မတ်လ (၇)ရက်။
မနေ့က နေ့လယ်ပိုင်းအချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘီလာရုစ်နိုင်ငံကို ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရုရှားနိုင်ငံကို ရောက်ရှိခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ ဘီလာရုစ်သမ္မတရဲ့ ဖိတ်ကြားချက်ကြောင့်ဆိုပြီး စိန့်ပီတာစဘတ်မြို့လေဆိပ်ကနေ ဘီလာရုစ်နိုင်ငံကို ဆက်သွားခဲ့တာလို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘီလာရုစ်နိုင်ငံ မင့်စ်မြို့ကို ရောက်ရှိခဲ့ပြီး မင့်စ်မြို့ရှိ The Victory Monument မှာ လွမ်းသူ့ပန်းခွေချတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဘီလာရုစ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင်ဟာ ဘီလာရုစ်သမ္မတနဲ့ သီးခြားတွေ့ဆုံဖို့ရှိသလို သမ္မတနန်းတော်မှာ “ အဂ္ဂမဟာ သရေစည်သူဘွဲ့” ပေးအပ်ဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘီလာရုစ်နိုင်ငံခရီးစဉ်ပြီးဆုံးတဲ့အခါ စစ်ခေါင်းဆောင်က ရုရှားနိုင်ငံကို ပြန်လည်သွားရောက်ပြီး အဲ့ဒီကတဆင့် နေပြည်တော်မှာ မဖြစ်မနေကြိုဆိုဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့လဲ သိရပါတယ်။
