နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခ- အလုံးစုံစစ်ပွဲ ဖြစ်နိုင်ခြေ တိုးလာနေဟု ကျွမ်းကျင်သူများ သတိပေး

မေလ (၇) ရက်။

ရှည်လျားသော ပဋိပက္ခသမိုင်းကြောင်းရှိသော အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အန္တရာယ်ရှိသော အခြေအနေအတွင်းသို့ ဝင်ရောက်နေကြသည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ ပါကစ္စတန်အစိုးရက အိန္ဒိယ၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ ကတိပြုထားသည်။ လက်တုံ့ပြန်ခြင်းကွင်းဆက်သည် အလုံးစုံစစ်ပွဲသို့ ဦးတည်လာနိုင်သည့် အန္တရာယ် ကြီးထွားလာနေသည်။

၂ဝ၁၇ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲနောက်ပိုင်း ပါကစ္စတန်ပိုင်နက်အတွင်း အနက်ရှိုင်းဆုံး တိုက်ခိုက်မှု ၇ ကြိမ်မြောက် စစ်ဆင်ရေးဖြစ်သည်။ ယင်းစစ်ပွဲသည် နှစ်နိုင်ငံကြား အကြီးမားဆုံး စစ်ပွဲဖြစ်ခဲ့သည်။

အမေရိကန် Tufts တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခ ဖက်ဒ်ဟူမာရွန် (Fard Humayun) က “အခုအခြေအနေဟာ “သိသိသာသာ ပြင်းထန်ပြီး မငြိမ်မသက်ဖြစ်နေပါတယ်” “အိန္ဒိယရဲ့ လုပ်ရပ်တွေကို လက်တုံ့ပြန်ဖို့ အခုအချိန်မှာ ရှောင်လွှဲလို့ မရတဲ့ပုံပါပဲ။” ဟုဆိုသည်။

အငြင်းပွား ကက်ရှ်မီးယားဒေသရှိ အိန္ဒိယထိန်းချုပ်ထားသော ဒေသရှိ ခရီးသွားများကို စစ်သွေးကြွများက ပစ်ခတ်ပြီးနောက် သီတင်းနှစ်ပတ်ကျော်အကြာတွင် နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် လူနှစ်ဆယ့်ခြောက်ဦး သေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ အိန္ဒိယအရပ်သားများဖြစ်သည်။ ဤတိုက်ခိုက်မှုအတွက် အိန္ဒိယအစိုးရက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီး ပါကစ္စတန်ကတော့ ငြင်းဆိုထားသည်။

၇ ရက်နေ့ အိန္ဒိယ၏ တိုက်ခိုက်မှုအတွင်း ကလေးတစ်ဦးအပါအဝင် လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်က ထုတ်ပြန်ကြေညာခဲ့သည်။ ပါကစ္စတန်၏ ဝန်ကြီးချုပ်က ၎င်းအား “စစ်ပွဲ၏ လုပ်ရပ်” အဖြစ် ဖော်ပြခဲ့သည်။ တိုက်ခိုက်မှုအတွင်း အိန္ဒိယလေတပ်မှ လေယာဉ်ငါးစင်းနှင့် ဒရုန်းတစ်စင်းတို့ကို ပစ်ချခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် ပါကစ္စတန်၏ ပြောဆိုချက်များကို အတည်မပြုနိုင်သေးပေ။

ပါကစ္စတန်ကို တိုက်ခိုက်ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် အံ့သြစရာမဟုတ်ကြောင်း၊ ကျွမ်းကျင်သူများက တိုက်ခိုက်မှုသည် အချိန်ကာလတစ်ခုသာဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။ သို့သော်လည်း နျူကလီးယား အင်အားကြီး နှစ်နိုင်ငံကြား ပဋိပက္ခသည် လာမည့် နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ဖြစ်ပွားနိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်နေကြသည်။

အမေရိကန် Think Tank, RAND လေ့လာရေးဌာနမှ အကြီးတန်းကာကွယ်ရေးလေ့လာသုံးသပ်သူ ဒဲရစ်ဂျေဂရော့စမန် (Derek J. Grossman) က “နျူကလီးယားစစ်ပွဲမဖြစ်ခဲ့ရင်တောင် အလုံးစုံစစ်ပွဲ ဖြစ်လာခဲ့ရင် အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးကို တူညီတဲ့ သက်ရောက်မှုရှိလာနိုင်ပြီး ကျယ်ပြန့်တဲ့ဒေသနဲ့ ကမ္ဘာကိုတောင် ဂယက်ရိုက်လာနိုင်တယ်” ဟု သတိပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊