကိုယ်ပိုင်လုံခြုံရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်အောင် ပြုလုပ်ကြပါ။ ပြီးတော့ အဲဒါတွေကို လုပ်နိုင်ဖို့ ကျွန်မတို့ က အထောက်အကူပြုရပါမယ်။ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်ရဲ့ အမျိုးသားလွတ်မြောက်ရေး သဘောတူညီချက်ကို မကြာမီ အသက်သွင်းဖို့ ကျွန်မတို့ အဆိုပြုရမှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုက အလွန်အကျွံ လိုငွေပြမှု လုပ်ငန်းစဉ်ကို မဖြစ်ပေါ်စေဘဲ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို သိသိသာသာ တိုးမြှင့်နိုင်စေမှာ ဖြစ်ပါတယ်။ ဥပမာ အဖွဲ့ဝင်နိုင်ငံတွေဟာ ပျမ်းမျှအားဖြင့် GDP ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ၁.၅% တိုးမြှင့်မယ် ဆိုပါက လေးနှစ်တာကာလအတွင်း ယူရို ၆၅၀ ဘီလီယံအထိ ဘဏ္ဍာရေးဆိုင်ရာ နေရာတခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ အဆိုပြုချက်ကတော့ လက်နက်ကိရိယာအသစ် ဖြစ်လိမ့်မယ်။ ကာကွယ်ရေး ရင်းနှီးမြှုပ်နှံမှုအတွက် အဖွဲ့ဝင်နိုင်ငံတွေကို ချေးငွေ ယူရို ၁၅၀ ဘီလီယံ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါက အခြေခံအားဖြင့် ပိုကောင်းတဲ့အသုံးစရိတ်ကို အတူတူ သုံးစွဲကြရတဲ့ အကြောင်းပါ။

ဥရောပနိုင်ငံတွေ နိုင်ငံရေး-စီးပွားရေးညီညွတ်မှု (Pan-European) စွမ်းရည် ပိုင်နက်တွေ အကြောင်း ကျွန်မတို့ ပြောနေပါတယ်။ ဥပမာ လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေး၊ အမြောက်စနစ်၊ ဒုံးကျည်တွေနဲ့ ခဲယမ်းမီးကျောက်၊ ဒရုန်းဆန့်ကျင်ရေးစနစ်များတွေပါ။ ဥပမာ ဆိုက်ဘာကနေ စစ်ဘက်ဆိုင်ရာ ရွေ့လျားသွားလာမှုအထိ အခြားလိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ပါ။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝယ်လိုအားကို စုစည်းစေပြီး အတူတကွ ဝယ်ယူနိုင်ဖို့ ကူညီပေးပါမယ်။

ဟုတ်ပါတယ်၊ ဒီပစ္စည်းတွေနဲ့အတူ အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းကို သူတို့ရဲ့ အထောက်အပံ့တွေ အကြီးအကျယ် တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါကြောင့် ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ချက်ခြင်း ပေးနိုင်တယ်။ ဒီပူးတွဲဝယ်ယူရေးနည်းလမ်းက ကုန်ကျစရိတ်တွေကို လျှော့ချပေးမှာဖြစ်ပြီး၊ အပိုင်းပိုင်းခွဲထုတ်မှုကို လျှော့ချကာ အပြန်အလှန် လုပ်ဆောင်နိုင်မှုကို တိုးမြှင့်ကာ ကျွန်မတို့ရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းအခြေခံကို အားကောင်းစေမှာ ဖြစ်ပါတယ်။

ကျမဖော်ပြခဲ့သလိုပဲ ယူကရိန်းအကျိုးဖြစ်ထွန်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီအချိန်ဟာ ဥရောပရဲ့ လုပ်ဆောင်ရမဲ့ အခိုက်အတန့်ဖြစ်ပြီး အဲဒါကို လိုက်နာဆောင်ရွက်ရမယ်။ တတိယအချက်မှာ EU ဘတ်ဂျက်ရဲ့ စွမ်းအားကို အသုံးပြုတာဖြစ်ပါတယ်။ ရေတိုမှာ ကာကွယ်ရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေဆီကို ရန်ပုံငွေ ပို့ပေးနိုင်ဖို့အတွက် မိမိတို့ပိုင်နက်မှာ ကျွန်မတို့ လုပ်ဆောင်နိုင်တဲ့အရာများစွာ ရှိပါတယ်။

ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့အတွက် ပေါင်းစည်းမှု ပေါ်လစီပရိုဂရမ်တွေကို အသုံးပြုဖို့ ဆုံးဖြတ်ပါက ကျွန်မတို့အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအား နောက်ထပ် ဖြစ်နိုင်ခြေတွေနဲ့ မက်လုံးတွေကို အဆိုပြုမှာဖြစ်ကြောင်း ကျွန်မတို့ ကြေညာနိုင်မှာ ဖြစ်ပါသည် ။

နောက်ဆုံးလုပ်ဆောင်မှု နယ်ပယ်နှစ်ခုမှာ စုဆောင်းငွေနဲ့ ရင်းနှီးမြှုပ်နှံမှုသမဂ္ဂနဲ့ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်ကတဆင့် ပုဂ္ဂလိက အရင်းအနှီးကို အရှိန်မြှင့်ဖို့ ရည်ရွယ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ဥရောပက မိမိတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ဥရောပကို လက်နက်ပြန်လည်တပ်ဆင်ရေးဟာ လုံခြုံပြီး ခံနိုင်ရည်ရှိတဲ့ ဥရောပအတွက် ယူရို ၈၀၀ ဘီလီယံနီးပါးကို စုဆောင်းနိုင်ပါတယ်။ နေတိုးမှာရှိတဲ့ ကျွန်မတို့ရဲ့မိတ်ဖက်တွေနဲ့ နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားပါမယ်။ ဒါက ဥရောပအတွက် လုပ်ဆောင်ရမယ့် အချိန်ကျပြီ။ ပြီးတော့ ကျွန်မတို့ဟာ တဆင့်တက်လှမ်းတက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော