နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ရဲ့ အထက်မှာ ဘယ်သူရှိလဲ။

++++++++++++++++

လက်ယာစွန်း တက်ကြွလှုပ်ရှားသူနှင့် ထရမ့်တို့ တွေ့ဆုံပြီးနောက် အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်းအရာရှိကို ထရမ့် အလုပ်မှထုတ်ပယ်

+++++++++++++++++++++++++++++

အိမ်ဖြူတော်သည် ဧပြီလ (၂) ရက်နေ့တွင် အစိုးရထိပ်တန်းအရာရှိအ များအပြားကို အလုပ်ထုတ်ခဲ့သည်။ ၎င်းတွင် အနည်းဆုံး အမျိုးသားလုံခြုံရေးကောင်စီမှ အကြီးတန်းအရာရှိ သုံးဦးပါဝင်သည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး နီးစပ်သည့် သတင်းရင်းမြစ်သုံးခုက CNN ကို ပြောကြားခဲ့သည်။

လက်ယာစွန်း တက်ကြွလှုပ်ရှားသူ လော်ရာလူမာ (Laura Loomer) သည် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ဝန်ထမ်းများကို သစ္စာစောင့်သိမှုကင်းမဲ့သောကြောင့် NSC ဝန်ထမ်းအများအပြားကို ရာထူးမှ ထုတ်ပယ်ရန် ဧပြီလ (၂) ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် သမ္မတထရမ့်ကို တောင်းဆိုခဲ့ပြီးနောက် ဤအလုပ်ထုတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အလုပ်ထုတ်ခံရသူထဲတွင် NSC အတွက် တာဝန်ပေးထားသည့် ထရမ့်၏လက်ထောက် အဲလက်စ်ဝမ် (Alex Wong) လည်း ပါဝင်သည်။ လူမာသည် အမေရိကန်တွင် ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုများသည် အတွင်းပိုင်းမှ ပါဝင်သည့် တိုက်ခိုက်မှုဖြစ်သည်ဟု ယခင်က ပြောဆိုခဲ့သူဖြစ်သည်။

လူမာသည် လူ ၁၀ ဦး၏ အမည်များကို စာရင်းပြုစုထားပြီး သူမနှင့် တွေ့ဆုံခြင်းသည် အလုပ်မှ ထုတ်ပယ်ရခြင်း၏ တိုက်ရိုက်အကြောင်းရင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုမှ ပြောကြားခဲ့သည်။ လူမာ သည် ပြီးခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ထရမ့်ကို လွှမ်းမိုးခဲ့သူဖြစ်သည်ဟု နီးစပ်သူများက ဆိုကြသည်။။

“ကျွန်တော်တို့ မနှစ်သက်တဲ့သူတွေ၊ ရာထူးတာဝန် မထမ်းဆောင်နိုင်သူတွေ ဒါမှမဟုတ် သစ္စာမခံသူတွေကို အလုပ်ကနေထုတ်ပစ်ဖို့ ရည်ရွယ်ထားတယ်” ဟု ထရမ့်က Air Force One လေယာဉ်ပေါ်မှာ ဧပြီလ (၃) ရက်နေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။ (၂) ရက်နေ့က အလုပ်မှထုတ်ပစ်ခဲ့မှုအပေါ် လူမာ ပါဝင်ပတ်သက်မှု ရှိမရှိ မေးမြန်းခဲ့ရာ “သူမဟာ မျိုးချစ်စိတ်အလွန်ပြင်းထန်တဲ့သူ” ဟု ချီးကျူးခဲ့သည်။

ဝမ်သည် (၂) ရက်နေ့က အလုပ်ထုတ်ခံရသူများထဲတွင် မပါဝင်သော်လည်း ၃ ရက်နေ့တွင် အိမ်ဖြူတော်က အရာရှိတစ်ဦးက ၎င်းအား ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟုဆိုသည်။

ဝမ်ကို လူမာက အထူးပစ်မှတ်ထားသူဖြစ်ကြောင်း သိရသည်။ လူမာသည် ထရမ့် အပေါ် ဝမ်၏ သစ္စာစောင့်သိမှုကို လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သည်။

အလုပ်ထုတ်ခံရတဲ့ အရာရှိ သုံးဦးစလုံးသည် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အိမ်ဖြူတော်ဝန်ထမ်းရုံး၏ စစ်ဆေးမှု လုပ်ငန်းစဉ်ကို ဖြတ်သန်းခဲ့ပြီး ထရမ့်၏ မူဝါဒများအပေါ် ၎င်းတို့၏ သစ္စာစောင့်သိမှုဆိုင်ရာ မေးခွန်းများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက