နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးက ဒုတိယမြောက် မိုးမျှော်အဆောက်အအုံကို ဖျက်ဆီးခဲ့ပြီးနောက် ဂါဇာမြို့အပေါ် ထိုးစစ်ဆင်မှု ပိုမိုပြင်းထန်လာခဲ့

ဂါဇာမြို့ရှိ ဆူဆီ မျှော်စင် (Sussi Tower) သည် ရက်များစွာအတွင်း ဖျက်ဆီးခံရသည့် ဒုတိယ မြောက် မိုးမျှော်အဆောက်အအုံဖြစ်သည်။

အစ္စရေးစစ်တပ်သည် ဂါဇာမြို့ရှိ မိုးမျှော်တိုက်တစ်လုံးကို ဖျက်ဆီးခဲ့ပြီး နှစ်ရက်အတွင်း ၎င်း၏ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း ဒုတိယမြောက် ကြီးမားသော မျှော်စင်တစ်ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်သည် အဆောက်အအုံ ပြိုကျနေသည့် ဗီဒီယိုကို X တွင်တင်ပြီး “ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟူသော စာသားနှင့်အတူ တင်ခဲ့သည်။

ဂါဇာတွင် စစ်ဆင်ရေးများ တိုးချဲ့ဆောင်ရွက်နေသည့် အစ္စရေး ကာကွယ်ရေးတပ် (IDF) က Sussi Tower ကို ဟားမတ်စ်တို့က အသုံးပြုနေသည်ဟု ဆိုသော်လည်း အဆိုပါစွပ်စွဲချက်ကို စစ်သွေးကြွအဖွဲ့က ငြင်းဆိုခဲ့သည်။

ထိခိုက်ဒဏ်ရာရသူ ရှိ၊ မရှိ ချက်ချင်း မသိရသေးပေ။ စနေနေ့ တိုက်ခိုက်မှုမတိုင်မီ အစ္စရေးက ပါလက်စတိုင်းလူမျိုးများအား တောင်ပိုင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဇုန်ဟု ခေါ်သည့်နေရာသို့ ရွှေ့ပြောင်းရန် ထပ်ခါတလဲလဲ တိုက်တွန်းထားသည့် လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့သည်။

လူမှုမီဒီယာတွင် IDF ၏ အာရဗီဘာသာစကားပြောရေးဆိုခွင့်ရှိသူ အာဗီချေအက်ရေး (Avichay Adraee) က အယ် မာဝါဆီ (al-Mawasi) သို့ သွားကြရန်တိုက်တွန်းခဲ့သည် ထိုနေရာသည် ခန်းယူနစ် (Khan Younis) နှင့် ကမ်းရိုးတန်းကြား ဧရိယာတခုဖြစ်သည်။ “လူထောင်ပေါင်းများစွာနှင့်အတူထိုနေရာသို့ လိုက်ပါသွားကြရန်” နေထိုင်သူများကို တိုက်တွန်းခဲ့သည်။

IDF သည် အရပ်သားများကို ထိုနေရာသို့ ပြောင်းရွှေ့ရန် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ပြီး ဆေးကုသမှု၊ ရေနှင့် အစားအစာများကို ပေးမည်ဟု ဆိုသည်။

သို့သော်လည်း ကုလသမဂ္ဂက အယ် မာဝါဆီ (al-Mawasi) ရှိ တဲစခန်းများသည် လူအများ အပြားဖြင့် ပြည့်ကျပ်နေပြီး လုံခြုံမှုမရှိကြောင်း၊ တောင်ပိုင်းဆေးရုံများတွင်လည်း လူနာများဖြင့် ပြည့်နှက်နေကြောင်း ပြောကြားခဲ့သည်။

အင်္ဂါနေ့တွင် အယ် မာဝါဆီ (al-Mawasi) ၌ ရေရရှိရေးအတွက် တန်းစီနေစဉ် ကလေးငါးဦး သေဆုံးခဲ့ရသည်။ မျက်မြင်သက်သေများက အစ္စရေးဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး IDF ကမူ အဆိုပါဖြစ်ရပ်ကို “ပြန်လည်သုံးသပ်နေသည်” ဟု ဆိုသည်။

ဆူဆီမျှော်စင် (Sussi Tower) သည် နှစ်ရက်အတွင်း ဖျက်ဆီးခံရသည့် ဒုတိယမြောက် မိုးမျှော်အဆောက်အအုံ ဖြစ်သည်။ သောကြာနေ့တွင် လူမှုမီဒီယာတွင် ဖော်ပြထားသော ဗီဒီယိုများအရ မြို့တော်၏ အယ်ရီမဲလ် (al-Rimal) ရပ်ကွက်ရှိ မွတ်စတာဟာမျှော်စင် (Mushtaha Tower) အဆောက်အအုံသည် ၎င်း၏အောက်ခြေ၌ ကြီးမားသော ပေါက်ကွဲမှု တစ်ခုကြောင့် ပြိုကျသွားသည်ကို ပြသခဲ့သည်။

IDF က အရပ်သားများကို ထိခိုက်မှုလျှော့ချရန်အတွက် “ပြည်သူလူထုအား ကြိုတင် သတိပေးခြင်း” နှင့် “တိကျသော ခဲယမ်းမီးကျောက်များ” အသုံးပြုခြင်းအပါအဝင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ပါလက်စတိုင်းလူမျိုးများက နေရပ်စွန့်ခွာခဲ့ရသည့် မိသားစုများသည် Mushtaha Tower တွင် ခိုလှုံနေကြသည်ဟု ပြောဆိုခဲ့ပြီး ဂါဇာမြို့ အရပ်ဘက် ကာကွယ်ရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Mahmud Bassal က အစ္စရေးအား “အတင်းအကျပ် ရွှေ့ပြောင်းစေသည့်မူဝါဒ” ကို အကောင်အထည်ဖော်နေသည်ဟု စွပ်စွဲခဲ့သည်။

ဂြိုဟ်တုပုံရိပ်များအရ မြို့တော်၏ အချို့သော ရပ်ကွက်များသည် လွန်ခဲ့သည့်တစ်လအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများနှင့် ဖြိုဖျက်မှုများကြောင့် မြေပြင်နှင့် ညီညာသွားသည်ကို ပြသနေသည်။

ဂါဇာမြို့ရှိ လူနေနှင့် စီးပွားရေးဆိုင်ရာ မျှော်စင်များသည် မြို့တော်သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုကို ကိုယ်စားပြုခဲ့ပြီး အစ္စရေးလ် သိမ်းပိုက်မှုကို အဆုံးသတ်ကာ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်လိုသည့် မျှော်လင့်ချက်များနှင့် ဆက်နွှယ်နေခဲ့သည်။

အထပ်ငါးထပ်ထက်ပိုသော အထပ်မြင့်မျှော်စင်များ ပေါ်ပေါက်လာခြင်းသည် ၁၉၉၃ ခုနှစ် အော့စလိုသဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှ စတင်ခဲ့သည်။ ၎င်းသည် ပါလက်စတိုင်းလူမျိုး ထောင်ပေါင်းများစွာကို ပြည်ပရောက်နေရာမှ ဂါဇာနှင့် အနောက်ဘက် ကမ်းဒေသအချို့သို့ ပြန်လာခွင့်ပေးခဲ့သည်။

၁၉၉၄ ခုနှစ်တွင် အစ္စရေးက ဂါဇာအများစုမှ ဆုတ်ခွာပြီးနောက် ပြန်လာသူများကို လက်ခံရန်အတွက် ဒေါင်လိုက်မြင့်မားသော အဆောက်အအုံများ တည်ဆောက် ချဲ့ထွင်ခြင်းသည် မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ဆောက်လုပ်ရေးကဏ္ဍတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို အားပေးခဲ့ပြီး ရပ်ကွက်တစ်ခုလုံးကို မျှော်စင်များအမည်ဖြင့် မှည့်ခေါ်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုက ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလဲလှယ်ရေးသဘောတူညီမှုဆိုင်ရာ သွယ်ဝိုက်သော ဆွေးနွေးမှုများ ပြီးခဲ့သည့် ဇူလိုင်လတွင် ပျက်ပြားသွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို သိမ်းပိုက်ရန် အစ္စရေး၏ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ဂါဇာမြို့တွင် လူဦးရေ တစ်သန်းနီးပါး ကျန်ရှိနေသေးပြီး ၎င်းတို့သည် ပြီးခဲ့သည့်လက ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုက်နေသည်ဟု ကြေညာခဲ့သည်။ တိုက်ခိုက်မှု ဆက်လက်ဖြစ်ပေါ်ပါက “ကြီးမားသော ဘေးအန္တရာယ်” ဖြစ်ပေါ်လာမည်ဟု လည်း သတိပေးထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်ဦးဆောင်သော တိုက်ခိုက်မှုကြောင့် အစ္စရေးတောင်ပိုင်းတွင် လူပေါင်း ၁,၂၀၀ ခန့် သေဆုံးပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီး ခံခဲ့ရသည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်တပ်က ဂါဇာတွင် စစ်ဆင်ရေး စတင်ခဲ့သည်။

ထိုအချိန်မှစ၍ ဂါဇာရှိ ဟားမတ်စ်ထိန်းချုပ်ထားသော ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ အစ္စရေး၏ တိုက်ခိုက်မှုများတွင် အနည်းဆုံး လူ ၆၃,၇၄၆ ဦး သေဆုံးခဲ့သည်။

စစ်ပွဲအတွင်း အာဟာရချို့တဲ့မှုနှင့် အငတ်ဘေးကြောင့် လူ ၃၆၇ ဦး သေဆုံးခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂါဇာမြို့၏ Sussi Tower သည် နှစ်ရက်အတွင်း ဖျက်ဆီးခံရသည့် ဒုတိယမြောက် မိုးမျှော်အဆောက်အအုံ ဖြစ်သည်။ (ဓာတ်ပုံ)

ဂါဇာမြို့၏ အနောက်ဘက်တွင် တည်ရှိသော Mushtaha Tower ကို သောကြာနေ့တွင် ဖျက်ဆီးခဲ့သည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 4 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 29 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 41 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင် သိချင်မှ သိပါလိမ့်မည်။ သို့သော် သင့်အိမ်ထဲတွင် ယင်းသတ္တု အမြောက် အမြား ရှိနေပါသည်။
နိုင်ငံတကာသတင်း အီရန်

အီရန်အာဏာပိုင်များသည် နိုဘယ်လ်ဆုရှင် နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) အပေါ် ‘အသက်အန္တရာယ်စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ’ ပြုလုပ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီ ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟာမ္မဒီသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အီရန်အာဏာပိုင်များ၏ ရိုက်နှက်ခြင်းနှင့် “အသက်အန္တရာယ် စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ” ကို ခံခဲ့ရကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက