နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်သည် DEI ကို တိုက်ဖျက်ရာတွင် ကူညီပေးနေပြီး သူ၏ SpaceX သည် အသားအရောင်ရှိသော အမျိုးသမီးတဦးကို ပထမဦးဆုံး လပေါ်သို့ စေလွှတ်ရန် ကြီးမားသော သဘောတူ စာချုပ်တစ်ခု ရှိသည်။

Elon Musk ၏ DOGE (အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာနအသစ်) သည် အစိုးရ အစီအစဉ်များကို ဖြတ်တောက်ရန် လုပ်ဆောင်နေသည်။

(ရှင်းလင်းချက်- DEI အဓိပ္ပါယ်- diversity (မတူကွဲပြားမှု)၊ equity (သာတူညီမျှမှု)၊ inclusion (ပေါင်းစည်းမှု) အဓိကလိင်ပြောင်းသူများနှင့် လိင်တူချစ်သူများကို ပစ်မှတ်ထားသည့် အစီအစဥ် ဖြစ်သည်)

အီလွန်မတ်၏ အစိုးရစွမ်းဆောင်ရည်ထိရောက်ရေး ဌာနအသစ်သည် အမှိုက်များကို ဖယ်ရှားပြီး မတူကွဲပြားမှုအစီအစဉ်များကို ဖြတ်တောက်ခြင်းဖြင့် အစိုးရအသုံးစရိတ်များကို လျှော့ချရန် လုပ်ဆောင်နေသောကြောင့် ၎င်း၏ SpaceX ကော်ပိုရေးရှင်းသည် လက်ရှိတွင် NASA ၏ ပထမဆုံး အသားအရောင်ရှိသူ အမျိုးသမီး (လူဖြူမဟုတ်သူ) ဆင်းသက်နိုင်ရန် ဒေါ်လာဘီလီယံပေါင်းများစွာရှိသော လုပ်ဆောင်ခွင့် ကန်ထရိုက်ကို ရရှိထားသည်။

၂၀၂၁ ခုနှစ်တွင် NASA သည် ၎င်း၏ Artemis အစီအစဉ်အရ လပေါ်တွင် ရေရှည် လူသားတို့ လေ့လာစူးစမ်းရေး အစီအစဥ်အတွက် အာကာသယာဉ်တည်ဆောက်ရန်အတွက် SpaceX အား ဒေါ်လာ ၂.၉ ဘီလီယံ ကန်ထရိုက်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။

Artemis ပရိုဂရမ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် လကိုစူးစမ်းလေ့လာရန် အာကာသယာဉ်မှူးများကို NASA က စေလွှတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း NASA မှ ၂၀၂၁ ခုနှစ် သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ အဲဒီ အာကာသယာဉ်မှူးတွေထဲက အနည်းဆုံးတစ်ယောက်ဟာ လပေါ်ရောက် ပထမဆုံး အမျိုးသမီးအဖြစ် သမိုင်းဝင် ဖြစ်ပါလိမ့်မယ်။ Artemis ပရိုဂရမ်ရဲ့ နောက်ထပ် ရည်မှန်းချက် တစ်ခုကတော့ လရဲ့ မျက်နှာပြင်ပေါ် ပထမဆုံး ဆင်းသက်တဲ့ အသားအရောင်ရှိတဲ့လူကို ဆင်းသက်စေဖို့ ပါ၀င်ပါတယ်။”

၂၀၂၃ ခုနှစ်တွင် NASA မှ Artemis လရှာဖွေရေးမစ်ရှင်အတွက် အာကာသယဥ်မှူးများအဖြစ် ရေတပ်ဗိုလ်ကြီး ဗစ်တာ ဂလိုဗာ (Victor Glover) နှင့် တစ်နှစ်တာအကောင်းဆုံး အင်ဂျင်နီယာ ဂုဏ်ပြုဆုရရှိသူ မြောက်ကယ်ရိုလိုင်းနားဇာတိ ခရစ်တီတနာ ကော့ခ်ျ (Christina Koch) ၊ အမျိုးသမီးတစ်ဦး၏ အရှည်ကြာဆုံး အာကာသပျံသန်းမှုအတွက် စံချိန်တင်ထားသူ နှင့် အာကာသရုံး အကြီးအကဲဟောင်း ရိဒ် ဝိုက်စ်မန် (Reid Wiseman) နှင့် ကနေဒါ အာကာသ ယာဉ်မှူးနှင့် တိုက်လေယဥ်မှူး ဂျယ်ရမီ ဟင်ဆန် (Jeremy Hansen )တို့ ပါဝင် ကြောင်း ကြေညာခဲ့သည်။

“ ဒီအဖွဲ့မှာ အမျိုးသမီးတစ်ဦးနဲ့ လူမည်းအာကာသယာဉ်မှူးတစ်ယောက်ပါဝင်ရမယ် ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ရုံးဟာ ဘယ်လိုရုံးမျိုးလဲဆိုတာသိစေဖို့ပေါ့ ဒါဟာ ကျွန်တော့်အတွက် အရေးကြီးပါတယ်” ဟု ဂလိုဗာက ABC သတင်း၏ လင်ဆေးဒေးဗစ် (Linsey Davis) ကို ဖေဖော်ဝါရီ လ ၂၀၂၄ ခုနှစ်မှာ ပြောကြားခဲ့ပါသည်။

DOGE ၏ အကြီးအကဲအဖြစ် မတ်စ်သည် သမ္မတ ‌ဒေါ်နယ်ထရန့်၏ အစိုးရအရွယ်အစားကို လျှော့ချရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖက်ဒရယ်အေဂျင်စီများနှင့် ပရိုဂရမ်များကို ဓားဖြင့် လှီးဖြတ်နေသကဲ့သို့ ချုံ့နေသည်။ သူသည် ဒေါ်လာတစ်ဘီလီယံ တန်ဖိုးရှိ ဖက်ဒရယ် DEI ပရိုဂရမ်များကို ဖြတ်တောက်ခဲ့ကြောင်း၊ DOGE သည် ပိုစတာများနှင့် ဆိုင်းဘုတ်များအပါအဝင် DEI နှင့်ပတ်သက်သည့်ဆိုင်းဘုတ်ကြီးများမှ အေဂျင်စီများအား DEI နှင့်ပတ်သက်သည့် မည်သည့်အရာကိုမဆို ဖယ်ရှားရန် ညွှန်ကြားထားပြီး၊ ဖက်ဒရယ်အစိုးရမှ DEI အစပြုမှုများကို ဖယ်ရှားရန် ထရန့် ၏ သမတ အမိန့်ကို လိုက်နာကြောင်း သေချာစေရန် ရေချိုးခန်းဆိုင်းဘုတ်များမှအစ DEI အစအနများကင်းရှင်းစေရန် စစ်ဆေးခဲ့သည်။

NASA ကိုယ်စားလှယ်များနှင့် SpaceX မှ ကိုယ်စားလှယ်များသည် ABC News မှ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပေ။

SpaceX နှင့် ပူးပေါင်းဆောင်ရွက်ကြောင်း၂၀၂၁ ခုနှစ် ကြေညာချက်မှ စတင်၍ NASA သည် လဆင်းသက်ခြင်းမစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မတ်စ်၏ အာကာသကုမ္ပဏီအတွက် နောက်ထပ်စာချုပ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ဖက်ဒရယ်အသုံးစရိတ်ဒေတာအရ ယခုအချိန်အထိ၊ SpaceX သည် ဒေါ်လာ ၂.၈ ဘီလီယံ ပေးဆောင်မှုများ ရရှိထားပြီး စုစုပေါင်း ချီးမြှင့်မှုသည် ဒေါ်လာ ၄.၄ ဘီလီယံအထိ ရှိလာနိုင်သည်။

SpaceX သည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ဖက်ဒရယ်ကန်ထရိုက်များတွင် ကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရရှိခဲ့ပြီး NASA သည် ယင်းတို့အနက်မှ ဒေါ်လာ ၁၃ ဘီလီယံ အထိရရှိ ကြောင်း ဖက်ဒရယ်အသုံးစရိတ်အချက်အလက်များက ဖော်ပြသည်။

“ SpaceX က NASA ကို ကျဆုံးစေမှာမဟုတ်ဘူး!ဟု “ မတ်စ်က ၂၀၂၂ ခုနှစ်တွင် NASA စီမံခန့်ခွဲသူ ဘေးလ်နယ်ဆန် (Bill Nelson) မှ ကုမ္ပဏီအတွက်နောက်ထပ် ဒေါ်လာ ၁.၁၅ ဘီလီယံ စာချုပ်ကိုကြေညာခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် တွစ်တာတွင် ရေးသားခဲ့သည်။

ပါဝင်ပေါင်းစည်းမှုအစီအစဥ်ရှေ့ပြေးလေ့လာချက် (“ Inclusion Plan Pilot Study” ) အပါအဝင် ပါဝင်ပေါင်းစည်းမှုအစီအစဥ်များ(“ Inclusion Plans” )အတွက် လိုအပ်ချက်များကို ဖယ်ရှားခြင်းနှင့် “ NASA ၏ DEIA ပရိုဂရမ်များကို ရည်ညွှန်းချက်များကို ဖယ်ရှားခြင်း” အပါအဝင် အချို့သော ပရိုဂရမ်အစိတ်အပိုင်းများကို ပြင်ဆင်ခြင်းဖြင့် DEI ပရိုဂရမ်များကို အဆုံးသတ်ရန် ရည်ရွယ်သည့် ထရန့်၏ သမတအမိန့်ကို လိုက်နာရန် ပြီးခဲ့သည့်လတွင် NASA မှ ပြောကြားခဲ့ပါသည်။ ထရန့် ၏ DEI အမိန့်ကို နာဆာ၏ လိုက်နာမှုသည် ၎င်း၏ကန်ထရိုက်တာတစ်ဦးစီထံ တိုးချဲ့မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Artemis ပရိုဂရမ်ကို ၎င်း၏ပထမဆုံးအုပ်ချုပ်မှုကာလအတွင်း ထရန့်၏ညွှန်ကြားချက်အရ ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် Apollo 17 မစ်ရှင်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူသားများအား လပေါ်သို့ ပို့ဆောင်ရန် ရည်ရွယ်ချက်ဖြစ်ပြီး အင်္ဂါဂြိုဟ်သို့သွားရန် ချဲ့ထွင်ထားသည့် ရေရှည်ရည်မှန်းချက်တစ်ခုဖြစ်သည်။

သတင်းရင်းမြစ်။ ABC News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို