နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတံတားပေါ်မှာ တပ်သားစုဆောင်းခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းဆောင်ရသူတစ်ဦး အလင်းဝင်

မတ်လ (၇)ရက်။

မတ်လ (၅)ရက်နေ့ ည (၉)နာရီအချိန်က ရေစကြိုမြို့နယ် ခလရ(၂၅၈)က စစ်ကောင်စီတပ်သားတစ်ဦး ‌အလင်းဝင်လာခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ သူက စစ်ကိုင်းတံတားပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားသစ်စုဆောင်းခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းဆောင်ရသူပါ။ အလင်းဝင်လာတဲ့အချိန် သေနတ်တလက် ပါလာတယ်” လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ခလရ(၂၅၈)က အသက် (၂၃)နှစ်အရွယ်ရှိ ရဲရင့်အောင်ဖြစ်ပြီး ၂၀၂၄ခုနှစ် နိုဝင်ဘာလထဲ စစ်ကိုင်းတံ‌တားပေါ်မှာ စစ်ကောင်စီရဲ့ တပ်သားသစ် စုဆောင်းခံရတာလို့ ဖော်ပြထားပါတယ်။

တပ်သား ရဲရင့်အောင်ဟာ MA-1 တလက်နဲ့အတူ ရေစကြိုမြို့နယ်(ပကဖ)ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့တာလို့ ‌ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူ့ရင်ခွင်ဆီ ခိုလှုံလိုပါက 09988895428 ထံ ယုံကြည်စွာ ဆက်သွယ်နိုင်တယ်လို့လဲ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားအံမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 7 Views
မတ်လ (၁၆)ရက်။ မတ်လ (၁၁)ရက်နေ့က ဖားအံမြို့နယ်ထဲရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KNU ရဲ့
မြန်မာသတင်း

ရွှေစာရံဘုရားပွဲလာတဲ့ ကားတစ်စီး တိမ်းမှောက်ကာ (၆)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 4 Views
မတ်လ (၁၆)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကျောက်ဆည်-အုန်းချော ခရိုင်ချင်းဆက်လမ်းမကြီးပေါ်ရှိ ရွှေစာရံမြစ်ကူးတံတားအနီးမှာ ကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စီးပွားရေးပိတ်ဆို့တာတွေကြောင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 3 Views
မတ်လ (၁၆)ရက်။ အခုအခါ နိုင်ငံမှာ စီးပွားရေးအရ ပိတ်ဆို့တာတွေကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေကို တိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်ရှိ အေးရှာဝေါဆိပ်ကမ်းကို‌ ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အရင်က ဆိပ်ကမ်းဟာ
မြန်မာသတင်း

ကျွန်းစုမြို့မှာ စစ်ကောင်စီရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 21 Views
မတ်လ (၁၅)ရက်။ မတ်လ (၁၃)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ကျွန်းစုမြို့န်ူ ဝန်တောင်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေပါတဲ့ ရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကဖတပ်ဖွဲ့ဝင်တွေက ဝန်တောင်ဘက်ကို ခရီးထွက်လာတဲ့အချိန် မိုင်းတွေးရွာပျူစောထီးနဲ့
မြန်မာသတင်း

ရေးမြို့မှာ စစ်ကောင်စီတပ်ကြပ်ကြီးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ရေးဘီလူးထံ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 8 Views
မတ်လ (၁၅)ရက်။ မနေ့က ရေးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ကြက်ကြီးတစ်ဦးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြို့ စကခ(၁၉)တပ်မမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးနဲ့ တပ်သား (၅)ဦး
မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေနေရာကို ပြည်သူယောင်ဆောင်ပြီး လာစုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ခံရကာ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 21 Views
မတ်လ (၁၅)ရက်။ ဒီကနေ့ ကြို့ပင်ကောက်မြို့ရှိ ဥယျာဉ်ကြီးရွာအနီး တော်လှန်ရေးရဲဘော်တွေ ကင်းစောင့်နေတဲ့နေရာကို စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးက စုံစမ်းတာတွေပြုလုပ်ခဲ့တယ်လို့ Yoma GBK-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဥယျာဉ်ကြီးရွာအနီးမှာ ကာကွယ်ရေးအဖွဲ့တွေ လုံခြုံရေးယူပြီး ကင်းစောင့်နေတဲ့နေရာကို
မြန်မာသတင်း

တလတာထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 16 Views
မတ်လ (၁၅)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အမျိုးအစားတွေဟာ အခြားချိုးဖောက်မှုတွေအနေနဲ့ (၁၃၇)မှုနဲ့ အများဆုံးဖြစ်ပြီး ပစ္စည်းတွေဖျက်ဆီးခံရတာ (၁၃၀)မှု၊
မြန်မာသတင်း

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 16 Views
မတ်လ (၁၅)ရက်။ မနေ့က နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာ-ထိုင်း အမှတ်(၂)