နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

ဇွန်လ (၇)ရက်။

ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဆုံးဖြတ်ချက်ဟာ သမာသမတ်ကျ မျှတမှုမရှိဘဲ နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်တာတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တာဖြစ်သလို လွဲမှားတဲ့ အကဲဖြတ်တာတွေလို့ ဆိုပါတယ်။

အခုလို နိုင်ငံရေးအရ ဖိအားပေး လုပ်ဆောင်တာတွေက အခြေခံအလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အရေးနဲ့ ဝင်ငွေပုံမှန်ရရှိတဲ့အပေါ် ခြိမ်းခြောက်လာနိုင်ပြီး ကောင်းကျိုးထက် ဆိုးကျိုးပိုမယ့်အခြေအနေကို ရောက်ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ILO အနေနဲ့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းဆောင်ရွက်တာတွေကို လျစ်လျူရှုပြီး တဖက်သတ် ဖိအားပေးတာက အလုပ်သမားထုအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားထုအဖွဲ့ကြီးအပေါ် ယုံကြည်မှု လျော့ပါးစေတယ်လို့လဲ ပြောဆိုထားပါသေးတယ်။

ဒါ့ကြောင့် ညီလာခံအစည်းအဝေးမှာ နိုင်ငံရေးအရ ဖိအားပေးတဲ့ Article 33 ကျင့်သုံးတဲ့ ဆုံးဖြတ်ချက် အဆိုချမှတ်တာကို စိတ်ပျက်ရပြီး ပါဝင်ပတ်သက်တာမရှိဘူးလို့ ပြောဆိုထားသလို အပြုသဘော ကန့်ကွက်ပေးခဲ့တဲ့ မိတ်ဆွေနိုင်ငံတွေကို ကျေးဇူးတင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အလုပ်သမားထုရဲ့ အခွင့်အရေးများဥပဒေနဲ့အညီ တိုးတက်မှုရရှိဖို့၊ လူမှုဘဝတွေဖွံ့ဖြိုးဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့အတွက် ILO အပါအဝင် နိုင်ငံတကာနဲ့ ထိတွေ့ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်မှုကို မထိပါးစေတဲ့ ပူးပေါင်းတာတွေ ဆောင်ရွက်မယ်ဆိုပြီး ပြောဆိုထားပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ 133th ILC ညီလာခံမှာ စစ်ကောင်စီကို လွတ်လပ်သင်းပင်းဖွဲ့စည်းမှုဆိုင်ရာ ကွန်ဗင်းရှင်းအမှတ်(၈၇)နဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် (၂၉)တို့ကို မလိုက်နာတာကြောင့် ILO က Article 33 အရ အရေးယူဖို့ ဆုံးဖြတ်ခဲ့တာပါတယ်။

စစ်ကောင်စီကို ILO က အရေးယူဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့အဆိုကို တရုတ်၊ ရုရှား၊ ဘီလာရုစ်နဲ့ လာအိုနိုင်ငံတို့က ကန့်ကွက်တာတွေရှိခဲ့ပြီး စစ်ကောင်စီကို အကာအကွယ်ပေးဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 4 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 5 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 5 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 17 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 25 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို