နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ၃၄ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ရက်

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းကိုးဦး သေဆုံးခဲ့ခြင်းကြောင့် အကူအညီပေးရေးဌာနများကို ထပ်မံပိတ်လိုက်သည်။

ယနေ့ ဇွန်လ ၇ရက် နံနက်ပိုင်း ဂါဇာတောင်ပိုင်းရှိ ရာဖာအနီးရှိ အယ် အက်ဟာဝ့ါ (al-Akhawah) တွင် ထောက်ပံ့ရေး စခန်းတစ်ခုအနီးရှိ စောင့်ဆိုင်းနေသော ပါလက်စတိုင်း ရှစ်ဦးထက် မနည်း အစ္စရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သည်။ ကမ်းမြှောင်တစ်လျှောက် တိုက်ခိုက်မှုများတွင် အနည်းဆုံး လူ ၃၄ ဦး သေဆုံး ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသတွင် ဖမ်းဆီး ခံထားရသော ထိုင်းအမျိုးသား နတ်သာပေါင် ပင်တာ(Natthapong Pinta) ၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

ဂါဇာတွင် အစ္စရေး၏စစ်ပွဲကြောင့် ပါလက်စတိုင်း ၅၄,၆၇၇ ဦးထက်မနည်းသေဆုံးပြီး ၁၂၅,၅၃၀ ဒဏ်ရာရခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်ဦးဆောင်သော တိုက်ခိုက်မှုအတွင်း အစ္စရေးတွင် ခန့်မှန်းခြေ လူပေါင်း ၁,၁၃၉ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော်ကို ဖမ်းဆီးထားခဲ့သည်။

အယ်ဂျာဇီယာသတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို တိုက်ခိုက်ရာမှာ အမေရိကန်လုပ် တိုက်လေယာဉ်တွေ အသုံးပြုထားတဲ့ဓာတ်ပုံကို အစ္စရေးစစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 2 Views
ဇွန်လ (၁၃) ရက်။ ၁၃ ရက်နေ့တွင် အစ္စရေးစစ်တပ်မှ ထုတ်ပြန်သော ဓာတ်ပုံများ၌ အမေရိကန်လုပ် F-35၊ F-15 နှင့်
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန်စစ်တပ် ဦးစီးချုပ် ဘာဂရီလည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ ကြေညာ

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 1 Views
ဇွန်လ (၁၃) ရက်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အီရန်စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ် မိုဟာမက်ဘာဂရီ (Mohammad Bagheri) သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်
နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယအကြိမ်မြောက် ကြိုးစား၍ စစ်ရေယာဉ်အားရေချမှု အောင်မြင်ကြောင်း မြောက်ကိုရီးယား က ထုတ်ပြန်ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 12 Views
ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ် ပထမအကြိမ် ရေချရန် ကြိုးပမ်းစဉ်အတွင်း ဘေးစောင်းလဲကျသွားပြီးနောက် တစ်လမပြည့်မီတွင် တန် ၅၀၀၀ အလေးချိန်ရှိ ၎င်း၏ ရေတပ် ဖျက်သင်္ဘောသစ်ကို အောင်မြင်စွာ ပြန်လည်ရေချနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

ဒုတိယအကြိမ်မြောက် ကြိုးစား၍ စစ်ရေယာဉ်အားရေချမှု အောင်မြင်ကြောင်း မြောက်ကိုရီးယား က ထုတ်ပြန်ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ် ပထမအကြိမ် ရေချရန် ကြိုးပမ်းစဉ်အတွင်း ဘေးစောင်းလဲကျသွားပြီးနောက် တစ်လမပြည့်မီတွင် တန် ၅၀၀၀ အလေးချိန်ရှိ ၎င်း၏ ရေတပ် ဖျက်သင်္ဘောသစ်ကို အောင်မြင်စွာ ပြန်လည်ရေချနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အီရန် နျူကလီးယား အဆောက်အအုံ အပါအဝင် နေရာများစွာကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 7 Views
ဇွန်လ (၁၃) ရက်။ ဇွန်လ ၁၃ ရက်နေ့ အစောပိုင်းတွင် အီရန်နျူကလီးယားဆိုင်ရာ အဆောက်အအုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အပါအဝင် နေရာအများအပြားကို အစ္စရေးစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ မြို့တော် တီဟီရန်တွင် ပေါက်ကွဲမှုများစွာ
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

အိန္ဒိယ လေယာဉ်ပျက်ကျသည့်နေရာအနီးတွင် အလောင်း ၂၀၀ ကျော် တွေ့ရှိ မြေပြင်ရှိ ဆေးကျောင်းအဆောင်ပေါ် ပျက်ကျရာ ကျောင်းသား ငါးဦး သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 15 Views
ဇွန်လ (၁၂) ရက်။ အိန္ဒိယလေကြောင်းလိုင်း အဲယားအိန္ဒိ ခရီးသည်တင်လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အနောက်အလယ်ပိုင်း၊ ဂူဂျာရတ်မြို့ အာမက်ဒါဘတ်လေဆိပ်မှ ပျံတက်ပြီး ၁ မိနစ်အကြာမှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

အိန္ဒိယမှာ လန်ဒန်သွားမည့် ခရီးသည်တင်လေယာဉ် လူနေရပ်ကွက်ထဲ ပျက်ကြ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 11 Views
ဇွန်လ ၁၂ ရက်။ ခရီးသည် ၂၄၂ ဦးလိုက်ပါလာတဲ့ အဲယားအိန္ဒိယလေယာဉ်တစ်စင်းဟာ အိန္ဒိယအနောက်ပိုင်းက ဂူဂျာရပ်ပြည်နယ်၊ အာမက်ဒဘတ် (Ahmedabad) မြို့ရှိ နိုင်ငံတကာလေဆိပ်အနီးက လူနေရပ်ကွက်ထဲမှာ ဒီနေ့ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး ခဏအကြာ
နိုင်ငံတကာသတင်း ရုရှား အရှေ့အလယ်ပိုင်း အီရန်

ရုရှားကအီရန်မှာနျူကလီးယား ဓာတ်အားပေး စက်ရုံ လေးခုတည်ဆောက်ပေးမည်။

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 14 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ရက် ဘုရှ်ရှီဟာ Bushehr ဒေသတွင် နျူကလီးယား ဓာတ်အားပေး စက်ရုံ လေးခုအပါအဝင် အီရန်တွင် နျူကလီးယား ဓာတ်အားပေး စက်ရုံ ၈ ရုံ တည်ဆောက်ရန် ရုရှားက သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း