နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကျဉ်းထောင်တွေမှာ နိုင်/ကျဉ်းမိသားစုဝင်တွေဆီကနေ ထောင်ဝန်ထမ်းတွေက ငွေလိမ်တောင်းတာတွေ ဆိုးရွာစွာကျူးလွန်နေ

ဖေဖော်ဝါရီလ (၈)ရက်။

အခုနှစ် အစပိုင်းကစပြီး အကျဉ်းထောင်တွေက ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ ငွေလိမ်တောင်းတာတွေ ဆိုးရွားစွာကျူးလွန်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အိုးဘိုထောင်၊ ဒိုက်ဦးထောင်နဲ့ မြိတ်ထောင်တို့က ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဖုန်းနဲ့ဆက်သွယ်ပြီး ဒီကနေ့အထိ ငွေကြေးလိမ်တောင်းနေတာတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒိုက်ဦးထောင်မှာ အိပ်ဆောင်(၄)ရဲ့ အဆောင်မှူး မျိုးသီဟအောင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဆေးရုံတက်နေရပြီး ငွေအရေးပေါ်လိုအပ်နေတယ်လို့ဆိုကာ မိသားစုဝင်တွေကို ဆက်သွယ်ပြီး ငွေလိမ်တောင်းခံနေတာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး မိသားစုဝင်တွေကိုလဲ ဆေးရုံတက်နေရတဲ့ကိစ္စ ဧည့်တွေ့ချိန်မှာ မမေးဖို့နဲ့ မေးမြန်းပြောဆိုခဲ့ပါက အမှုထပ်ကပ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေကို အခြားသူမသိအောင် လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။

အဆောင်မှူး မျိုးသီဟအောင်အပါအဝင် ထောင်ဝန်ထမ်းတွေဟာ မိသားစုဝင်တွေဆီကနေ အနည်းဆုံး (၁)သိန်းကနေ သိန်း(၁၀၀)အထိ ငွေကြေးတောင်းခံတဲ့ အခြားကိစ္စရပ်တွေ ရှိတာကို သက်သေစုဆောင်းထားတယ်လို့ PPNM က ပြောဆိုထားပါတယ်။

ဒါ့အပြင် အိုးဘိုထောင်မှာလဲ ဝမ်းပျက်ဝမ်းလျောဖြစ်တာအပါအဝင် ကျန်းမာရေးနဲ့ ထောင်မပြောင်းရဖို့ကို အကြောင်းပြပြီး ငွေလိမ်တောင်းတာတွေရှိသလို မြိတ်ထောင်မှာလဲ မိသားစုတွေဆီ ပိုက်ဆံတောင်းခိုင်းတာတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ညောင်ဦးထောင်နဲ့ ပခုက္ကူထောင်တို့မှာလဲ ငွေလိမ်တောင်းတဲ့ဖြစ်စဉ်တွေ ရှိနေကာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေအနေနဲ့ အထူးသတိထားဖို့နဲ့ သေချာစိစစ်မေးမြန်းပြီးမှ ငွေလွှဲဖို့ အသိပေးထားပါတယ်။

ငွေကြေးလိမ်လည်တောင်းခံတဲ့ ထောင်ဝန်ထမ်းတွေအနေနဲ့လဲ လုပ်ရပ်တွေကို ရပ်တန့်ဖို့အပြင် ပိုမိုအခြေအနေဆိုးရွားလာပါက လူမှုရေးပြစ်ဒဏ်တွေပါ ပေးနိုင်ဖို့အတွက် ကျူးလွန်သူတွေကို ဓါတ်ပုံနဲ့တကွ ထုတ်ပြန်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 22 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 18 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ